Connect with us

Hi, what are you looking for?

သတင်း

ဖျာပုံမြို့အနီး အင်အားအသင့်အတင့်ရှိငလျင်လှုပ်

ဖျာပုံမြို့နယ် အ​ရှေ့​တောင်ဘက် ၇၂ မိုင်​ကျော်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုပြီး​တော့ ယ​နေ့ည ၁၁ နာရီခွဲ​ကျော်မှာအင်အားအသင့်အတင့်ရှိတဲ့​မြေငလျင်လှုပ်ရှားခဲ့တယ်လို့ အ​မေရီကန် ​မြေငလျင်တိုင်းတာ​ရေးဌာန (USGS)ကထုတ်ပြန်ပါတယ်။

သြဂုတ်-၃၀၊၂၀၂၅။People’s Spring

ဖျာပုံမြို့နယ် အ​ရှေ့​တောင်ဘက် ၇၂ မိုင်​ကျော်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုပြီး​တော့ ယ​နေ့ည ၁၁ နာရီခွဲ​ကျော်မှာအင်အားအသင့်အတင့်ရှိတဲ့​မြေငလျင်လှုပ်ရှားခဲ့တယ်လို့ အ​မေရီကန် ​မြေငလျင်တိုင်းတာ​ရေးဌာန (USGS)ကထုတ်ပြန်ပါတယ်။

​​မြေငလျင်ဟာ​မြေ​အောက်အနက် ၆ မိုင်​ကျော်(၁၀ကီလိုမီတာ)ကိုဗဟိုပြုပြီး​တော့ ပြင်းအားရစ်ချ်တာစကေး ၅ အဆင့်နဲ့ လှုပ်ခတ်တာလို့ USGSက​ဖော်ပြပါတယ် ။ USGS က ကမ္ဘာတစ်ဝန်း​မြေငလျင်လှုပ်ရှားမှု​တွေကို ​စောင့်ကြည့်မှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ် ။

အမျိုးသားညီညွတ်​ရေးအစိုးရMOHADM ကလည်း ​မြေငလျင်သတင်းထုတ်ပြန်တာမှာသြဂုတ်လ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၁:၃၅ မိနစ်အချိန်ခန့်မှာ မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ အနက်၁၀ကီလိုမီတာကိုဗဟိုပြုပြီး​တော့ ရစ်ချ်တာစကေး ၅.၁ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှု​တွေလျော့နည်းစေဖို့အတွက် ငလျင်နဲ့ပတ်သက်ပြီးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန် အချက်​တွေနဲွနအညီ နေထိုင်ကြဖို့လည်း MOHADM ကအသိပေးထားပါတယ် ။ ဒီလပိုင်းအတွင်းမှာ မုတ္တမ​ကွေ့ နဲ့ ကပ္ပလီပင်လယ်ပြင်မှာ ဗဟိုပြုလှုပ်ခတ်တဲ့ ငလျင်​တွေ မကြာခဏလှုပ်ခတ်လာပြီးရန်ကုန်အပါအဝင်​ဒေသအချို့က ခံစားသိရှိရ​လေ့ရှိပါတယ် ။

ယ​နေ့ညလှုပ်ခတ်တဲ့​မြေငလျင်ကို သိရှိခံစားရတာ၊ ငလျင်​ကြောင့်ထိခိုက်ပျက်စီးတာ​တွေရှိရင်လည်း မှတ်ချက်​ရေးသားမျှ​ဝေနိုင်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

Facebook