Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ နိုင်ငံအတွင်း အကြမ်းဖက်မှုများကို ပိုမိုကြီးထွားလာစေဟု အရပ်ဘက်အဖွဲ့များ ထုတ်ပြန်

တရားမဝင် မြန်မာစစ်ကောင်စီ ပါဝင်သော လျှို့ဝှက်အစည်းအဝေးကို မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြင်းထန်စွာရှုတ်ချပြီး အစည်းအဝေးကို ချက်ချင်းဖျက်သိမ်းပေးရန် ယင်းအဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာမှတဆင့် တောင်းဆိုသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများအား စစ်ကောင်စီတပ်သားများ​၏ ပစ်ခတ်ဖြိုခွင်းမှု ခံနေရသည်ကို ၂၀၂၁ မတ်လ ၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများအား စစ်ကောင်စီတပ်သားများ​၏ ပစ်ခတ်ဖြိုခွင်းမှု ခံနေရသည်ကို ၂၀၂၁ မတ်လ ၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)

ထိုင်းနိုင်ငံ ဘန်ကောက်၌ ကျင်းပသည့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ နိုင်ငံအတွင်း အကြမ်းဖက်မှုများကို ပိုမိုကြီးထွားလာစေရန်မျှမက အကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်း၏ စစ်မှန်သော ကြိုးပမ်းမှုများကိုပါ ပျက်ပြားစေမည်ဟု အရပ်ဘက်အဖွဲ့အစည်း ၃၁၆ ဖွဲ့မှ လက်မှတ်ရေးထိုးထုတ်ပြန်သည်။

တရားမဝင် မြန်မာစစ်ကောင်စီ ပါဝင်သော လျှို့ဝှက်အစည်းအဝေးကို မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြင်းထန်စွာရှုတ်ချပြီး အစည်းအဝေးကို ချက်ချင်းဖျက်သိမ်းပေးရန် ယင်းအဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာမှတဆင့် တောင်းဆိုသည်။

ယင်းအစည်းအဝေးမှာ မြန်မာစစ်တပ်၏ တစ်နိုင်ငံလုံးအပေါ် အကြမ်းဖက် စစ်ဆင်ရေးများ နှစ်ရှည်လများ ဆင်နွှဲကာ အာဏာဆက်လက်ဆုပ်ကိုင်ရန် ကြိုးပမ်းနေမှုကို ဆန့်ကျင်တွန်းလှန်ရင်း အသက်စတေးခဲ့ကြရသည့် မြန်မာပြည်သူများအား လုံးလုံးလျားလျား စော်ကားလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီသည် မည်သည့်အခါကမှ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ မဟုတ်သလို နိုင်ငံ၏နယ်မြေများကို ထိထိရောက်ရောက် ချုပ်ကိုင် အုပ်ချုပ်နိုင်ခြင်းလည်း မရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရာထူးမှ နှုတ်ထွက်တော့မည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ လျှို့ဝှက်လုပ်ဆောင်မှုသည် အဆင့်မြင့် အစည်းအဝေးများတွင် မြန်မာစစ်ကောင်စီအား ဖိတ်ကြားခြင်း မပြုသည့် အာဆီယံ၏ သဘောတူညီချက်နှင့် ပြောင်ပြောင်တင်းတင်းပင်ဆန့်ကျင်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ဖိတ်ကြားစာတွင် နိုင်ငံခြားရေးဝန်ကြီးဒွန် ၏ “အာဆီယံနိုင်ငံများအနေနှင့် မြန်မာနိုင်ငံကို ခေါင်းဆောင်ပိုင်းအဆင့် အပြည့်အ၀ ပြန်လည် ဆက်ဆံသင့်သည်” ဟု ဖော်ပြထားမှုအပေါ် အရပ်ဘက်အဖွဲ့များ ပြင်းစွာဒေါသထွက်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။