Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက်၊ ရက္ခိုင်နှင့် ကချင်ဒေသ အောင်ပွဲရလဒ်များ နိုင်ငံသစ်တည်ဆောက်ရေးအထိ သယ်ဆောင်ရန်လိုအပ်ကြောင်း ယာယီသမ္မတပြော

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် ပြောင်းလဲတိုးတက်မှု အခြေအနေကို ပြောပြရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းမြောက်၊ ရက္ခိုင်နှင့် ကချင်ဒေသ အောင်ပွဲရလဒ်များ နိုင်ငံသစ်တည်ဆောက်ရေးအထိ သယ်ဆောင်ရန်လိုအပ်ကြောင်း ယာယီသမ္မတပြော
ရှမ်းမြောက်၊ ရက္ခိုင်နှင့် ကချင်ဒေသ အောင်ပွဲရလဒ်များ နိုင်ငံသစ်တည်ဆောက်ရေးအထိ သယ်ဆောင်ရန်လိုအပ်ကြောင်း ယာယီသမ္မတပြော

▪️ပဋိပက္ခအသစ်များ မဖန်တီးရန် ယာယီသမ္မတ ထပ်မံ သတိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရက္ခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း လက်တလောရရှိထားသည့် အောင်ပွဲရလဒ်များအားလုံး အညီညွတ်ပြုပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေးအထိ သယ်ဆောင်သွားနိုင်ရန်အထူးလိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် ပြောင်းလဲတိုးတက်မှု အခြေအနေကို ပြောပြရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

” အချိန်တိုအတွင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းက ခုခံတော်လှန်စစ်အောင်မြင်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသလို၊ အခုလည်း ရက္ခိုင်ပြည်နယ်မှာ တိုင်းရင်းသားလွတ်မြောက်ရေးကို လက်တွေ့ကျကျ မြင်တွေ့လာရပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ်အတွင်းမှာ ကချင်ပြည်နယ် ဧရိယာအတွင်းက ခုခံတော်လှန်စစ်တွေကလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်ပွဲခံလာနိုင်တာကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။ ဒါတွေဟာ လူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်သလို၊ အနှစ်နှစ်အလလက သိုမှီးထားတဲ့ တိုင်းရင်းသား တော်လှန်ရေးသက်လုံတွေရဲ့ ကျေးဇူးပြုမှုတွေလည်းဖြစ်ပါတယ်။ ဒီလိုအောင်ပွဲရလဒ်တွေကို ကျွန်တော်တို့အားလုံး အညီညွှတ်ပြုပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအထိ သယ်ဆောင်သွားနိုင်ဖို့ အထူးလိုအပ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ခုခံတော်လှန်စစ်အခြေအနေများကို ကြည့်ပါက တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ထင်ထင်ရှားရှားတွေ့ရမည်ဖြစ်ပြီး ရက္ခိုင်ပြည်နယ်၌ စစ်အာဏာရှင်စနစ် ချေမှုန်းရေးနှင့် ရက္ခိုင်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဆင်နွှဲမှုတွင်လည်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ အခန်းကဏ္ဍ အရေးကြီးဟု ပြောသည်။

Public Service Announcement

Public Service Announcement

” ထိုင်းနိုင်ငံမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တွန်းတွန်းတိုက်တိုက် ဆွေးနွေး အဖြေရှာတာတွေကို သကျွန်တော်တို့ တွေ့မြင်ရပါတယ်။ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းဖို့ ကြိုးစားနေတာကြောင့်၊ နယ်စပ်ဖြတ်ကျော် ပြည်ပထွက်ခွာမှုတွေကလည်း အလုံးအရင်းနဲ့ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအတိတ်သမိုင်းကို ကြည့်ရင်၊ ပြည်တွင်းရေးဖြစ်ရပ်တွေဟာ ကမ္ဘာ့ အခြေအနေတွေနဲ့ ဆက်စပ်ဖြစ်ထွန်းတာကို တွေ့ရလေ့ရှိပါတယ်။ အခုလို ၂၁ ရာစုမှာ နိုင်ငံတကာရေစီးနဲ့ ပြည်တွင်းရေးဖြစ်ရပ်တွေက ပိုပြီး ရောယှက်လာတာကို တွေ့မြင်ရပါတယ်။ ပြည်တွင်းရေးကိစ္စတွေရဲ့ ပြောင်းလဲဖြစ်ပေါ်မှုတွေဟာ ကျွန်တော်တို့ရဲ့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ အထွေထွေ ရှုမြင်ချက်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာ မမေ့ဖို့လိုပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ဒေသတွင်း နိုင်ငံများ၏ မူဝါဒ သဘောထားများနှင့် အံဝင်ခွင်ကျ ချိတ်ဆက်ပြီး လက်တွေ့ကျစွာ ကြည့်မြင်ရန်လည်း ယာယီသမ္မတက ပြောသည်။

“ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးအလွန်ကာလမှာ အသွင်ကူးပြောင်းရေးအခြေအနေ တစ်ရပ်ကို မဖြစ်မနေ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ အဲသည့်လို ဖြတ်သန်းကြတဲ့အခါမှာ ကျွန်တော်တို့ဟာ ဉာဉ်ဆိုး၊ စရိုက်ဆိုးတွေကို ပြန်လည် အသက်သွင်းတဲ့ လုပ်ရပ်တွေကို လုံးဝ လုပ်လို့ မရဘူးလို့ ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

နိုင်ငံ၌ ဖြစ်နေသည့် စစ်ရေး၊နိုင်ငံရေးကိစ္စများ သည် ယခင် အခြေအနေဟောင်းနှင့် မတူသည့် အသစ် အသစ်သော ဖြစ်ထွန်းမှုဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။

” ကျွန်တော်တို့ဟာ အဟောင်းကိုပြန်သွားဖို့ အစီအစဉ်မရှိပါဘူး။ ပြည်သူလူထုတစ်ရပ်လုံး ကလည်း အခြေအနေသစ်၊ အခင်းအကျင်းသစ်၊ စနစ်သစ်ကိုလည်း မျှော်လင့်တောင့်တ နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ရဲ့ အသီးအပွင့်ကို ပြည်သူလူထု အနေနဲ့ လက်တွေ့ ကာယကံမြောက် သုံးဆောင်ခံစားနိုင်အောင် ဝိုင်းဝန်းအားထုတ်ကြရမှာ ဖြစ်ပါတယ်/ ပဋိပက္ခသစ်ကို မဖန်တီးဖို့နဲ့ သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်ရေး အတွက် ခွန်ပြည့်အားပြည့် ကြိုးစားကြရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ စစ်အာဏာရှင်စနစ်ဆိုး ပြန်လည်ခေါင်းမထောင်နိုင်အောင် ဖိဖိစီးစီးလုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက သတိပေးသည်။

ယင်းကိစ္စကို လုံးဝမေ့လျော့လို့ မရသကဲ့သို့ ပေါ့လျော့စွာလုပ်၍ မဖြစ်ကြောင်း နှလုံးသွင်းကြရန်လည်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။