Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်အဖွဲ့ခေါင်းဆောင် ရဲအုပ် ထောင်ကနေ ပြန်လွတ်လာ

ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ စစ်တပ်အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာ မတရားဖမ်းဆီးခံရကာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ထောင် သုံးနှစ်ချခံရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်အဖွဲ့ခေါင်းဆောင် ရဲအုပ် ထောင်ကနေ ပြန်လွတ်လာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်အဖွဲ့ခေါင်းဆောင် ရဲအုပ် ထောင်ကနေ ပြန်လွတ်လာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ဒီနေ့မနက်ပိုင်းမှာ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ထံက သိရပါတယ်။

“သူနေကောင်းပါတယ်၊ သူလျော့ရက်ရပြီး ၃နှစ်မပြည့်ခင်မှာ လွတ်လာတာပါ”ဟု နီးစပ်သူတစ်ဦးကလည်းပြောပါတယ်။

ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ စစ်တပ်အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာ မတရားဖမ်းဆီးခံရကာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ထောင် သုံးနှစ်ချခံရတာပါ။

အလားတူပါပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ဝင် ဒုရဲအုပ်ချယ်ရီထက် ဟာလည်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ နဲ့ ထောင်ဒဏ် ၅ နှစ်ချခံထားရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိဖြစ်သူ နိုင်ငံသမ္မတရုံး၊ သတင်းနဲ့ လုံခြုံရေးဆိုင်ရာ ဌာနကြီး ရဲ့ ဒုညွှန်မှူး ဦးအောင်နိုင်ဦးကိုလည်း စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချထားတာရှိပါတယ်။

သူတို့ ၂ ဦးကိုလည်း ရမည်းသင်းထောင်မှာ ဖမ်းဆီး အကျဉ်းချထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။