Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်ရှိ ရွာ၃ရွာကိုစစ်​ကောင်စီ MI35 ရဟတ်ယာဥ်တစ်စီးက လေကြောင်းမှပစ်ခတ်

စစ်ကောင်စီလေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်နေရာများသည် တန့်ဆည်နယ်အနောက်ခြမ်းတွင်တည်ရှိပြီး မြေပြင်စစ်ကြောင်းထိုးဝင်ရောက်နေသည့် နေရာများဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(စစ်​ကောင်စီ ၏ Mi-35 ရဟတ်ယာဥ်တစ်စီး/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ ၏ Mi-35 ရဟတ်ယာဥ်တစ်စီး/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကျေးရွာ၃ရွာကို မုံရွာနမခမှတက်လာသော MI35 ရဟတ်ယာဥ်တစ်စီးက လေကြောင်းပစ်ခတ်တိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင်လ ၁၅ ရက်) နံနက် ၈ နာရီ ၁၅ မိနစ်ခန့်​က မုံရွာနမခမှတက်လာသော စစ်ကောင်စီတပ်၏ MI35 ရဟတ်ယာဥ်တစ်စီးသည် တန့်ဆည်မြို့နယ်၊ သပြေရင်းရွာ၊ ပဲခင်းကြီးရွာနှင့်ခရမ်းခြံရွာ စသည့်ရွာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်း ရေဦးနယ်အခြေစိုက် People Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။

ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး မြေပြင်ထိခိုက်မှုအခြေအနေကိုမူလတ်တလောမသိရသေးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများကပြောသည်။

စစ်ကောင်စီလေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်နေရာများသည် တန့်ဆည်နယ်အနောက်ခြမ်းတွင်တည်ရှိပြီး မြေပြင်စစ်ကြောင်းထိုးဝင်ရောက်နေသည့် နေရာများဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“သပြေရင်းရွာတောတိုက်အနီးကိုလည်း လေကြောင်းနဲ့ ငါးချက်လောက် ပစ်ခတ်သွားတယ်လို့ သိရတယ်။ ခရမ်းခြံဘက်ပစ်ပြီး ပြန်ခေါက်သွားတယ်လို့ သိရပြီး အထိအခိုက်မသိရသေးဘူး။”ဟု ဒေသတွင်းကင်းထောက်ရဲဘော်တစ်ဦးက ဆိုသည်။

ယမန်နေ့က တန့်ဆည်ဘောလုံးကွင်းမှထွ​က်လာသော စစ်ကောင်စီတပ်နှင့်ပျူများသည် ခရမ်းခြံနှင့် သပြေရင်းရွာတွင် အင်အား ၁၃၀ ခန့်ဖြင့် ယာယီတပ်စွဲထားပြီး မိုင်းထိ၍ ဒဏ်ရာရထားသူများလည်း ပါဝင်ကြောင်း ​ဒေသတွင်း​တော်လှန်​ရေးအဖွဲ့ဖြစ်​သော Farmer Heroes အဖွဲ့က အသိပေးသည်။

​ဒေသခံပြည်သူများကို တန့်ဆည်နယ်အနောက်ခြမ်းတွင် လေကြောင်းအန္တရာယ် ဂရုစိုက်ပေးရန်နှင့် လုံခြုံဘေးကင်းသောနေရာများသို့ တိမ်းရှောင်နေကြရန်တော်လှန်ရေးအင်အားစုများက သတိပေးသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စေတီအချို့နှင့် စာသင်ဆောင်အချို့ ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။