Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်တွင် စစ်ကောင်စီတပ်စွဲရာနေရာနှင့် စစ်ယာဉ်တန်းကို TNLA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိဟု ထုတ်ပြန်

ရှမ်းမြောက်ဒေသတွင် ယခု ဇူလိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

(တအာင်းတပ်မတော်(TNLA)မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(TNLA)မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာကို ယနေ့ တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၁၇ရက်) နံနက် ၈နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့နယ် မန်ပြိန်းနှင့် ကောင်းခမ်းကြားရှိ စစ်ကောင်စီတပ် အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၁၆) ခလရ (၆၉) တပ်အား TNLAက တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများ ရှိသည်ဟု အသိပေးထုတ်ပြန်သည်။

ထို့ပြင် ယနေ့ မွန်းလွဲပိုင်း၌ ကွတ်ခိုင်မှ သိန္နီမြို့ဘက် ဆင်းလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို TNLAက ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါ ယာဉ်တန်း၌ ကား ၇စီး ပါဝင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသ၌ TNLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မူဆယ်မြို့နယ်တွင်လည်း တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့ သည်။ အဆိုပါ တိုက်ပွဲများမှာ စစ်ကောင်စီတပ်က TNLA ရှိရာသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး ယနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်စွဲရာနေရာနှင့် စစ်ယာဉ်တန်းကို TNLAက တိုက်ခိုက်ခြင်းဖြစ်သည်။

တိုက်ပွဲအခြေအနေများကို မေးမြန်းရန် TNLA ဘက်သို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ရှမ်းမြောက်ဒေသတွင် ယခု ဇူလိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။