Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ် ပဒူရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက်မီးရှို့ရာ ညပိုင်းအထိ လောင်ကျွမ်းနေ

စစ်ကောင်စီတပ်သည် မေလ ၁၉ ရက် နံနက်ပိုင်းကစတင်ကာ ပဒူရွာသို့ ထိုးစစ်ဆင်ခဲ့ပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပဒူ၊ ကန်ကြီးကုန်း၊ဆည်လေးကျေးရွာတဝိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သ​ည်။

(ပဒူကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ မီးလောင်နေသည်ကို အဝေးမှ မြင်တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(ပဒူကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ မီးလောင်နေသည်ကို အဝေးမှ မြင်တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ပဒူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးရာ ညပိုင်းအထိ လောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။

မေလ ၁၉ ရက်ကတည်းက စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲများဖြစ်ပွားနေသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ပဒူကျေးရွာအနီးတွင် ယနေ့(မေလ ၂၂ရက်) နေ့လည်တွင် စစ်ကောင်စီတပ်က လေကြောင်း အသုံးပြုပြီးပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် ပဒူကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပဒူကျေးရွာကို MI-35နဲ့ နှစ်ကြိမ်၊ ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်ပစ်တယ်။ ပဒူကျေးရွာစည်ပင်သာရပ်ကွက် အခုပြာကျသွားပြီ။”ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပဒူဝေဘုံလှကျောင်းဆရာတော်အား စစ်ကောင်စီတပ်သားများက ဖမ်းဆီးရိုက်နှက်ထားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“အခုညပိုင်းအထိကို မီးတွေထိန်လင်းနေတာပဲ။ မငြိမ်းသေးဘူး။”ဟု ပဒူရွာအနီးနေထိုင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၁၉ ရက် နံနက်ပိုင်းကစတင်ကာ ပဒူရွာသို့ ထိုးစစ်ဆင်ခဲ့ပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပဒူ၊ ကန်ကြီးကုန်း၊ဆည်လေးကျေးရွာတဝိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သ​ည်။

အဆိုပါ တိုက်ပွဲများကြောင့် စစ်ကိုင်းနယ်ရှိ ကျေးရွာ (၈)ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်များ​၏ ယာဉ်တိမ်းမှောက်၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးလည်း အုတ်တံတိုင်းပိသေဆုံးခဲ့သည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ် စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်အုပ်စုထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ့ကာကွယ်ရေးရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း၊စစ်အုပ်စုဘက်ကလည်း အထိနာခဲ့ကြောင်း ကျောက်ဆည် K.S PDF အဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။