Connect with us

Hi, what are you looking for?

သတင်း

ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်း ယနေ့နံနက် ငလျင်လှုပ်ခတ်

ငလျင်သည် မြေအနက် ၁၀ ကီလိုမီတာခန့်တွင်ဗဟိုပြု၍ ယနေ့(ဇွန်လ ၂၁ရက်) ၉နာရီ ၁၇မိနစ်တွင် လှုပ်ရှားခြင်းဟု ထုတ်ပြန်ထားသည်။

ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်း ယနေ့နံနက် ငလျင်လှုပ်ခတ်
ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်း ယနေ့နံနက် ငလျင်လှုပ်ခတ်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်း ယနေ့နံနက် ၉နာရီကျော်က ရစ်ခ်ျတာစကေး ၄ဒဿမ ၇အဆင့်ငလျင်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာန USGS က သတင်းထုတ်သည်။

ငလျင်သည် မြေအနက် ၁၀ ကီလိုမီတာခန့်တွင်ဗဟိုပြု၍ ယနေ့(ဇွန်လ ၂၁ရက်) ၉နာရီ ၁၇မိနစ်တွင် လှုပ်ရှားခြင်းဟု ထုတ်ပြန်ထားသည်။

“ငလျင်က မသိလိုက်ဘူး။ ဒါပေမယ့် ငလျင်သတင်းကြားတော့ ကြောက်တယ်။ အင်အားပြင်းပြင်း မလှုပ်ဖို့ပဲ ဆုတောင်းနေရတာပဲ”ဟု ဖျာပုံမြို့ခံတစ်ဦးကပြောသည်။

ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်း သုံးရက်အတွင်း နှစ်ကြိမ်မြောက်လှုပ်ခြင်းဖြစ်သည်။ ဇွန်လ ၁၉ ရက် ၈ နာရီခန့်ကလည်း ရစ်ခ်ျတာစကေး ၅ဒဿမ ၄ အဆင့်ငလျင်လှုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းအတွင်း ရန်ကုန်မြိုနှင့် ထိစပ်နေသော မြို့နယ်အချို့တွင် ငလျင်လှုပ်ရှားမှု မကြာခဏ ဖြစ်နေသည်။ပြီးခဲ့သည့် ဇွန်လ ၇ရက်က မအူပင်မြို့တွင် အင်အားရစ်ချ်တာစကေး ၄ဒဿမ၈အဆင့် လှုပ်ခတ်ခဲ့ပြီး မြို့ပေါ်မှ အဆောက်အဦအချို့ ပြိုကျပျက်စီးခဲ့သည်။ မအူပင်မြို့၊မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အဆောက်အဦးတစ်ခုပြိုကျရာ သီလရှင်တစ်ပါးနှင့်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖျာပုံမြို့နယ် အ​ရှေ့​တောင်ဘက် ၇၂ မိုင်​ကျော်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုပြီး​တော့ ယ​နေ့ည ၁၁ နာရီခွဲ​ကျော်မှာအင်အားအသင့်အတင့်ရှိတဲ့​မြေငလျင်လှုပ်ရှားခဲ့တယ်လို့ အ​မေရီကန် ​မြေငလျင်တိုင်းတာ​ရေးဌာန (USGS)ကထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ၂လကျော် ပျောက်ဆုံးနေသော (၂၃)နှစ်အရွယ်အမျိုးသမီး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် တရားဥပဒေမစိုးမိုးတော့ကြောင်း မြို့ခံများက ပြောသည်။

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

သတင်း

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။