Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ရွာချင်းဆက်၊ ခရိုင်ချင်းဆက်လမ်းများ ဖျက်ဆီးပြီး ခံစစ်အတွက်ပြင်ဆင်

ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ပဲခူးတိုင်းနှင့် တနင်္သာရှိတိုင်းများရှိKNU အုပ်ချုပ်ဒေသများရှိစစ်ကောင်စီတပ်များကို KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၊ တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ထောင်ချီဖြစ်ပွားခဲ့သည်။

(စစ်ကောင်စီက ရွာချင်းဆက်၊ ခရိုင်ချင်းဆက်လမ်းများ ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ - KNLA)
(စစ်ကောင်စီက ရွာချင်းဆက်၊ ခရိုင်ချင်းဆက်လမ်းများ ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ - KNLA)

▪️ကျိုက်ထို၊ သထုံနှင့် ကော့ကရိတ်မြို့နယ်များ၌ စစ်တပ်ကလမ်ူများကိာဖျက်ဆီးခဲ့ဟု KNLA တပ်မှူးပြော

မွန်ပြည်နယ် သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ် တို့တွင် စစ်ကောင်စီတပ်က စက်ယန္တရားအသုံးပြုပြီး လမ်းများဖျက်ဆီးမှု လုပ်ဆောင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် (KNLA) နယ်မြေခံတပ်မှူးက ပြောသည်။

သထုံမြို့နယ် ဝီယော်ဒေသစစ်ကောင်စီ စခန်းအနီးရှိ လမ်းပိုင်းကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ကျိုက်ထိုမြို့နယ်တွင်လည်း ရွာချင်းဆက် ၊ခရိုင်ချင်းဆက်လမ်းများကို စစ်ကောင်စီက စက်ယန္တရားအသုံးပြုဖျက်ဆီးခဲ့သည်ဟု KNLA တပ်မဟာ(၁)တပ်မှူး တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ဖျက်ဆီးရာတွင် မေလအတွင်းက ဆောင်နိုင်ကြီး ရွာချင်းဆက်လမ်း၊ ဝင်းကလောခရိုင်ချင်းဆက်လမ်း၊ မဲရုံးလေးရွာချင်းဆက်လမ်း၊ လှည်းလမ်းကူးနှင့် ကွာလီလမ်းများကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီက ရွာချင်းဆက်၊ ခရိုင်ချင်းဆက်လမ်းများ ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ - KNLA)
(စစ်ကောင်စီက ရွာချင်းဆက်၊ ခရိုင်ချင်းဆက်လမ်းများ ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ – KNLA)

“သူတို့ရဲ့ရည်ရွယ်ချက်ကတော့တော်လှန်ရေးအင်အားစုမှမော်တော်ယဉ်သုံးစွဲပြီးသွား ရောက် ချေမှုန်းမှာစိုးရိမ်လို့အထိုင်ခံစစ်အနေနဲ့ ကြိုတင်ပြင်ဆင်တာဖြစ်တယ်”ဟု KNLA တပ်မှူးကပြောသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်ဒေသတွင်လည်း စစ်ကောင်စီတပ်က ထိုသို့လမ်းများ ဖျက်ဆီးလျက်ရှိပြီး ယင်းလုပ်ရပ်မှာ ဒေသခံများကို စားနပ်ရိက္ခာ၊ ကုန်စည်ကူးသန်းမှုနှင့် အသွားအလာ ဖြတ်တောက်ခြင်းဖြစ်သကဲ့သို့ စစ်ကောင်စီအနေဖြင့် ထိုးစစ်ဆင်နိုင်သည့် အင်အားမရှိသည်ကို ပြသခြင်းဖြစ်သည်ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

(စစ်ကောင်စီက ရွာချင်းဆက်၊ ခရိုင်ချင်းဆက်လမ်းများ ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ - KNLA)
(စစ်ကောင်စီက ရွာချင်းဆက်၊ ခရိုင်ချင်းဆက်လမ်းများ ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ – KNLA)

ဆက်သွယ်ရေးလမ်းကြောင်းများကို စစ်ကောင်စီ ကိုယ်တိုင် ပြန်ဖျက်နေခြင်းမှာ KNU ထိန်းချုပ်နယ်မြေများ၌ စစ်ကြောင်းထိုးရန်အင်အားမရှိတော့၍ ခံစစ် အထိုင်ချရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း KNLA တပ်မှူးက ပြောသည်။

“ဘယ်လိုပဲ ပြောပြော ကျနော်တို့ ဒီဘက်ကတော့ လုပ်စရာရှိတာ ဆက်ပြီးလုပ်နေမှာပဲ”ဟု KNLA တပ်မှူးက ပြောသည်။

(စစ်ကောင်စီက ရွာချင်းဆက်၊ ခရိုင်ချင်းဆက်လမ်းများ ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ - KNLA)
(စစ်ကောင်စီက ရွာချင်းဆက်၊ ခရိုင်ချင်းဆက်လမ်းများ ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ – KNLA)

ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ပဲခူးတိုင်းနှင့် တနင်္သာရှိတိုင်းများရှိKNU အုပ်ချုပ်ဒေသများရှိစစ်ကောင်စီတပ်များကို KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၊ တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ထောင်ချီဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။