Connect with us

Hi, what are you looking for?

သတင်း

မြို့ပြရဲဘော်များ လုံခြုံရေးအတွက် “မြို့ပြကို CCTV နဲ့မသတ်နဲ့ “ကမ်ပိန်းပါဝင်ပေးကြရန် တောင်းဆို

လုံခြုံရေးအရ ကိုယ်ပိုင်အကောင့်တွင်တင်၍ အဆင်မပြေသူများအနေဖြင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း နှင့် Yangon Drone၏ မက်ဆင်ဂျာသို့ ဇွန်လ ၁၃ ရက်အထိ ပေးပို့နိုင်ကြောင်း အသိပေးထားသည်။

မြို့ပြရဲဘော်များ လုံခြုံရေးအတွက် "မြို့ပြကို CCTV နဲ့မသတ်နဲ့ "ကမ်ပိန်းပါဝင်ပေးကြရန် တောင်းဆို
မြို့ပြရဲဘော်များ လုံခြုံရေးအတွက် "မြို့ပြကို CCTV နဲ့မသတ်နဲ့ "ကမ်ပိန်းပါဝင်ပေးကြရန် တောင်းဆို

စစ်ကောင်စီအနေဖြင့် မြို့ပြစစ်ဆင်ရေးဆောင်ရွက်ခဲ့သူများကို စီစီတီဗီများမှတစ်ဆင့် ဖမ်းဆီးမိသည့် ဖြစ်စဉ်များ ဖြစ်လာသောကြောင့် “မြို့ပြကို CCTV နဲ့မသတ်နဲ့ ” ကမ်ပိန်း ပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုသည်။

“ရန်ကုန်မှာ CCTV ကြောင့်ဖမ်းစီးခံလိုက်ရတဲ့ UGတွေအများကြီးရှိနေတာကြောင့် CCTVကို အထူးသတိထားရန် အာရုံစိုက်ကြဖို့ ယခု ကန်ပိန်းကိုလုပ်ရခြင်းဖြစ်ပါတယ်။ ယခု ဇွန်လအစပိုင်းမှာတင် CCTVတွေကြောင့် UG နှစ်ဖွဲ့ဖမ်းခံလိုက်ရတဲ့ဖြစ်စဉ်တွေလဲ ရှိခဲ့ပါတယ်။”ဟု စမ်းချောင်း PDF မှ ရဲဘော်ပီတာကြီးက ပြောသည်။

စစ်ကောင်စီထောက်တိုင်အကြီးစား အဆိုတော် လီလီနိုင်ကျော် တိုက်ခိုက်ခံရမှုနှင့် ပြည်တွင်းအခွန်ရုံးတိုက်ခိုက်မှုများကို စီစီတီဗီမှ တစ်ဆင့် လိုက်လံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

တရားဥပဒေစိုးမိုးမှုမရှိသည့် လက်ရှိကာလတွင် ပြည်သူများအနေဖြင့် လုံခြုံရေးအရ စီစီတီဗီ များတပ်ဆင်ထားသည်ကို နားလည်သော်လည်း မလိုအပ်သည့်နေရာများအထိ တပ်ဆင်ခြင်းမပြုရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မိမိတို့ကိုယ်ရေးကိုယ်တာ ပိုမိုလုံခြုံစေရန် မလိုအပ်သော CCTV တပ်ဆင်ထားခြင်းဟာ မြို့ပြ‌တွင်တိုက်ပွဲဝင်နေကြပါသော တော်လှန်ရေးတပ်သား၊ ရဲဘော်များ၏ လှုပ်ရှားမှုများကိုထိခိုက်စေရုံမျှမက ထိုလှုပ်ရှားသူတို့အား အသက်များပေးဆပ်စေနိုင်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုသူများတွင်လည်း မိသားစုရှိပါသည်၊ အနာဂတ်များ၊ အိပ်မက်များ၊ တန်ဖိုးထားရသောသူများရှိပါသည်”ဟု မေတ္တာရပ်ခံထားသည်။

“CCTV ကနေတဆင့် ကျွန်တော်တို့ ရဲဘော်တွေ မကြာခဏဆိုသလို အဖမ်းခံရတာတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်တဲ့ နေရာတွေမှာ CCTV တပ်တာမျိုးတွေ၊ ရက်အနည်းငယ်တစ်ခါ CCTV မှတ်တမ်းတွေကို ဖျက်ပစ်တာမျိုးတွေနဲ့ ကူညီပေးဖို့ တောင်းဆိုလိုက်ရတာပါ။ တော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးကြပါ”ဟု မြို့ပြတော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် ယခင်ကတည်းက စစ်ဆင်ရေးပြုလုပ်သည့်နေရာများမှ စီစီတီဗီများကို စစ်ဆေးလေ့ရှိသောကြောင့် တော်လှန်ရေးအင်အားစုများက စီစီတီဗီတပ်ဆင်မှုနှင့်ပတ်သတ်၍ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

ထို့ကြောင့် “မြို့ပြကို CCTV နဲ့မသတ်နဲ့ ” ကမ်ပိန်းကို ရက်အကန့်အသတ်မရှိ ပြုလုပ်မည်ဖြစ်ပြီး ပါဝင်လိုသူများအနေဖြင့် မျက်နှာအားလုံခြုံ စွာအုပ်၍ စာရွက်အဖြူပါ်တွင်ကမ်ပိန်းနှင့်သက်ဆိုင် သောစာသားရေးများ (No CCTV on public area, No CCTV, မြို့ပြကို CCTV နဲ့မသတ်နဲ့၊ No CCTV for Urban Revolution, CCTVသည် ဝောာ်လှန်ရေးအဖွဲ့အစည်းများကို ဒုက္ခပေး‌ေနသည်၊ CCTV အန္တရာယ်ကို UGများအထူးသိတိထားကြပါ)ရေးသား၍ လက်နှစ်ချောင်းကို Cross Sign ပြုလုပ်ကာ ဓာတ်ပုံရိုက်၍ ဆိုရှယ်မီဒီယာတွင်တင်ကာပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

လုံခြုံရေးအရ ကိုယ်ပိုင်အကောင့်တွင်တင်၍ အဆင်မပြေသူများအနေဖြင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း နှင့် Yangon Drone၏ မက်ဆင်ဂျာသို့ ဇွန်လ ၁၃ ရက်အထိ ပေးပို့နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ရေနံတင်ပို့မှုမှာ အဓိက အကျဆုံး မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ထားနိုင်ဖို့ မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ခံစစ်အားပြု စစ်ရေးမစ်ရှင်တစ်ခု စီစဉ်နေကြောင်း ပြင်သစ် သမ္မတက ပြောကြားလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ၇၃ လမ်းရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွက် လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေက ရုံးရှေ့ရလမ်းအတွင်း ဝင်လာတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာအာဏာသိမ်းစစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင်ရက်ပိုင်းအလိုမနေ့ (ဒီဇင်ဘာလ ၂၆ ရက်)ကစတင်ပြီး စစ်သား ၊ရဲ နဲ့ ပျုစောထီးပါဝင်တဲ့အဖွဲ့က မြို့ပေါ် နေရာတိုင်းနီးပါးမှာ စစ်ဆေးမှုတွေ ပြုလုပ်လာတယ်လို့မြို့ခံဆီကသိရပါတယ်။