Connect with us

Hi, what are you looking for?

သတင်း

မော်လိုက်စခန်းသိမ်းတိုက်ပွဲ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီတပ် ၁၀ဦးသေ

စခန်းသိမ်းတိုက်ပွဲမှာ နံနက် ၅နာရီ ၁၅မိနစ်အချိန်မှ နံနက် ၁၁နာရီ ၄၅မိနစ်ခန့်အထိ ၆နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး ရန်သူအကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၀ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

▪️လက်နက် ၇လက်နှင့် ကျည်ခဲယမ်းများစွာရဟု NUG အသိပေး

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်၊ တောင်အင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ် စခန်းကုန်းအား ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀ဦးသေဆုံးပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီ၏ ခမရ (၃၆၅)၊ခမရ (၃၆၆)၊ ရဲနှင့် ပျူစောထီး အင်အား ၅၀ခန့် ပူးပေါင်းအခြေချတပ်စွဲထားသော စခန်းကုန်းအား ဇွန်လ ၃၀ရက် နံနက်အစောပိုင်း၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း (၂)၊ တပ်ရင်းမှူးဦးစီးသော ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီတပ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)တွင် ယာယီ အခြေပြုထားသည့် Mi-35 အကြီးစားတိုက်ခိုက် ရေး ရဟတ်ယာဉ်ဖြင့် သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီးတံတားဦး လေတပ်စခန်းမှ တက်လာသည့် A-5 ဗုံးကြဲတိုက်ခိုက်ရေး လေယာဉ်ဖြင့် တစ်ကြိမ်လာရောက် တိုက်ခိုက်ခဲ့သော်လည်း ရန်သူ့စခန်းကုန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း အသိပေးထားသည်။

(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

စခန်းသိမ်းတိုက်ပွဲမှာ နံနက် ၅နာရီ ၁၅မိနစ်အချိန်မှ နံနက် ၁၁နာရီ ၄၅မိနစ်ခန့်အထိ ၆နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး ရန်သူအကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၀ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

ထို့ပြင် စစ်ကောင်စီတပ်ထံမှ MA-7 (၆၀) မမ စိန်ပြောင်းအရှည် တစ်လက်၊ BA-100 (၆၀) မမ ကွန်မန်ဒိုစိန်ပြောင်း တစ်လက်၊ MA-10 RPG တစ်လက်၊ MA 1 တစ်လက်၊ MA 2 တစ်လက်၊ BA-64 တစ်လက်၊ M1 ကာဘိုင် တစ်လက်နှင့် ကျည်၊ ခဲယမ်းအများအပြား စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း PDFရဲဘော်များ ထိခိုက်ကျဆုံး ရှိ၊မရှိ အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။