Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခံရ

ယမန်နေ့နံနက် ၁၀ နာရီခန့်က ပေါင်းတည်မြို့နယ်နက်ကန်ကျေးရွာဘက်မှ ပဲခူးရိုးမအစပ်သို့ဦးတည်၍ စစ်ကြောင်းထိုးလာသော အင်အား ၄၅ ဦးခန့်ပါ စစ်ကောင်စီတပ်ကို လမ်းမှနေ၍ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း အထက်ပါရဲဘော်က ပြောသည်။

(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ပေါင်းတည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်​ကြောင်းကို တွေ့ရစဥ်။ဓါတ်ပုံ-PPDF)
(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ပေါင်းတည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်​ကြောင်းကို တွေ့ရစဥ်။ဓါတ်ပုံ-PPDF)

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိကျေးရွာများသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ယမန်နေ့(ဇူလိုင် ၁၄)တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံးကြောင်း ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၅) PPDF မှ တော်လှန် ရေးရဲဘော်တစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့နံနက် ၁၀ နာရီခန့်က ပေါင်းတည်မြို့နယ်နက်ကန်ကျေးရွာဘက်မှ ပဲခူးရိုးမအစပ်သို့ဦးတည်၍ စစ်ကြောင်းထိုးလာသော အင်အား ၄၅ ဦးခန့်ပါ စစ်ကောင်စီတပ်ကို လမ်းမှနေ၍ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း အထက်ပါရဲဘော်က ပြောသည်။

အဆိုပါ စစ်ကြောင်းသည်ဇူလိုင်၁၄ ရက်နေ့လယ် ၁ နာရီခန့်တွင် ဆက်ထွက်လာရာလက်ပံကုန်းရွာအရှေ့ဘက်အရောက်၌တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၅)မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ရာမှ နာရီဝက်ကြာတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ နှစ်ဦးသေဆုံးကြောင်း သိရသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

“တစ်ရက်ထဲ မနက် ၁၀ နာရီလောက်က တစ်ခါ၊ နေ့ လယ် ၁ နာရီလောက်မှ တစ်ခါဖြစ်တယ်။ သူတို့(စစ်ကောင်စီတပ်)က သုံးဖွဲ့ခွဲပြီး စစ်ကြောင်းထိုးနေတာ”ဟု ပြည်ခရိုင် တပ်ရင်း(၃၆၀၁)PPDF မှ တော် လှန်ရေးရဲဘော်တစ်ဦးက People’s Spring သို့ ပြော သည်။

စစ်ကောင်စီတပ်သည် ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးရာတွင် သစ်ပုတ်ကျေးရွာဘက်တွင် စစ်ကြောင်းတစ်ကြောင်း၊ကြို့ကုန်းဘက်တွင်တစ်ကြောင်းနှင့်နက်ကန်ရွာဘက်တွင်တစ်ကြောင်းအသီးသီးဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့များတွင်လည်း ပေါင်းတည်မြို့နယ် တောင်ခမောက်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)၊ တပ်ခွဲ(၅)၏ စစ်ကြောင်းများက မိုင်းဆွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ရာ တစ်ဦးသေပြီး သုံးဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်က ထုံးကြီးနယ်မြေရဲစခန်းကနေ ကျွန်းရွာ‌တွေဘက်ကို သင်္ဘောနဲ့စစ်ကြောင်းထိုးဖို့ဆင်းလာစဉ် တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ဦး သေဆုံးပြိး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ရေဘေးသင့်ဒဏ်ခံစားနေရတဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြု့နယ်အတွင်း စစ်ကြောင်းထိုးတဲ့ စစ်တပ်က အရပ်သား ၁ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။