Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေသောကြောင့် တိုက်ပွဲအနီးဝန်းကျင်မှ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ သကျက်၊ ဘန်ကြုတ်၊ ရေပေါ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ဘေးလွတ်ရာရှောင်တိမ်းနေကြရကြောင်း စုံစမ်းသိရသည်။

(မြိတ်ခရိုင် PDF တပ်ရင်း (၂)မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - PDF တပ်ရင်း (၂))
(မြိတ်ခရိုင် PDF တပ်ရင်း (၂)မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - PDF တပ်ရင်း (၂))

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာငါးရွာထက်မနည်း ရှောင်တိမ်းနေရ

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ ယနေ့အချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့(ဇွန် ၁၇)နံနက် ၁၁ နာရီခန့်ကတည်းက တနင်္သာရီမြို့နယ် ဘန်လောရွာနှင့် သမီးလှကျေးရွာများအနီးတွင် နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ယနေ့နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

“မနေ့နနက် ၁၁နာရီလောက်က စဖြစ်တာ။ တစ်နေကုန်ဖြစ်နေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ နားနားပြီး တောက်လျှောက်ဖြစ်နေတာ။ ခုချိန်ထိလည်း တိုက်ပွဲကမပြီးသေးဘူး”ဟု တပ်ရင်း(၂)မှ တာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်းအခြေစိုက် ခမရ(၅၆၁)၊ မော်တုံဘက်မှ အမတ(၃၀၆)၊ မယင်းကြီးရွာအနီးမှ ခမရ(၅၅၇)စသည့် တပ်ရင်းသုံးခုမှ ပိတ်ဆို့စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ မြိတ်ခရိုင် ရင်း(၂) တနင်္သာရီ(ပကဖ)၊ တနင်္သာရီမဟာမိတ်တပ်ပေါင်းစု စသည့်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း မြေပြင်အနေအထားအရ အတိအကျမသိရသေးဘဲ PDFပူးပေါင်းတပ်များဘက်မှ တနင်္သာရီ(ပကဖ) အဖွဲ့ဝင်ရဲဘော်တစ်ဦး သေနတ်ကျည်ရှပ်ထိဒဏ်ရာရထားကာ မစိုးရိမ်ရကြောင်း မြိတ်ခရိုင် ရင်း(၂)ထံမှ သိရသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေသောကြောင့် တိုက်ပွဲအနီးဝန်းကျင်မှ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ သကျက်၊ ဘန်ကြုတ်၊ ရေပေါ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ဘေးလွတ်ရာရှောင်တိမ်းနေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။