Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်မှာ အရောင်ပြောင်းသွားရတဲ့ ရန်ကုန်မြို့က လမ်းညွှန်ဆိုင်းဘုတ်များ

အစိမ်းရောင် လွှမ်းမိုးချင်ပါက ဆိုင်းဘုတ်များကိုပြောင်းခြင်းထက် သစ်ပင်များပိုမိုစိုက်ခြင်းက အကျိုးရှိကြောင်း ပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - PS
ဓာတ်ပုံ - PS

အာဏာသိမ်းစစ်ကောင်စီသည် ဆူးလေဘုရားလမ်းနှင့် လမ်းမသုံးခုမှ လမ်းညွှန်ဆိုင်းဘုတ်များကို အပြာရောင်မှ အစိမ်းရောင်သို့ အရောင်ပြောင်းလဲလိုက်သည်။

လမ်းညွှန်ဆိုင်းဘုတ်များကို အပြာရောင်အသုံးပြုလေ့ရှိသော်လည်း ပြည်လမ်း ၊ ကမ္ဘာအေးဘုရားလမ်း ၊ မဟာဗန္ဓုလလမ်း နှင့် ဆူးလေဘုရားလမ်းပေါ်ရှိ လမ်းညွှန်ဆိုင်းဘုတ်များကို အစိမ်းရောင်သို့ ပြောင်းလိုက်ခြင်းဖြစ်သည်။

ဗေဒင် ယတြာကို အလွန်အမင်းယုံကြည်သည့် စစ်တပ်ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်ဖြစ်နိုင်ပြီး အကြောင်းအရာတစ်ခုခုအတွက် ယတြာချေခြင်းဖြစ်နိုင်ကြောင်း ပြည်သူများက သုံးသပ်ထားသည်။

“တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ မလုပ်တတ်ဘူး။ အားရင်။ယတြာပဲချေတတ်တာ။ ပြည်သူပိုင်ပစ္စည်းအလကားယူ ကိုယ်ကျိုးအတွက်အသုံးချတဲ့ ဆန်ကုန်မြေလေးတွေ “ဟု အမျိုးသားတစ်ဦးက ဆိုင်းဘုတ်အရောင်ပြောင်းသည့်အပေါ် မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

လမ်းညွှန်ဆိုင်းဘုတ်များအရောင်ပြောင်းလဲခြင်းကို မေလအတွင်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံများက ဆိုသည်။

ထို့ပြင် ပြောင်းလဲလိုက်သည့်အရောင်သည် စစ်ကောင်စီကိုထောက်ခံသည့် ပြည်ခိုင်ဖြိုးပါတီ အရောင်ဖြစ်နေသောကြောင့် ပြည်သူများက ဝေဖန်နေခြင်းလည်း ဖြစ်သည်။

အစိမ်းရောင် လွှမ်းမိုးချင်ပါက ဆိုင်းဘုတ်များကိုပြောင်းခြင်းထက် သစ်ပင်များပိုမိုစိုက်ခြင်းက အကျိုးရှိကြောင်း ပြည်သူတစ်ဦးက ပြောသည်။

စစ်တပ်က ၎င်းတို့အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆိုင်းဘုတ်အချို့အား အစိမ်းရောင်ပြောင်းသည့် ဖြစ်စဉ်များရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။