Connect with us

Hi, what are you looking for?

သတင်း

တအာင်းမြေတက္ကသိုလ် ဒီဇင်ဘာတွင် ကျောင်းသားစတင်လက်ခံမည်ဟု ‌ကြေညာ

တအာင်းဒေသ၏ အဆင့်မြင့်ပညာရေးကို ခေတ်နှင့်အညီပြောင်းလဲတိုးတက်မြှင့်တင်နိုင်ရန် ဦးတည်ပြီး တအာင်းဒေသရှိ ကျောင်းသူ၊ သားတိုင်းအတွက် လက်လှမ်းမှီနိုင်သော အရည်အသွေးပြည့် အဆင့်မြင့် ပညာရေးစနစ် ပေါ်ထွန်းလာစေရန် ဖြစ်ကြောင်း ထုတ်ပြန်သည်။

တအာင်းမြေတက္ကသိုလ် ဒီဇင်ဘာတွင် ကျောင်းသားစတင်လက်ခံမည်ဟု ‌ကြေညာ
တအာင်းမြေတက္ကသိုလ် ဒီဇင်ဘာတွင် ကျောင်းသားစတင်လက်ခံမည်ဟု ‌ကြေညာ

NUG ပညာရေးအောက်ရှိ ကျောင်းသားများနှင့် အာဏာမသိမ်းမီက အခြေခံပညာပြီး မြောက်သူများအတွက် ရည်ရွယ်ဟုဆို

တအာင်းဒေသတွင် တအာင်းမြေတက္ကသိုလ် (Taang Land University) ကို ၂၀၂၄ အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ရာ ယခုနှစ် ဒီဇင်ဘာတွင် ကျောင်းသားများလက်ခံသွားမည်ဟု တအာင်းအမျိုးသားပညာရေးကော်မတီ(TNEC)က ယနေ့ အသိပေးထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအရ တအာင်းဒေသအတွင်းတွင် (CDM) ပြုလုပ်ထားသည့် အဆင့်မြင့်ပညာကျောင်းသူ၊ သားများအနေဖြင့် တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရန် အတွက်သော်လည်းကောင်း၊ Covid-19 ရောဂါကူးစက်ခြင်းနှင့် စစ်အာဏာသိမ်းခြင်းတို့ကြောင့် ပညာရေးစာသင်နှစ် (၂)နှစ် (၂၀၂၀ နှင့် ၂၀၂၁) လစ်ဟင်းခဲ့သဖြင့် ပညာရေးနစ်နာကြရသော တအာင်းဒေသရှိ လူငယ်များ အဆင့်မြင့်ပညာသင်ကြားနိုင်ရန်အတွက် ယခုကဲ့သို့ ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ဆိုသည်။

တအာင်းဒေသ၏ အဆင့်မြင့်ပညာရေးကို ခေတ်နှင့်အညီပြောင်းလဲတိုးတက်မြှင့်တင်နိုင်ရန် ဦးတည်ပြီး တအာင်းဒေသရှိ ကျောင်းသူ၊ သားတိုင်းအတွက် လက်လှမ်းမှီနိုင်သော အရည်အသွေးပြည့် အဆင့်မြင့် ပညာရေးစနစ် ပေါ်ထွန်းလာစေရန် ဖြစ်ကြောင်း ထုတ်ပြန်သည်။

အရည်အချင်းပြည့်မှီသော အသိပညာ၊အတတ်ပညာရှင်များ နှစ်စဉ်မွေးထုတ်နိုင်ရန်နှင့် တက္ကသိုလ်မှ အရည်အချင်းပြည့်မှီသူများကို နိုင်ငံတကာ နှင့် အခြားအဆင့်မြင့် (မိတ်ဖက်) တက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက်ပညာသင်ယူနိုင်ရန် ရည်ရွယ်ထားသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

တအာင်းမြေတက္ကသိုလ်သို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခဲ့သော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်စာမေးပွဲ – ၂၀၂၃ကို ဖြေဆိုအောင်မြင်ပြီးသူများအတွက် သော်လည်းကောင်း၊ ၂၀၂၁ စစ်အာဏာမသိမ်းမီကာလတွင် အခြေခံ ပညာပြီးမြောက်သူများအတွက်သော်လည်းကောင်း၊ ရည်ရွယ်၍ ပထမနှစ်သင်တန်းကို ၂၀၂၃ ဒီဇင်ဘာလတွင် စတင်လက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

တအာင်းမြေတက္ကသိုလ်တွင် နေ့ကျောင်း (Day)ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး လက်ခံ သင်ကြားမည့် အထူးပြုဘာသာရပ်များမှာ ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် စီးပွားရေးပညာ၊ ဒဿနိကဗေဒ၊ သိပ္ပံဘာသာရပ်များဖြစ်သည့် ရုက္ခဗေဒနှင့် အခြားဘာသာရပ်များဖြစ်သော နိုင်ငံရေးသိပ္ပံ၊ စိုက်ပျိုးမွေးမြူရေး တို့ ပါဝင်သည်ဟု ဆိုသည်။

နိုင်ငံခြားပညာသင်ဆုလေ့ကျင့်ပေးမည့်အစီအစဉ်လည်းရှိရာ တအာင်းမြေတက္ကသိုလ်သည် တအာင်းဒေသမှ ပညာတတ်လူငယ်များ နိုင်ငံခြားတက္ကသိုလ်များတွင် ပညာသင်ဆုရရှိနိုင်ရန်အတွက် Scholarships Training & Preparation အစီအစဉ်ကိုလည်း အချိန်ကာလ (၆)လ (သို့) (၁)နှစ် လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

တအာင်းမြေတက္ကသိုလ် (Taang Land University)သည် Online Teaching and Learning System ကို WOU (Wunzin Online University)နှင့် အဓိက ချိတ်ဆက်သင်ကြားမည်ဖြစ်ပြီး လိုအပ်ပါက MNOU (Myanmar Nway-Oo Online University)နှင့် ချိတ်ဆက်သင်ကြားနိုင်ရန် စီစဉ်ထားကြောင်း အသိပေးသည်။

အသေးစိတ်သိရှိလိုပါက TNEC Page messenger နှင့် taangeducation.tnec@protonmail.com တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။