Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေသခံများ ကန့်ကွက်သော မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းများ ရပ်ဆိုင်းမည်ဟု KIO ဥက္ကဋ္ဌကတိပေး

မံစီမြို့နယ်အတွင်းရှိ အင်ဘာပါကျေးရွာ၊ ဒိန်ဆင်းပါကျေးရွာ၊ဒိန်ဆိန်းဘွမ်ကျေးရွာ ၊ခပရာကျေးရွာ၌ တူးဖော်မည့် လုပ်ငန်းများအား ရပ်ဆိုင်းပေးရန် ဒေသခံများ ၊ ကချင်ပြည်နယ် လူထုအခြေပြု အဖွဲ့အစည်းများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

(မံစီမြို့နယ်အတွင်းရှိပြည်သူများက KIOဥက္ကဌနှင့်​ တွေ့ဆုံ၍မြေရှားစီမံကိန်းများရပ်ဆိုင်ရန်​​တောင်းဆိုရန်သွား​ရောက်​နေကြစဥ်။ဓါတ်ပုံ-CJ)
(မံစီမြို့နယ်အတွင်းရှိပြည်သူများက KIOဥက္ကဌနှင့်​ တွေ့ဆုံ၍မြေရှားစီမံကိန်းများရပ်ဆိုင်ရန်​​တောင်းဆိုရန်သွား​ရောက်​နေကြစဥ်။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများကို ဒေသခံများက ကန့်ကွက်၍ KIO/KIA ခေါင်းဆောင်က လုပ်ငန်းများ ရပ်ဆိုင်းမည်ဟု ကတိပေးခဲ့ကြောင်း ကချင်ဒေသခံက ပြောပြသည်။

မံစီမြို့နယ်အတွင်းရှိ အင်ဘာပါကျေးရွာ၊ ဒိန်ဆင်းပါကျေးရွာ၊ဒိန်ဆိန်းဘွမ်ကျေးရွာ ၊ခပရာကျေးရွာ၌ တူးဖော်မည့် လုပ်ငန်းများအား ရပ်ဆိုင်းပေးရန် ဒေသခံများ ၊ ကချင်ပြည်နယ် လူထုအခြေပြု အဖွဲ့အစည်းများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

(မံစီမြို့နယ်အတွင်းရှိပြည်သူများက KIOဥက္ကဌနှင့်​ တွေ့ဆုံ၍မြေရှားစီမံကိန်းများရပ်ဆိုင်ရန်​​တောင်းဆိုရန်သွား​ရောက်​နေကြစဥ်။ဓါတ်ပုံ-CJ)
(မံစီမြို့နယ်အတွင်းရှိပြည်သူများက KIOဥက္ကဌနှင့်​ တွေ့ဆုံ၍မြေရှားစီမံကိန်းများရပ်ဆိုင်ရန်​​တောင်းဆိုရန်သွား​ရောက်​နေကြစဥ်။ဓါတ်ပုံ-CJ)

“ကချင်ပြည်နယ်မှာတော့ကြာပြီ။ ပန်ဝါဘက်ထုတ်တာလေ။ဆယ်နှစ်လောက်တောင်ရှိပြီ။ အခုထုတ်တဲ့ဟာကဒီနှစ်မှစတာ။ စတာကိုဒေသခံတွေ သဘောမတူတဲ့အခါကျတော့ KIO အစိုးရက ဒါကို ရပ်ဆိုင်းမယ်ဆိုပြီး ဥက္ကဋ္ဌကိုယ်တိုင်က ပြည်သူလူထုတွေကို ကတိပေးတယ်လို့ ပြောတယ်” ဟု ကချင်ဒေသခံတစ်ဦးက People’s Spring သို့ပြောသည်။

ကချင်သတင်းဌာန KNG၏ ဖော်ပြချက်တွင် ဧပြီ ၁၅ရက်က အင်ဘာပါဒေသ မြေရှားတူးဖော်မှုကို ကန့်ကွက်သော ပြည်သူ ၁၆၀၀ ကျော်သည် မိုင်ဂျာယန်မြို့သို့ သွားရောက်ပြီး KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် တွေ့ဆုံပွဲပြုလုပ်ရာ KIO ဥက္ကဋ္ဌက မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းများအားလုံးကို ရုတ်သိမ်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း ကန့်ကွက်သည့်လှုပ်ရှားမှု ပြုလုပ်ခဲ့သော ကော်မတီတစ်ခုမှ အဖွဲ့ဝင်တစ်ဦးကို ကိုးကားဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

