Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် တပ်ချိန်းလာသည့် စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရပြီး ခြောက်ဦးသေဟုဆို

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သားများ သည် တနင်္သာရီမြို့နယ် ခလရ(၅၆၁)ညောင်ပင်းကွင်းအနီး တပ်အတွင်းသို့ အပြေးအလွှားဝင်ရောက်သွားခဲ့ပြီး ယခုရက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုမတွေ့ရကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတက်ဖွဲ့များက ပြောသည်။

(တနင်္သာရီအခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးအား ရှေ့တန်းတစ်နေရာတွင်တွေ့ရစဥ်)
(တနင်္သာရီအခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးအား ရှေ့တန်းတစ်နေရာတွင်တွေ့ရစဥ်)

တနင်္သာရီမြို့နယ်တွင် တပ်ချိန်းပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဇွန်လ ၁၂ ရက် နံနက် ၉နာရီခန့်က တနင်္သာရီမြို့ နယ်၊ သိန္ဓောကျေးရွာအုပ်စုမှ တပ်ချိန်းပြီးဆင်းလာသော ခရလ(၁၀၁)ကျွဲကူးအခြေစိုက် စစ်ကောင်စီ တပ်သားများအား ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်တပ်ဖွဲ့များဖြစ်သည့် ဘက်မလိုက်ပြောက် ကျားတပ်ဖွဲ့(တနင်္သာရီ ပကဖ)SWDF၊ မြိတ်ခရိုင် တပ်ရင်း(၂)တို့မှ ကျွဲထိန်းကုန်ရွာအနီး ၊တောင်ဘိန်းကွင်းအဖြတ်တွင် နှစ်ကြိမ်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒီကောင်တွေ တပ်အချိန်းအပြောင်းလုပ်ပြီး ပြန်ဆင်းလာတဲ့အချိန် လမ်းကနေစောင့်ပြီး မိုင်းဆွဲတာ။ နှစ်ကြိမ်မှာ တစ်ကြိမ်နဲ့တစ်ကြိမ် သိပ်ပြီးမကွာလိုက်ဘူး”ဟု မြိတ်ခရိုင် ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ခြောက်ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ် ရာရသူများလည်းရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုကြပြီး စစ် ကောင်တပ်သားသေဆုံးမှုအခြေအနေအား People’s Spring က သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သားများ သည် တနင်္သာရီမြို့နယ် ခလရ(၅၆၁)ညောင်ပင်းကွင်းအနီး တပ်အတွင်းသို့ အပြေးအလွှားဝင်ရောက်သွားခဲ့ပြီး ယခုရက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုမတွေ့ရကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတက်ဖွဲ့များက ပြောသည်။

လက်ရှိအခြေအနေတွင် တနင်္သာရီမြို့နယ်အတွင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို အတိအကျလိုက်နာပေးကြရန် တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။