Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းတွင် ရဲစခန်းနှင့် ပျူနှင့်ရဲများလုံခြုံရေးယူထားသော လောင်းကစားဝိုင်းတို့ကို တပြိုင်နက် တိုက်ခိုက်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်အတွင်း ဇွန်လ ၃၀ရက်ကလည်း မင်းလှမြို့နယ် ငလှစမ်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ဇရစ်မြောင်ကျေးရွာ ရာအိမ်မှူးဆိုသူတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

လက်ပံတန်းတွင် ရဲစခန်းနှင့် ပျူနှင့်ရဲများလုံခြုံရေးယူထားသော လောင်းကစားဝိုင်းတို့ကို တပြိုင်နက် တိုက်ခိုက်ခံရ
လက်ပံတန်းတွင် ရဲစခန်းနှင့် ပျူနှင့်ရဲများလုံခြုံရေးယူထားသော လောင်းကစားဝိုင်းတို့ကို တပြိုင်နက် တိုက်ခိုက်ခံရ

▪️လေးဦးသေပြီး ငါးဦးထက်မနည်းထိခိုက်

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီ ရဲစခန်းနှင့် ပျူစောထီးနှင့် ရဲများလုံခြုံရေးယူထားသည့် လောင်းကစားဝိုင်းတို့ကို တပြိုင်နက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၁ရက် ည ၁၀နာရီခန့်က လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းနှင့် ရဲစခန်းအနီးဖွင့်လှစ်ထားသော လောင်ကစားဝိုင်းတို့ကို တပြိုင်နက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ် ကျော်ကျော်မြင့်၊ တပ်ကြပ်ကြီး အောင်ခိုင်၊ ပျူစောထီးများဖြစ်သော ကြည်လွင်နှင့် အေးမင်းဆိုသူအပါအဝင် လေးဦးနေရာတင်ပွဲချင်းပြီးသေဆုံး၍ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း တပ်ခွဲ (၄)လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက People’s Spring သို့ ပြောသည်။

“ရဲစခန်းကိုဝင်စီးနေတဲ့အချိန် သူတို့တွေက လောင်းကစားဝိုင်က ထလာကြတာ။ အဲ့မှာ ဝိုင်းဘက်လှည့်ပစ်ရတော့တာ။ လောင်းကစားဝိုင်းက အဲဒီရဲစခန်းက ဦးဆောင်လုပ်နေတာဗျ။ ဒီတော့ အဲကောင်တွေ(ရဲများ)က ဝိုင်ဘက်ရောက်နေကြတာ။ ပြန်ခုခံပေမယ့် ကျနော်တို့ဘက်က လက်ဦးသွားတယ်”ဟု ၎င်းတာဝန်ခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အထက်ပါ ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးခန့်သာရှိ သော်လည်း ပျူစောထီးအင်အားမှာ ၅၀ခန့်ရှိပြီး ၎င်းပျူစောထီးများသည် လောင်းကစားဝိုင်းများအပါအဝင် ဥပဒေပြင်ပလုပ်ငန်းများဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများကို ဝင်ငွေရှာပေးနေကြောင်း စုံစမ်းသိရသည်။

“လောင်းကစားဝိုင်းက ရဲကင်းနားမှာရှိတာ။ရဲကင်း ဆိုတာကလဲ မြို့မရဲစခန်းနဲ့ နှစ်မိုင်ကျော်လောက်ပဲဝေးတာ။လောင်းကစားဝိုင်းက နယ်ထိန်း အောင်ခိုင် ပါရှိနေတယ်သတင်းရတာနဲ့ အရင်ဝင်ပစ်တယ်ပြီးမှ ရဲကင်းကို ဝင်တိုက်တာ။အနည်းဆုံး လေးယောက်သေတယ်”ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ရှင်းပြသည်။

ယနေ့ နံနက်ပိုင်းကစ၍ လက်ပံတန်းမြို့ အဝင်အထွက်နေရာများကို စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပြီး အခင်းဖြစ်ပွားရာ ဇီးဖြူကုန်းရဲစခန်းသို့ စစ်ကားငါးစီး ရောက်ရှိလာကြောင်းလည်း သိရသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် စစ်ကောင်စီ ထောက်တိုင်များ ရှင်းလင်းခံထားရသည်။

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်အတွင်း ဇွန်လ ၃၀ရက်ကလည်း မင်းလှမြို့နယ် ငလှစမ်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ဇရစ်မြောင်ကျေးရွာ ရာအိမ်မှူးဆိုသူတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။

Facebook