Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်တွင် စစ်ကောင်စီတပ်စွဲရာနေရာနှင့် စစ်ယာဉ်တန်းကို TNLA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိဟု ထုတ်ပြန်

ရှမ်းမြောက်ဒေသတွင် ယခု ဇူလိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

(တအာင်းတပ်မတော်(TNLA)မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(TNLA)မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာကို ယနေ့ တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၁၇ရက်) နံနက် ၈နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့နယ် မန်ပြိန်းနှင့် ကောင်းခမ်းကြားရှိ စစ်ကောင်စီတပ် အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၁၆) ခလရ (၆၉) တပ်အား TNLAက တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများ ရှိသည်ဟု အသိပေးထုတ်ပြန်သည်။

ထို့ပြင် ယနေ့ မွန်းလွဲပိုင်း၌ ကွတ်ခိုင်မှ သိန္နီမြို့ဘက် ဆင်းလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို TNLAက ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါ ယာဉ်တန်း၌ ကား ၇စီး ပါဝင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသ၌ TNLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မူဆယ်မြို့နယ်တွင်လည်း တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့ သည်။ အဆိုပါ တိုက်ပွဲများမှာ စစ်ကောင်စီတပ်က TNLA ရှိရာသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး ယနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်စွဲရာနေရာနှင့် စစ်ယာဉ်တန်းကို TNLAက တိုက်ခိုက်ခြင်းဖြစ်သည်။

တိုက်ပွဲအခြေအနေများကို မေးမြန်းရန် TNLA ဘက်သို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ရှမ်းမြောက်ဒေသတွင် ယခု ဇူလိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကယ်ဆယ်ရေးနဲ့ ထိခိုက်သေဆုံးစာရင်း ကောက်ယူမှုဆက်လုပ်နေဆဲဟုဆို

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ မေလ ၃၁ရက်ကပေါက်ကွဲမှုကြောင့် အိမ်ခြေ ၂၀၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် အကူအညီတွေပေးကြဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေကတောင်းဆိုပါတယ်။

Facebook