Connect with us

Hi, what are you looking for?

သတင်း

တမူး ပန်သာရွာမှစစ်တပ်စခန်းကို PDFများတိုက်ခိုက်သိမ်းပိုက်

ပန်းသာရွာရှိ စစ်​ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဇွန်လ ၁၅ရက် နံနက် ၅နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။

(တမူးမြို့နယ်မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်း) ။ဓါတ်ပုံ-PDF တမူး)
(တမူးမြို့နယ်မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်း) ။ဓါတ်ပုံ-PDF တမူး)

▪︎ပျူစောထီးဂိတ် မိုင်ခွဲတိုက်ခိုက်မှု ပျူလေးဦးသေဆုံးပြီး ပျူ​ခေါင်း​ဆောင်အပါအဝင် ၈ ဦးထက်မနည်းဒဏ်ရာရ

တမူးမြို့နှင့် ၆ မိုင်အကွာရှိပန်းသာရွာမှ စစ်‌​ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့(ဇွန် ၁၅ ရက်) နံနက်အစောပိုင်းတွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်းသတင်းရရှိသည်။

ပန်းသာရွာရှိ စစ်​ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဇွန်လ ၁၅ရက် နံနက် ၅နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။

” မနက် ၅နာရီကနေ စတိုက်တာ။ စစ်‌တပ်ဘက်က ဘယ်လောက်အထိ အထိအခိုက်ရှိတယ်တော့မသိဘူး။ တစ်ယောက်တော့ အရှင်ရတယ်။ ကာကွယ်ရေးရဲဘော်ငါးဦးတော့ ‌ဒဏ်ရာအနည်းငယ်ရတယ်”ဟုPDF တစ်ဦးက​ပြောသည်။

(တမူးမြို့နယ်မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်း) ။ဓါတ်ပုံ-PDF တမူး)
(တမူးမြို့နယ်မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်း) ။ဓါတ်ပုံ-PDF တမူး)

စစ်ခန်းကိုသိမ်းယူပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့စဉ် နံနက် ၉နာရီခန့်တွင် စစ်ကောင်စီကဂျက်ဖိုက်တာနှစ်စင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။သို့​သော်အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ နံနက်ပိုင်း စခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်တချိန်တည်းတွင် အိန္ဒိယနိုင်ငံနှင့်နယ်စပ်အနီးတမူးမြို့၊ နမ့်ဖာလုံးဈေးသို့သွားရာလမ်း ၁၄ တံတားရှိ ပျူစောထီ ဂိတ်ကို ​တော်လှန်​ရေးအဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့ဖြစ်စဉ်တွင် တမူးမြို့မှနာမည်ဆိုးဖြင့်​ကျော်ကြား​သောပျူစောထီးခေါင်းဆောင် ချမ်း‌မြေ့အပါအဝင် ရှစ်ဦးထက်မနည်းဒဏ်ရာရပြီး လေး ဦးသေဆုံးသွားကြောင်း မြို့ခံများကပြောသည်။

” ပန်းသာစခန်းရောပျူဂိတ်ကိုပါ ဗျူဟာမြောက်တိုက်ခိုက်တာနေမယ်။ ပျူစောထီး လေးယောက်သေတာအတည်ပြုနိုင်တယ်”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

တိုက်ခိုက်ခံရသည့် ပျုစောထီးဂိတ်သည် အရပ်သားအစိုးရလက်ထက်က ဝန်ထမ်းအိမ်ယာအဖြစ် ဆောက်ပေးထားသည့် အဆောက်အဦအတွင်း ပျူများကတပ်စွဲထားခြင်းဖြစ်သည်ဟု​​ဒေသခံများက​ပြောသည်။

ယ​​နေ့(ဇွန် ၁၅) တမူးမြို့နယ်မှတိုက်ပွဲနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနနှင့် တမူးခရိုင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များက ယ​နေ့ညအထိ့သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။