Connect with us

Hi, what are you looking for?

သတင်း

စိုင်ပြင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် လေးဖွဲ့ တိုက်ခိုက်

စိုင်ပြင်ကြီးရဲစခန်းကို ဇွန်လ ၃၀ရက် ညနေ၆နာရီခွဲခန့်တွင် အဖြူရောင် ပကဖ၊ A2k ပကဖ၊ ရန်ကြီးအောင် PDFနှင့် နယ်စည်းမခြား Freedom Federal စစ်ကြောင်း (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စိုင်ပြင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် လေးဖွဲ့ တိုက်ခိုက်
စိုင်ပြင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် လေးဖွဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် လေးဖွဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကြောင်း သတင်းရရှိသည်။

စိုင်ပြင်ကြီးရဲစခန်းကို ဇွန်လ ၃၀ရက် ညနေ၆နာရီခွဲခန့်တွင် အဖြူရောင် ပကဖ၊ A2k ပကဖ၊ ရန်ကြီးအောင် PDFနှင့် နယ်စည်းမခြား Freedom Federal စစ်ကြောင်း (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

” စိုင်ပြင်က စစ်ကောင်စီတပ်တွေ ဂိတ်ဖြုတ်ချိန် ရဲဘော်တွေက သွားပစ်တာ။ လေးယောက်ထိသွားတယ်”ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဖြူရောင် ပကဖတာဝန်ခံ CKက ” စစ်တပ်ဘက်က သုံးယောက်သေပါတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ သတင်းပေးလာပါတယ်ဗျ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

(၄၀) မမဗုံးသီးဖြင့် စတင်ပစ်ခတ်ပြီးနောက် ဝိုင်းဝန်းတိုက်ခိုက်ရာ တိုက်ပွဲအတွင်း နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်သွားကြောင်း၊ ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးမှာ ဆေးကုသနေစဉ် ဇူလိုင် ၁ရက် နေ့လယ်၁၂နာရီခန့်တွင်ထပ်မံသေဆုံးသွားကြောင်း အဖြူရောင်(ပကဖ) က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဒီပဲယင်းနယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေပြီး တိုက်ပွဲများဖော်ဆောင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးကြရန် အဖြူရောင် ပကဖ တာဝန်ခံ CKက မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။