Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူနယ်အရှေ့ပိုင်းရှိ ကျေးရွာများအား စစ်တပ်က မြို့ပေါ်သို့ သွားလာခွင့်ပိတ်ပင်

ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်နေရကာ မြို့ပေါ်သို့သွားရောက်စျေးဝယ်၍ မရသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲတွေ့နေကြောင်း သိရသည်။

(၂၀၂၀ ကိုဗစ်ကာလအတွင်းက ဆိပ်ဖြူမြို့၌ သွားလာခွင့်အား စစ်ဆေးနေစဥ်။ ဓာတ်ပုံ - CJ)
(၂၀၂၀ ကိုဗစ်ကာလအတွင်းက ဆိပ်ဖြူမြို့၌ သွားလာခွင့်အား စစ်ဆေးနေစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မြို့ပေါ် သွားလာခွင့်ပိတ်ကာ အဆက်အသွယ်ဖြတ်တောက်ထားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဆိပ်ဖြူမြို့နယ်အရှေ့ပိုင်း၊ ယောချောင်းဘေးရှိ ကျေးရွာများအား မြို့ပေါ်သို့ သွားလာမှုမပြုနိုင်ရန် ကားနှင့် ဆိုင်ကယ်များကို ဇူလိုင်၁၂ရက်မှစပြီး ပိတ်ပင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခုအချိန်အထိ သွားလာခွင့်မပြုတဲ့အတွက် ‌အဲဒီဒေသက ပြည်သူများ စားသောက်စရာများ အခက်အခဲကြုံတွေ့နေရပါတယ်။ မြို့ပေါ်သွားပြီး ဆေးရုံဆေးခန်းပြချင်သော်လည်း သွားလာ လို့မရတဲ့အတွက် အသက်မရှုံးဆုံးသင့်ဘဲ ဆုံးရှုံးတာတွေရှိနေပါတယ်။”ဟု ​We Love Seik Phyu Group အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်နေရကာ မြို့ပေါ်သို့သွားရောက်စျေးဝယ်၍ မရသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲတွေ့နေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့နယ်ရောက်နေသည့်စစ်ကြောင်းသည် ဆိပ်ဖြူမြိုနယ် ဆားလောက်ရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နောက်ထပ်အရပ်သား၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးကိုယ်လက်အင်္ဂါများဖြတ်တောက်ကာ လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်။

သတင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ထဲက မြန်မာ - ထိုင်းနယ်စပ်အနီးမှာ ရှိတဲ့ အမိုနယ်စပ် စခန်းကို ဒီနေ့ (ဇွန်လ ၁၀ ရက် )မှာ သိမ်းယူလိုက်ပြီလို့ KNU ဘိတ် - ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့်-၂၅၆၆တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တွေက ဒီကနေ့(ဇွန် ၁၀ရက်)မှာ သိမ်းပိုက်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ကျင်းပနေတဲ့ သီဟိုဠ်ရှင်ဘုရားပွဲမှာ စစ်တပ်က ပွဲလာတဲ့လူငယ်တွေ အများအပြားကို ပိတ်ဆို့ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောပါတယ်။