Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးနည်းအရအဖြေရှာခြင်းက အကောင်းဆုံးဖြစ်သော်လည်း စစ်အုပ်စုအာဏာသိမ်းခဲ့၍ လမ်းစပျောက်ခဲ့ရဟု KNU ဥက္ကဋ္ဌပြော

စစ်တပ်က နောက်ထပ်တဖန် အတင်းအဓမ္မ အာဏာသိမ်းခဲ့သောကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် အဖြေရှာမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနည်းလမ်းသည် လမ်းစပျောက်ခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံရေးနည်းအရအဖြေရှာခြင်းက အကောင်းဆုံးဖြစ်သော်လည်း စစ်အုပ်စုအာဏာသိမ်းခဲ့၍ လမ်းစပျောက်ခဲ့ရဟု KNU ဥက္ကဋ္ဌပြော
နိုင်ငံရေးနည်းအရအဖြေရှာခြင်းက အကောင်းဆုံးဖြစ်သော်လည်း စစ်အုပ်စုအာဏာသိမ်းခဲ့၍ လမ်းစပျောက်ခဲ့ရဟု KNU ဥက္ကဋ္ဌပြော

▪️တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်အလျှော့ပေး၍မရ၊ အောင်မြင်မှုရရေး ရည်မှန်းချက်တူသူများဖြင့် လက်တွဲလုပ်ဆောင်ခြင်းနှင့် သက်ဆိုင်ဟု အသိပေး

လက်နက်ကိုင် ပဋိပက္ခဖြစ်ပေါ်စေခဲ့သည့် အဓိက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာကြခြင်းသည် အကောင်းဆုံးသော နည်းလမ်းဖြစ်သော်လည်း စစ်အုပ်စုအာဏာသိမ်းလိုက်၍ လမ်းစပျောက်ခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောသည်။

ယနေ့ (ဇူလိုင် ၁၆ရက်)တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့တွင် ၎င်းက ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

KNU နှင့် အခြားသော ခုခံတော်လှန်ရေး အဖွဲ့အစည်းများ စုစည်းပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှ တဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာ ခဲ့ကြောင်း၊ သို့ရာတွင် အုပ်ချုပ်သူ အာဏာသိမ်း စစ်အုပ်စုသည် လူမျိုးစု များနှင့် ပြည်သူလူထုကြီးတစ်ရပ်လုံးက လိုလားတောင်းတနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန် စိတ်ဆန္ဒကင်းမဲ့နေကြောင်း ယခင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ KNU ကိုယ်စားပြု ဦးဆောင်ပါဝင်ခဲ့သူ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

စစ်တပ်က နောက်ထပ်တဖန် အတင်းအဓမ္မ အာဏာသိမ်းခဲ့သောကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် အဖြေရှာမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနည်းလမ်းသည် လမ်းစပျောက်ခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

KNU အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုနှင့်အတူ ရပ်တည်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။ ယခုနှစ်ဝက်အတွင်း၌ KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြီးငယ် ၂၅၀၀ ခန့်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၀၀ ကျော်သေဆုံးခဲ့သည်ဟု KNUက အသိပေးထုတ်ပြန်ထားသည်။

ကရင်အမျိုးသားများ၏ ခုခံတော်လှန်နေကြသည့် နိုင်ငံရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အနာဂတ်စိန်ခေါ်ချက်များစွာ ရှိနေကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောသည်။

ကရင်အမျိုးသားများ၏ ရည်မှန်းချက် ပန်းတိုင်များ ပြီးမြောက်အောင်မြင်စေရန် အခြေအနေများကို သေချာဆန်းစစ်ပြီး အခြေအနေ အချိန်အခါနှင့်ကိုက်ညီသည့် လုပ်ငန်းစဉ်များချမှတ်ကာ ဘက်စုံ အကောင်အထည်ဖော်ရမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို အခြေခံသည့် ကရင်အမျိုးသားများ၏ လိုလားချက်များဖြစ်သည့် တန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်တိုင် ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ဆောင်နိုင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်များ မရရှိသေးဟု KNU ဥက္ကဋ္ဌက ပြောသည်။

“အလျှော့ပေး၍ မရပါ။ ပန်းတိုင်ကို ရောက်ရှိသည်အထိ ရဲစွမ်းသတ္တိ ရှိရှိနှင့် စည်းစည်းလုံးလုံး ကြိုးပမ်းအားထုတ်ရမည်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

အောင်မြင်ခြင်းပန်းတိုင်သည် ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်ခြင်းအပြင် ရည်မှန်းချက်တူ ကံကြမ္မာနှင့်ဘ၀တူ အခြားသောလူမျိုးများ အစုအဖွဲ့များနှင့် လက်တွဲလုပ်ဆောင်နိုင်ခြင်းများနှင့်လည်း သက်ဆိုင်နေကြောင်း KNU ဥက္ကဋ္ဌက အသိပေးပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။