Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မြို့နယ်မှသင်္ကြန်မဏ္ဍပ်တစ်ခုနှင့် အုပ်ချုပ်ရေးမှုးပျူတစ်ဦးကိုတိုက်ခိုက်ရှင်းလင်းဟု​PDF ​ပြော

ပေါင်းတည်မြို့ ၊သစ်ပုတ်အုပ်စု၊ သိမ်ကုန်းရွာတွင်ပြည်သူများထံမှ ခြိမ်း​ခြောက်​ငွေ​တောင်းခံကာဆောက်လုပ်ထားခြင်းဖြစ်ပြီး ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွ‌ယ်ရေးတပ်ဖွဲ့ PPDF၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ က ‌အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(​ပေါင်းတည်မြို့နယ်ဝန်းကျင်ကိုGoogle Mapတွင်​တွေ့ရမှု)
(​ပေါင်းတည်မြို့နယ်ဝန်းကျင်ကိုGoogle Mapတွင်​တွေ့ရမှု)

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်၌နွေဦးပိတောက်စစ်ဆင်ရေး အနေဖြင့် စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်တစ်ခုကို​ခြောက်လှန့်ဖောက်ခွဲခဲ့ပြီး စစ်​ကောင်စီအုပ်ချုပ်ရေးမှုးတစ်ဦးကို ရှင်းလင်းခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

“မဏ္ဍပ်ကတော့လူစည်အောင်ရွာသားတွေကိုအတင်းခေါ်ထားတာဗျ။ကြောက်တော့လဲလိုက်ရတာပေါ့ဗျာ။ဒီကောင်တွေက မဏ္ဍပ်ရှေ့မှာမူးရူးပြီးကကြတယ်လေ။ပြည်သူကိုကာဗာလုပ်ထားတော့မစ်ရှင်ဆောင်ရွက်တဲ့အခါ အခက်ခဲရှိတယ်ဗျ။ပြည်သူထိခိုက်မှာမို့သတိပေးတဲ့အနေနဲ့ပဲ လူရှင်းတဲ့အချိန်မှ ခွဲခဲ့တာပါ” ဟု ဧပြီ ၁၄ ရက်ညကပြုလုပ်ခဲ့သော စစ်ဆင်ရေးနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement
Public Service Announcement

ပေါင်းတည်မြို့ ၊သစ်ပုတ်အုပ်စု၊ သိမ်ကုန်းရွာတွင်ပြည်သူများထံမှ ခြိမ်း​ခြောက်​ငွေ​တောင်းခံကာဆောက်လုပ်ထားခြင်းဖြစ်ပြီး ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွ‌ယ်ရေးတပ်ဖွဲ့ PPDF၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ က ‌အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် အဆိုပါမဏ္ဍပ်ကို ဧပြီ ၁၅ ရက်တွင် ဖျက်သိမ်းသွားကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်ဧပြီ ၁၅ ရက်နံနက်တွင်လည်း နွေဦးပိတောက်စစ်ဆင်ရေးအနေဖြင့် ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်အုပ်စု၊ သခွတ်စောက်ရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင် ထွန်းထွန်းဦးကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၅ (တောဘုရင်အဖွဲ့)နှင့်တပ်ခွဲ၄ တို့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

“နေအိမ်မှာရှင်းလင်းခဲ့တာပါ။ခန္ဓာကိုယ်မှာတစ်ချက်ခေါင်းမှာတစ်ချက်ပါ” ဟု ၎င်းကပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှုးသည် လူငယ်များကို ပျူစောထီးသင်တန်းတတ်ရောက်ရန် စည်းရုံးမှုများပြုလုပ်ခဲ့သလို စစ်ကောင်စီကို သတင်းပေးခြင်း ဆတ်ကြေးကောက်ခြင်း စသည်တို့ကိုပြုလုပ်​​နေသူဖြစ်ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရပြီးစစ်တပ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။​

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။