Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲ စစ်ကောင်စီတပ်အထိနာပြီးနောက် ကျေးရွာကို ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ပန်းသာကျေးရွာကို ယမန်နေ့(ဇွန်လ ၁၇ရက်) ည ၇နာရီခန့်နှင့် ၇နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

(ပန်းသာကျေးရွာပြ မြေပုံအား တွေ့ရစဥ်)
(ပန်းသာကျေးရွာပြ မြေပုံအား တွေ့ရစဥ်)

တမူးမြို့နယ်၌ ဇွန်လ ၁၅ ရက်ကတိုက်ပွဲတွင် စစ်ကောင်စီတပ်အထိနာပြီးနောက် အဆိုပါမြို့နယ်ရှိ ပန်းသာကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တမူးမြို့ခံများက ပြောသည်။

ပန်းသာကျေးရွာကို ယမန်နေ့(ဇွန်လ ၁၇ရက်) ည ၇နာရီခန့်နှင့် ၇နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“ရွာထဲတစ်လုံး၊ ရွာပြင်တစ်လုံး ကျတယ်။ ကျွန်တော်တို့ရဲဘော်တွေ အထိအခိုက်မရှိဘူး။ ရွာထဲအခြေအနေကိုတော့ မသိဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျုစောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၁၅ရက် နံနက်တွင် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၂၀ဦးခန့်သေပြီး သေဆုံးသူများတွင် ပန်းသာရွာမှ ပျူစောထီးခေါင်းဆောင်လည်း ပါဝင်သည်ဟု တမူးမြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ပျူတွေတော်တော်သေတယ် ကြားတယ်ဗျ။ ပထမ ငါးယောက်လောက်ပဲ ကြားတာ။ ဒီနေ့ကြားတာ ၂၀လောက်ကိုရှိတယ်ဗျ”ဟုတမူးမြို့ခံတစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီတပ်သားများ သေဆုံးမှုကို People’s Spring အနေဖြင့် အတည်မပြုနိုင်သေးပေ။

ပန်းသာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ရေးတင်းမာနေပြီး အရပ်သားအများအပြားပိတ်မိနေသည်ဟု သတင်းရရှိသည်။ စစ်ရေးဆက်လက်တင်းမာလာနိုင်၍ ဘေးလွတ်ရာထွက်ခွာလိုသည့် ဒေသခံများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဘေးလွှတ်ရာသို့ ပို့ဆောင်ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ပန်းသာကျေးရွာသည် ပျူစောထီးကြီးစိုးသည့်ရွာဖြစ်ပြီး ကျေးရွာမှထွက်ခွာလိုသည့် ဒေသခံများတွင် ပျူစောထီးမိသားစုဝင်များလည်း ပါဝင်လာသောကြောင့် ၎င်းတို့ကိုလည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဘေးလွှတ်ရာသို့ ပို့ဆောင်ပေးနေကြောင်း အထက်ပါထောက်ပို့ရဲဘော်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။