Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့နယ်တွင် တပ်ချိန်းလာသည့် စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရပြီး ခြောက်ဦးသေဟုဆို

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သားများ သည် တနင်္သာရီမြို့နယ် ခလရ(၅၆၁)ညောင်ပင်းကွင်းအနီး တပ်အတွင်းသို့ အပြေးအလွှားဝင်ရောက်သွားခဲ့ပြီး ယခုရက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုမတွေ့ရကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတက်ဖွဲ့များက ပြောသည်။

(တနင်္သာရီအခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးအား ရှေ့တန်းတစ်နေရာတွင်တွေ့ရစဥ်)
(တနင်္သာရီအခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးအား ရှေ့တန်းတစ်နေရာတွင်တွေ့ရစဥ်)

တနင်္သာရီမြို့နယ်တွင် တပ်ချိန်းပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဇွန်လ ၁၂ ရက် နံနက် ၉နာရီခန့်က တနင်္သာရီမြို့ နယ်၊ သိန္ဓောကျေးရွာအုပ်စုမှ တပ်ချိန်းပြီးဆင်းလာသော ခရလ(၁၀၁)ကျွဲကူးအခြေစိုက် စစ်ကောင်စီ တပ်သားများအား ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်တပ်ဖွဲ့များဖြစ်သည့် ဘက်မလိုက်ပြောက် ကျားတပ်ဖွဲ့(တနင်္သာရီ ပကဖ)SWDF၊ မြိတ်ခရိုင် တပ်ရင်း(၂)တို့မှ ကျွဲထိန်းကုန်ရွာအနီး ၊တောင်ဘိန်းကွင်းအဖြတ်တွင် နှစ်ကြိမ်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒီကောင်တွေ တပ်အချိန်းအပြောင်းလုပ်ပြီး ပြန်ဆင်းလာတဲ့အချိန် လမ်းကနေစောင့်ပြီး မိုင်းဆွဲတာ။ နှစ်ကြိမ်မှာ တစ်ကြိမ်နဲ့တစ်ကြိမ် သိပ်ပြီးမကွာလိုက်ဘူး”ဟု မြိတ်ခရိုင် ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ခြောက်ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ် ရာရသူများလည်းရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုကြပြီး စစ် ကောင်တပ်သားသေဆုံးမှုအခြေအနေအား People’s Spring က သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သားများ သည် တနင်္သာရီမြို့နယ် ခလရ(၅၆၁)ညောင်ပင်းကွင်းအနီး တပ်အတွင်းသို့ အပြေးအလွှားဝင်ရောက်သွားခဲ့ပြီး ယခုရက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုမတွေ့ရကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတက်ဖွဲ့များက ပြောသည်။

လက်ရှိအခြေအနေတွင် တနင်္သာရီမြို့နယ်အတွင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို အတိအကျလိုက်နာပေးကြရန် တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။