Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရလှူဖို့ ရင်ထိုးလေလံတင်တဲ့ သရုပ်ဆောင်ဒေါင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရလှူဖို့ ရင်ထိုးလေလံတင်တဲ့ သရုပ်ဆောင်ဒေါင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရလှူဖို့ ရင်ထိုးလေလံတင်တဲ့ သရုပ်ဆောင်ဒေါင်း

ပရိသတ်များ အမှတ်တရပေးထားသည့် မြန်မာပြည်မြေပုံရင်ထိုးကို လေလံတင်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရအဖြစ် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် လှူဒါန်းမည်ဟု သရုပ်ဆောင်ဒေါင်းက အသိပေးထားသည်။

“မနက်ဖြန် ( ၁၉.၆.၂၀၂၃) မှာ ကျရောက်မယ့် အမေ့မွေးနေ့မှာ အမှတ်တရလေးတခုတော့လုပ်ပေးချင်လို့ အစီအစဉ်လေးတခု စဉ်းစားထားပါတယ်။ ကျွန်တော်ထိုင်းနိုင်ငံ TVGold Award ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ မြန်မာပြည်မြေပုံ ရင်ထိုးလေးကို ဈေးအများဆုံးပေးတဲ့သူကိုရောင်းချင်ပါတယ်”ဟု Daung Art Corner ၏ ဖေ့စ်ဘွတ်ခ်၌ ယနေ့ည ၇နာရီတွင် ကြေညာထားသည်။

ရင်ထိုးရောင်းချငွေ အားလုံးကို‌ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် စစ်ကောင်စီ၏ရန်ကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် လှူဒါန်းမည်‌ဖြစ်‌ သောကြောင့် ရင်ထိုးဝယ်ယူမည့် ဈေးနှုန်းကို ယနေ့ည ၁၂ နာရီခွဲ နောက်ဆုံးထား၍ Daung Art Corner ၏ ‌မက်ဆန်ဂျာတွင် လာရောက်ပြောနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။