Connect with us

Hi, what are you looking for?

News

မော်လိုက်မြို့ သစ်တောရုံး ဖောက်ခွဲဖျက်ဆီးခံရ

စစ်ကောင်စီလက်အောက်ခံ Non CDM သစ်တောဝန်ထမ်းများ သစ်ခိုးထုတ်မှု အလွန်ဆိုးရွားနေ ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယခုကဲ့သို့ မိုင်းဆွဲ တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

စစ်ကိုင်းတိုင်း မော်လိုက်မြို့ သစ်တောဦးစီးဌာနရုံး ယနေ့ နံနက်ပိုင်းတွင် ဖောက်ခွဲဖျက်ဆီးခံလိုက်ရပြီး ရုံးအဆောက်အဦးနှင့် အသုံးအဆောင်ပစ္စည်းများ ပျက်စီးသွားသည်။

မော်လိုက်မြို့ မြို့မ(၂)ရပ်ကွက်ရှိ သစ်တောရုံးမှာ ယနေ့(ဧပြီ ၅ရက်) နံနက် ၆နာရီခန့်တွင် မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

“ပေါက်ကွဲတာက တော်တော်းလေး ပြင်းတယ်ပြောရမယ်။ ပေါက်ကွဲပြီး မကြာခင် စစ်ခွေးတွေ ရောက်လာတယ်။ မကွဲသေးတဲ့ မိုင်အချို့လည်း ထပ်တွေ့ တယ်ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ Non CDM သစ်တောဝန်ထမ်းများ သစ်ခိုးထုတ်မှု အလွန်ဆိုးရွားနေ ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယခုကဲ့သို့ မိုင်းဆွဲ တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

မော်လိုက်မြို့ သစ်တောရုံးပေါက်ကွဲမှုအား မည်သည့်အဖွဲ့က ပြုလုပ်သည်ကိုမသိရသေးပေ။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မော်လိုက်မြို့သည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် လူသိနည်းပြီး ယခုရက်ပိုင်းမှစ၍ တိုက်ခိုက်မှုအရှိန်မြှင့်မည်ဟု သတင်းများထွက်ပေါ်နေသည်။မော်လိုက်မြို့တွင် မော်လိုက်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(Mawlaik People’s Defence Force-MLPDF)အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လေးဖွဲ့အထိ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ထော်သာပျူစောထီးစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က သိမ်းပိုက်စဉ်ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းနှင့် မိသားစုဝင် အားလုံး သတ်ဖြတ်ခံရကြောင်း စစ်ကောင်စီ၏ ဝါဒဖြန်မှုမှာ မှားယွင်းကြောင်း ကာယကံရှင်စစ်သုံ့ပန်းနှင့် ထော်သာရွာသားများကရှင်းလင်းပြောကြားခဲ့ကြသည်။

သတင်း

ကျုံအိတ်တံတားအား စစ်ကောင်စီက ထောက်ပို့လမ်းအဖြစ် အသုံးပြုနေသောကြောင့် ဖောက်ခွဲခဲ့ခြင်းဟုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောခဲ့သည်။

သတင်း

လက်ရှိတွင် ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား-လွယ်ဂျယ်လမ်း၊ လိုင်ဇာအနီးဒေသများ၊ ဖားကန့် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများစွာကို KIAက ဆက်တိုက် သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

သတင်း

ပန်ဇင်းချောင်းတံတားသည် ဘူးသီးတောင်-ရသေ့တောင်မြို့အဓိက ဆက်သွယ်ထားပြီး အရှည် ၉၆၀ ပေရှိ သံကူကွန်ကရစ်တံတားဖြစ်သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တံတားအထူးအဖွဲ့(၈)မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။