Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မွန်ပြည်နယ်ထဲက PDF နောက်တန်းစခန်း ဗုံးကြဲခံရလို့ ၃ဦး ကျဆုံး

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးသွားသူ ၃ ဦးမှာ အမျိုးသမီးတပ်ဖွဲ့ဝင်လည်းပါဝင်ပါတယ်။

(ကျားဖြူစစ်ကြောင်းအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Albino Tiger Company-1)
(ကျားဖြူစစ်ကြောင်းအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Albino Tiger Company-1)

NUG အစိုးရရဲ့တောင်ပိုင်းတိုင်းစစ်ဒေသ လက်အောက်ခံ ကျားဖြူစစ်ကြောင်း (၂) ရဲ့ နောက်တန်းစခန်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ့နေ့ညပိုင်း မှာ ဗုံးကြဲခံရလို့ တပ်ဖွဲ့ဝင်လူငယ် ၃ဦးကျဆုံးသွားတယ်လို့သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ကြားမှာရှိတဲ့ ကျားဖြူစစ်ကြောင်း (၂) စစ်ကြောင်းရုံး ၊တပ်ခွဲ (၁) ၊ တပ်ခွဲ (၆) ရဲ့နောက်တန်းစခန်း နေရာ ဗုံးကြဲခံရတာလို့ ကျားဖြူစစ်ကြောင်းတပ်ခွဲ (၁) က ဒီနေ့မှာ ထုတ်ပြန်အသိပေးပါတယ်။

မေလ ၇ရက် ညပိုင်း ၁၀ နာရီကျော်မှာ စစ်ကောင်စီတိုက်လေယာဉ်ဟာ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချသွားတာလို့ ကျားဖြူ စစ်ကြောင်းတပ်ခွဲ (၁) ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီနောက် နောက်နေ့ နေ့လယ် ၁၂ နာရီမှာ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ကျားဖြူ စစ်ကြောင်းတပ်ခွဲ (၁) ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးသွားသူ ၃ ဦးမှာ အမျိုးသမီးတပ်ဖွဲ့ဝင်လည်းပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။