Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် အုပ်ကြီးတစ်ဦးအသတ်ခံရပြီးနောက်အုပ်ကြီးအချို့ကျန်းမာရေးအကြောင်းပြနှုတ်ထွက်စာတင်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေသည် ဇွန်လ ၉ရက်‌တွင် အမည်မသိလူတစ်စုက ဖမ်း‌ဆီးပြီး သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

ဖားကန့်တွင် အုပ်ကြီးတစ်ဦးအသတ်ခံရပြီးနောက်အုပ်ကြီးအချို့ကျန်းမာရေးအကြောင်းပြနှုတ်ထွက်စာတင်
ဖားကန့်တွင် အုပ်ကြီးတစ်ဦးအသတ်ခံရပြီးနောက်အုပ်ကြီးအချို့ကျန်းမာရေးအကြောင်းပြနှုတ်ထွက်စာတင်

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ ကျန်းမာရေးအကြောင်းပြ၍ နှုတ်ထွက်ခွင့်တောင်းဆိုနေသည်ဟု ဒေသခံများက ပြောသည်။

” မြို့မရပ်ကွက်ရော၊ ငှက်ပျောတောရပ်ကွက် ရော ရပ်ကွက်အုပ်ကြီးတွေ နှုတ်ထွက်ခွင့်တင်နေကြတယ်။ ခေတ်ပျက်မှာ ဂွင်ရမလားလို့ အုပ်ကြီးဝင်လုပ်နေတာ။ သူ‌ရှေ့က လူတွေ အခြေအနေမကောင်းတော့ သူတို့လည်း ရှောင်ထွက်ချင်နေကြတယ် “ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေသည် ဇွန်လ ၉ရက်‌တွင် အမည်မသိလူတစ်စုက ဖမ်း‌ဆီးပြီး သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

သို့သော် မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို လတ်တလောမသိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် ဖားကန့်မြို့ရှိ ငှက်ပျောတောရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မရပ်ကွယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဌေးက ၎င်းတို့အား တာဝန်မှနုတ်ထွက်ခွင့်ပြုရန် မြို့နယ်အဆင့်စစ်ကောင်စီထံ တောင်းဆိုခြင်းဟု ဒေသခံများကပြောသည်။

ဦးကျော်ဆွေအသတ်ခံရသည့် ကိစ္စသည် တော်လှန်ရေးနှင့်သက်ဆိုင်ခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးကြောင့် ဖြစ်နိုင်ကြောင်း ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများသည် ထိပ်လန့်ကြောက်ရွံ့နေကြကြောင်း ဒေသခံများကပြောသည်။

ဖားကန့်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂နှစ်ကျော်ကာလအတွင်း စစ်ကောင်စီခန့်ရပ်ကွက်နှင့်ရပ်‌ကျေးအုပ်ချုပ်ရေးမှူး ငါးဦးထက်မနည်းသတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။