Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေသောကြောင့် တိုက်ပွဲအနီးဝန်းကျင်မှ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ သကျက်၊ ဘန်ကြုတ်၊ ရေပေါ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ဘေးလွတ်ရာရှောင်တိမ်းနေကြရကြောင်း စုံစမ်းသိရသည်။

(မြိတ်ခရိုင် PDF တပ်ရင်း (၂)မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - PDF တပ်ရင်း (၂))
(မြိတ်ခရိုင် PDF တပ်ရင်း (၂)မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - PDF တပ်ရင်း (၂))

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာငါးရွာထက်မနည်း ရှောင်တိမ်းနေရ

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ ယနေ့အချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့(ဇွန် ၁၇)နံနက် ၁၁ နာရီခန့်ကတည်းက တနင်္သာရီမြို့နယ် ဘန်လောရွာနှင့် သမီးလှကျေးရွာများအနီးတွင် နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ယနေ့နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

“မနေ့နနက် ၁၁နာရီလောက်က စဖြစ်တာ။ တစ်နေကုန်ဖြစ်နေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ နားနားပြီး တောက်လျှောက်ဖြစ်နေတာ။ ခုချိန်ထိလည်း တိုက်ပွဲကမပြီးသေးဘူး”ဟု တပ်ရင်း(၂)မှ တာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်းအခြေစိုက် ခမရ(၅၆၁)၊ မော်တုံဘက်မှ အမတ(၃၀၆)၊ မယင်းကြီးရွာအနီးမှ ခမရ(၅၅၇)စသည့် တပ်ရင်းသုံးခုမှ ပိတ်ဆို့စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ မြိတ်ခရိုင် ရင်း(၂) တနင်္သာရီ(ပကဖ)၊ တနင်္သာရီမဟာမိတ်တပ်ပေါင်းစု စသည့်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း မြေပြင်အနေအထားအရ အတိအကျမသိရသေးဘဲ PDFပူးပေါင်းတပ်များဘက်မှ တနင်္သာရီ(ပကဖ) အဖွဲ့ဝင်ရဲဘော်တစ်ဦး သေနတ်ကျည်ရှပ်ထိဒဏ်ရာရထားကာ မစိုးရိမ်ရကြောင်း မြိတ်ခရိုင် ရင်း(၂)ထံမှ သိရသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေသောကြောင့် တိုက်ပွဲအနီးဝန်းကျင်မှ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ သကျက်၊ ဘန်ကြုတ်၊ ရေပေါ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ဘေးလွတ်ရာရှောင်တိမ်းနေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