Connect with us

Hi, what are you looking for?

သတင်း

ကရင်နီတွင် ​အောင်မြင်မှုများ ဆက်တိုက်ရရှိ​နေဟု KNDF ဥက္ကဌ အသိ​ပေး

ဇွန်လ ၁၃ ရက်နေ့က စ၍ ရွာသစ်မြို့နှင့် မယ်စဲ့မြို့နယ်များရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီက မြေပြင် တပ်ရင်း လေးခု အသုံးပြု၍ ပြန်လည်ထိုးစစ် ဆင်နေသည်။

(ကရင်နီပြည်နယ် ၊မယ်စဲ့မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်များ သိမ်းဆည်းရရှိ​သော၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)
(ကရင်နီပြည်နယ် ၊မယ်စဲ့မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်များ သိမ်းဆည်းရရှိ​သော၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ် တိုက်ပွဲများတွင် အောင်မြင်မှုများ အဆက်မပြတ်ရရှိနေကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်ဘီးထူး က ပြောသည်။

လက်ရှိ မယ်စဲ့ မြို့သိမ်းတိုက်ပွဲအပါအဝင် ကရင်နီဒေသ၏ စစ်ရေးကို KNDF ၏ လူမှုကွန်ယက် စာ မျက်နှာမှတဆင့် ယနေ့ ညပိုင်းတွင် ၎င်းက အထက်ပါအတိုင်း သတင်းစကားပါခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ အခြေအနေအရတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ အရာတွေရှိသလို ကျွန်တော်တို့ဘက်ကတော့ လောလောဆယ်အထိ အောင်မြင်မှုတွေ အဆက်မပြတ်ရရှိထားပါတယ်။ရရှိထားတဲ့ အရာတွေကို သိုဝှက်ထားတာမဟုတ်ပါဘူး။သို့သော် လောလော ဆယ် စီစဥ်စရာလေးတွေရှိသေးတဲ့အတွက် နားလည်ပေးဖို့ ပြောလိုပါတယ်”ဟု KNDF ဥက္ကဌက ရှင်းပြသည်။

(ကရင်နီပြည်နယ် ၊မယ်စဲ့မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်များ သိမ်းဆည်းရရှိ​သော၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)
(ကရင်နီပြည်နယ် ၊မယ်စဲ့မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်များ သိမ်းဆည်းရရှိ​သော၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)

အထူးသဖြင့် စစ်ရေးအရ အရေးကြီးသည့်အောင် မြင်မှု များ ဆက်လက်ရရှိနိုင်ရန်အတွက် သတင်းထုတ်ပြန်မှုကို အစောတလျင်မပြုလုပ်သေးဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

သို့သော် လက်ရှိအချိန်ထိ စိတ်အားငယ်မှုမရှိဘဲ ပံ့ပိုးကူညီနေသည့် ထောက်ပို့ကဏ္ဍမှပြည်သူအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ခွန်းဘီထူးက ဆိုသည်။

“အရေးအကြီးဆုံးက ခုချိန်မှာကျွန်တော်တို့အတွက် ထောက်ပို့ကူညီမှုတွေကို ဆက်လက်ပံပိုးပေးဖို့တိုက်တွန်းလိုပါတယ်”ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် လေယာဥ်ပစ်လက်နက် ပွိုင့် ၅ ကမ်ပိန်းမှာအောင်မြင်စွာ ပြီးဆုံးသွားပြီဟုလည်း အသိပေးထား သည်။

(ကရင်နီပြည်နယ် ၊မယ်စဲ့မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်များ သိမ်းဆည်းရရှိ​သော၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)
(ကရင်နီပြည်နယ် ၊မယ်စဲ့မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်များ သိမ်းဆည်းရရှိ​သော၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)

“KNDF ရဲ့ ပွိုင့် ၅ ကမ်ပိန်းကလည်း အောင်မြင်စွာ ပြီး ဆုံးသွားပါပြီ။အရေးအကြီးဆုံးက ကရင်နီ ပွိုင့် ၅ ကမ်ပိန်း facebook page(ယခု ကရင်နီအိပ်မက်ဟု အမည်ပြောင်းထားသည်)ကို KNDF ရဲ့ Fundraising page အဖြစ် ဆက်လက်ပြီးတော့ မှ တည်​ဆေက်သွားမှာ ဖြစ်ပါတယ်။KNDF အတွက် တပ်ရင်း အသီးသီးအတွက် အဲဒီ Page ကနေ ထည့်ဝင်လှူဒါန်းနိုင်သလို KNDF ဗဟိုက စီစဥ်တဲ့ Fundraising ကိစ္စတွေမှာ လည်း ပါဝင်ကူညီပေးဖို့ ဖိတ်ခေါ်လိုပါတယ်။ဒီ Page က ကျွန်တော်တို့ရဲ့ တရားဝင် Page ဖြစ်သလို အဆက်မပြတ်ပံ့ပိုးကူညီသူအားလုံးနဲ့လည်း အတက် နိုင်ဆုံး အနီးစပ်ဆုံး ဆက်လက်ပြီးတော့မှ တည် ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်”ဟု KNDF ဥက္ကဌက ပြောသည်။

ပွိုင့် ၅ ၏ အောင်မြင် မှုများကို ကရင်နီအိပ်မက် Page မှတဆင့် အသိပေးသွားမည်ဖြစ်ကြောင်းလည်းအသိ​ပေးသည်။

ယမန်နေ့(ဇွန် ၃၀ )က ရွာသစ်မြို့နယ်၊ သံလွင်မြစ်ဘေးရှိ တောင်ဆားလဲ ကျေး ရွာ၌ စစ်ကောင်စီ၏ အပေါ့စားဂျက်တိုက်လေယာဥ်တစ်စီးကို ကရင်နီပူးပေါင်းအဖွဲ့ ပစ်ချနိုင်ခဲ့ကြောင်း စစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

(ကရင်နီပြည်နယ် ၊မယ်စဲ့မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်များ သိမ်းဆည်းရရှိ​သော၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)
(ကရင်နီပြည်နယ် ၊မယ်စဲ့မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်များ သိမ်းဆည်းရရှိ​သော၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)

ဇွန်လ ၁၃ ရက်နေ့က စ၍ ရွာသစ်မြို့နှင့် မယ်စဲ့မြို့နယ်များရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီက မြေပြင် တပ်ရင်း လေးခု အသုံးပြု၍ ပြန်လည်ထိုးစစ် ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။