Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် အုပ်ကြီးတစ်ဦးအသတ်ခံရပြီးနောက်အုပ်ကြီးအချို့ကျန်းမာရေးအကြောင်းပြနှုတ်ထွက်စာတင်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေသည် ဇွန်လ ၉ရက်‌တွင် အမည်မသိလူတစ်စုက ဖမ်း‌ဆီးပြီး သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

ဖားကန့်တွင် အုပ်ကြီးတစ်ဦးအသတ်ခံရပြီးနောက်အုပ်ကြီးအချို့ကျန်းမာရေးအကြောင်းပြနှုတ်ထွက်စာတင်
ဖားကန့်တွင် အုပ်ကြီးတစ်ဦးအသတ်ခံရပြီးနောက်အုပ်ကြီးအချို့ကျန်းမာရေးအကြောင်းပြနှုတ်ထွက်စာတင်

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ ကျန်းမာရေးအကြောင်းပြ၍ နှုတ်ထွက်ခွင့်တောင်းဆိုနေသည်ဟု ဒေသခံများက ပြောသည်။

” မြို့မရပ်ကွက်ရော၊ ငှက်ပျောတောရပ်ကွက် ရော ရပ်ကွက်အုပ်ကြီးတွေ နှုတ်ထွက်ခွင့်တင်နေကြတယ်။ ခေတ်ပျက်မှာ ဂွင်ရမလားလို့ အုပ်ကြီးဝင်လုပ်နေတာ။ သူ‌ရှေ့က လူတွေ အခြေအနေမကောင်းတော့ သူတို့လည်း ရှောင်ထွက်ချင်နေကြတယ် “ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေသည် ဇွန်လ ၉ရက်‌တွင် အမည်မသိလူတစ်စုက ဖမ်း‌ဆီးပြီး သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

သို့သော် မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို လတ်တလောမသိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် ဖားကန့်မြို့ရှိ ငှက်ပျောတောရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မရပ်ကွယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဌေးက ၎င်းတို့အား တာဝန်မှနုတ်ထွက်ခွင့်ပြုရန် မြို့နယ်အဆင့်စစ်ကောင်စီထံ တောင်းဆိုခြင်းဟု ဒေသခံများကပြောသည်။

ဦးကျော်ဆွေအသတ်ခံရသည့် ကိစ္စသည် တော်လှန်ရေးနှင့်သက်ဆိုင်ခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးကြောင့် ဖြစ်နိုင်ကြောင်း ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများသည် ထိပ်လန့်ကြောက်ရွံ့နေကြကြောင်း ဒေသခံများကပြောသည်။

ဖားကန့်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂နှစ်ကျော်ကာလအတွင်း စစ်ကောင်စီခန့်ရပ်ကွက်နှင့်ရပ်‌ကျေးအုပ်ချုပ်ရေးမှူး ငါးဦးထက်မနည်းသတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဘေးဒဏ်သင့်တံတားဦးမြို့နယ်မှာစစ်တပ်က တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၅ ဦး တောင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦး နှုတ်ထွက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်​ရေး အဖွဲ့ဝင်များက ရပ်ကွက်​နေပြည်သူများ၏ အိမ်ထောင်စုစာရင်းစာရင်းစာရွက်များကို လိုက်လံကောက်ယူနေကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ်တွင် တစ်ရက်တည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးလင်မယားတို့ကို ပစ်ခတ်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)က ယနေ့(ဇန်နဝါရီ ၈ ရက်) အသိ ပေးထုတ်ပြန်သည်။

သတင်း

စန်းငွေသည် ပြည်သူများကို ပြဿနာရှာလေ့ရှိသလို စစ်မှူထမ်းအတွက်လည်းတတ်တတ်ကြွကြွလုပ်ဆောင်ပေးနေပြီး လက်ရှိတွင် တစ်အိမ်လျှင် ကျပ် နှစ်သောင်းကောက်ခံနေကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။