Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ စစ်​ထောက်ချုပ်ပါသည်ဆို​သောယာဥ်တန်း အမြန်လမ်းတွင်တိုက်ခိုက်ခံရ

နေပြည်တော် – ရန်ကုန်အမြန်လမ်း ၁၆၉ မိုင်အနီးတွင် ယနေ့ (ဇူလိုင်လ ၇ ရက်) နံနက် ၉နာရီ ၁၅မိနစ်ခန့်ကမိုင်းဆွဲတိုက်ခိုက်တိုက်ခိုက်ခဲ့ပြီး​နောက် လက်နက်ကြီးဖြင့်ပါ

စစ်​ကောင်စီ စစ်​ထောက်ချုပ်ပါသည်ဆို​သောယာဥ်တန်း အမြန်လမ်းတွင်တိုက်ခိုက်ခံရ
စစ်​ကောင်စီ စစ်​ထောက်ချုပ်ပါသည်ဆို​သောယာဥ်တန်း အမြန်လမ်းတွင်တိုက်ခိုက်ခံရ

▪︎ပြည်သူများအမြန်လမ်းတွင် စစ်​ကောင်စီ ယာဥ်၊တပ်ဖွဲ့ဝင်များနှင့် ​ဝေး​ဝေး​နေပးရန် PDFအမှတ် ၂ စစ်​ဒေသ​မေတ္တာရပ်ခံ

ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် ယာဉ်ဆယ်စီးပါ စစ်ကောင်စီစစ်ထောက်ချုပ် လိုက်ပါလာသည်ဆို​သောယာဉ်တန်းကိုတောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၅၀၁၊ အထူးတပ်ဖွဲ့ကတိုက်ခိုက်ခဲ့သတင်းရရှိသည်။

နေပြည်တော် – ရန်ကုန်အမြန်လမ်း ၁၆၉ မိုင်အနီးတွင် ယနေ့ (ဇူလိုင်လ ၇ ရက်) နံနက် ၉နာရီ ၁၅မိနစ်ခန့်ကမိုင်းဆွဲတိုက်ခိုက်တိုက်ခိုက်ခဲ့ပြီး​နောက် လက်နက်ကြီးဖြင့်ပါ

ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ယာဥ်တန်းထိခိုက်ပြီးရပ်တန့်သွားသည်ဟုအမှတ် (၂ )စစ်​ဒေသ၊ ဒုတိယစစ်​ဒေသမှူးရဲ​ဘော်တင်ဦးက​ပြောသည်။

“တိုက်ခိုက်ပြီးပြီးချင်း သူတို့ဘက်က ပြန်ပစ်ပါတယ်။ လမ်းလည်း ပိတ်ပစ်ပါတယ်။ လူနာတင်ကားတွေလာတယ်” ဟု ရဲ​ဘော်တင်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ ယာဉ်တန်းတွင် စစ်ကောင်စီတပ်၏ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းလိုက်ပါလာသည်ဟု သတင်းကြိုတင်ရထားသော်လည်းအတည်မပြုနိုင်ကြောင်း ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

တိုက်ခိုက်မှုကိုတောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၅၀၁က ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဟု ပဲခူးစစ်ဒေသခွဲမှ တာဝန်ရှိသူကပြောသည်။ ယာဉ်တန်းအားမိုင်းဖြင့် ခွဲလိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီယာဉ်တန်းရပ်တန့်သွားပြီး လမ်းကို ပိတ်လိုက်ကြောင်း ၎င်းကဆက်​ပြောသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်ခွာခဲ့ကြောင်း သိရပြီးစစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအ‌နေကို စုံစမ်း​နေဆဲဖြစ်ပြီး မသိရသေးပေ။

“ယာဥ်တန်းထိခိုက်တာ ​သေချာပါတယ်။အဓိက အားဖြင့်​တော့ ၁ ရက်​(ဇူလိုင် ၁ )နေ့က​ထုတ်ပြန်ထားတဲ့စာအတိုင်းပဲ စစ်​ရေးအရှိန်မြှင့်မယ့်အတွက်​ကြောင့် ဒီလမ်းပိုင်း​တွေမှာ အသွားအလာ​တွေကန့်သတ်ဖို့လည်းကျွန်​တော်တို့ ထုတ် ပြန်ထားပါတယ်။အဲဒီအတိုင်းကို ကျွန်​တော်တို့​ဆောင်ရွက်တာဖြစ်ပါတယ်။ တိုက်ခိုက်မှု​တွေ​ဆောင်ရွက်တဲ့အခါမှာ ပြည်သူ​တွေအ​နေနဲ့လည်း ထုတ်ပြန်ထားတဲ့စာအတိုင်း စစ်​ကောင်စီယာဥ်တန်း​တွေနဲ့စစ်​ကောင်စီတပ်ဖွဲ့​တွေနဲ့ ​ဝေး​ဝေးမှာ​နေကြဖိူ့လည်း ထပ်ပြီး​မေတ္တာရပ်ခံပါတယ်”ဟု ရဲ​​​ဘော်တင်ဦးက​ပြောသည်။

ဇူလိုင် ၁ ရက်​နေ့မှ စ၍ စစ်ရှိန်မြှင့်မည်ဖြစ်၍ အမည်လမ်းကိုအသုံးပြု​သောပြည်သူများ စစ်​ကောင်စီကားများနှင့်ကပ်မလိုက်ရန် ၊လမ်းအသုံးပြုမှု သတိထားရန်PDF အမှတ် ၂ စစ်​ဒေသကသတိ​ပေးထားသည်။

နေပြည်တော်မှ ရန်ကုန်သို့အပြန်ဘက်ခြမ်း အမြန်လမ်း ၁၆၉ မိုင်အနီးတွင် ယနေ့ နံနက် ၁၀နာရီခန့်က လမ်းပိတ်ဆို့နေသည်ကို တွေ့ခဲ့ရသည်ဟု အဝေးပြေးယာဉ်မောင်းတစ်ဦးကပြောသည်။

” လူနာတင်ကားတွေလည်းတွေ့တယ်။ ဖြစ်စဉ်ကိုတော့ အခုညနေမှသိတာ” ဟု ၎င်းကပြောသည်။

ယခုဖြစ်စဥ်အပါအဝင် အမြန်လမ်းပေါ်တွင် စစ်ကောင်စီပစ်မှတ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သုံးကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်မေလ၃၁ ရက်ကလည်း တောင်ငူအခြေစိုက် အမှတ်(၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို အမြန်လမ်းပေါ်တွင် ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။ ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးသန်းထွဋ်ကိုလည်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ကရန်ကုန် – နေပြည်တော် အမြန် လမ်း မိုင်တိုင် ၁၆၁ အနီးတွင် ဇန်နဝါရီလ ၂၂ ရက်နေ့ကပစ်ခတ်ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။