Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရလှူဖို့ ရင်ထိုးလေလံတင်တဲ့ သရုပ်ဆောင်ဒေါင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရလှူဖို့ ရင်ထိုးလေလံတင်တဲ့ သရုပ်ဆောင်ဒေါင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရလှူဖို့ ရင်ထိုးလေလံတင်တဲ့ သရုပ်ဆောင်ဒေါင်း

ပရိသတ်များ အမှတ်တရပေးထားသည့် မြန်မာပြည်မြေပုံရင်ထိုးကို လေလံတင်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရအဖြစ် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် လှူဒါန်းမည်ဟု သရုပ်ဆောင်ဒေါင်းက အသိပေးထားသည်။

“မနက်ဖြန် ( ၁၉.၆.၂၀၂၃) မှာ ကျရောက်မယ့် အမေ့မွေးနေ့မှာ အမှတ်တရလေးတခုတော့လုပ်ပေးချင်လို့ အစီအစဉ်လေးတခု စဉ်းစားထားပါတယ်။ ကျွန်တော်ထိုင်းနိုင်ငံ TVGold Award ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ မြန်မာပြည်မြေပုံ ရင်ထိုးလေးကို ဈေးအများဆုံးပေးတဲ့သူကိုရောင်းချင်ပါတယ်”ဟု Daung Art Corner ၏ ဖေ့စ်ဘွတ်ခ်၌ ယနေ့ည ၇နာရီတွင် ကြေညာထားသည်။

ရင်ထိုးရောင်းချငွေ အားလုံးကို‌ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် စစ်ကောင်စီ၏ရန်ကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် လှူဒါန်းမည်‌ဖြစ်‌ သောကြောင့် ရင်ထိုးဝယ်ယူမည့် ဈေးနှုန်းကို ယနေ့ည ၁၂ နာရီခွဲ နောက်ဆုံးထား၍ Daung Art Corner ၏ ‌မက်ဆန်ဂျာတွင် လာရောက်ပြောနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ကျပ်သုံးဘီလီယံ လျော့၍ ရောင်းချရန် ရန်ကုန်မြို့ ၊ကမာရွတ်မြို့နယ်တရားရုံးက အမိန်ချမှတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၁၃) ကျရောက်သည့် ကမ္ဘာ့အမေများနေ့တွင် စစ်တပ်၏ မတရားဖမ်းဆီး​ထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ပါစေကြောင်း ဖားကန့်မြို့နယ်ရှိ မှော်လှည့်သပိတ်က တောင်းဆိုဆန္ဒပြခဲ့ကြသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ဟာ စိန့်ဟုဂျ် ကောလိပ်မှာ ၁၉၆၈ ခုနှစ်တုန်းက ဘွဲ့ကြိုတန်း တက်ရောက်ခဲ့ဖူးသလို နောက်ပိုင်းမှာ ဂုဏ်ထူးဆောင် ဘွဲ့ကိုလည်း အဲဒီကောလိပ်ဆီကနေ အပ်နှင်းခံခဲ့ရပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း(ခေါ်)ကင်မ်အဲရစ်က ထပ်မံတောင်းဆိုသည်။