၂၀၂၂ ဒီဇင်ဘာမှ စတင်ပြီး တရုတ်နယ်စပ် ဖြစ်သည့် မံစီမြို့နယ် အင်ဘာပါ၊ ဒိန်ဆင်းပါ ဒေသ မြေရှားသတ္တု တိုးချဲ့တူးဖော်ရန် စမ်းသပ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရန် KIOက တရုတ်ကုမ္ပဏီများကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဒိန်ဆိန်းပါရွာရှိ ပြည်သူများကလည်း ၂၀၂၂ ဒီဇင်ဘာလ အတွင်း၌ပင် ဒေသတွင်း မြေရှားသတ္တုတူးဖော်ခြင်းအား ရပ်ဆိုင်းပေးရန် သက်ဆိုင်ရာ KIO/KIAနှင့် လုပ်ငန်းရှင်များထံ နည်းလမ်းမျိုးစုံဖြင့် တင်ပြဆွေးနွေးခဲ့ဖူးကြောင်း မြေရှားတူးဖော်မှုများ ရပ်ဆိုင်းပေးရန် တောင်းဆိုသည့် ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်းများ၏ ကြေညာချက်၌ ဖော်ပြသည်။

(မံစီမြို့နယ်အတွင်းရှိပြည်သူများက KIOဥက္ကဌနှင့်​ တွေ့ဆုံ၍မြေရှားစီမံကိန်းများရပ်ဆိုင်ရန်​​တောင်းဆိုရန်သွား​ရောက်​နေကြစဥ်။ဓါတ်ပုံ-CJ)
(မံစီမြို့နယ်အတွင်းရှိပြည်သူများက KIOဥက္ကဌနှင့်​ တွေ့ဆုံ၍မြေရှားစီမံကိန်းများရပ်ဆိုင်ရန်​​တောင်းဆိုရန်သွား​ရောက်​နေကြစဥ်။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်နယ်မြေအတွင်းရှိ အရှေ့ပိုင်းခရိုင် ဒေသများအတွင်း မြေရှားသတ္တု တူးဖော်ခြင်းအား နှစ်အတန်ကြာကတည်းကလုပ်ကိုင်ခဲ့ပြီး ၊ ဆက်လက်တူးဖော်သွားရန် ပြင်ဆင်နေကြောင်း သိရကြောင်း၊ မြေရှားသတ္တုတူးဖော်မှုများကြောင့် ရေမြေတောတောင် သဘာ၀ ပတ်ဝန်းကျင်နှင့် သမိုင်းဝင် အမွေအနှစ်မြေနေရာများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေပြီး ဒေသခံများ၏ လူမှုစီးပွားဘ၀ ရှင်သန်ရပ်တည်ရေးကို ခြိမ်းခြောက်လျက်ရှိရာ မြေရှားသတ္တု တူးဖော်မည့် လုပ်ငန်းများအား အမြန်ဆုံးရပ်တန့်ပေးရန်ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်းများကတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် မြေရှားသတ္တု Rare Earth ကို အများဆုံးထုတ်လုပ်သည့်နိုင်ငံများထဲတွင် တရုတ်၊ အမေရိကန်နှင့် ဩစတြေးလျပြီးလျှင် မြန်မာနိုင်ငံက စတုတ္တမြောက်နိုင်ငံတွင်တည်ရှိကြောင်း အမေရိကန် အစိုးရ၊ ဘူမိလေ့လာရေး အသင်း (USGS) ကထုတ်ပြန်ထားသည်။ ၂၀၁၈ခုနှစ်တခုတည်းတွင် မြန်မာနိုင်ငံက မြေရှားသတ္တု တန်ငါးထောင်ထုတ်လုပ်ခဲ့သည်ဟုဆိုသည်။

မြန်မာနိုင်ငံထွက်မြေရှားသတ္တုကို တရုတ်နိုင်ငံက အဓိက ဝယ်ယူနေပြီး မြန်မာအစိုးရအဆက်ဆက်မြေရှား သတ္တုတူးဖော်မှုကို တရားဝင်ထုတ်ခွင့်ပြုထားခြင်းမရှိခဲ့ပေ။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်း​သော ၂၀၂၁ခုနှစ်နောက်ပိုင်းတွင် မြေရှားတူးဖော်မှုများကို အလွန်အကျွံဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မြေရှားသတ္တုကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အဓိကထွက်ရှိနေခြင်းဖြစ်သည်။ ကချင်ပြည်နယ် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီစသည့်ဒေသများတွင် မြေရှားသတ္တုတူးဖော်မှုများကို ၁၉၉၀ခုနှစ်ကတည်းကဆောင်ရွက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။

သတင်း

စစ်ကောင်စီသည် နိုဝင်ဘာ ၁၃ရက်က ရခိုင်ပြည်နယ်၌ AAက စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေချိန်၌ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းများပြုလုပ်နေသည်ဟု AA က သတိပေးသည်။