Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူနယ်အရှေ့ပိုင်းရှိ ကျေးရွာများအား စစ်တပ်က မြို့ပေါ်သို့ သွားလာခွင့်ပိတ်ပင်

ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်နေရကာ မြို့ပေါ်သို့သွားရောက်စျေးဝယ်၍ မရသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲတွေ့နေကြောင်း သိရသည်။

(၂၀၂၀ ကိုဗစ်ကာလအတွင်းက ဆိပ်ဖြူမြို့၌ သွားလာခွင့်အား စစ်ဆေးနေစဥ်။ ဓာတ်ပုံ - CJ)
(၂၀၂၀ ကိုဗစ်ကာလအတွင်းက ဆိပ်ဖြူမြို့၌ သွားလာခွင့်အား စစ်ဆေးနေစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မြို့ပေါ် သွားလာခွင့်ပိတ်ကာ အဆက်အသွယ်ဖြတ်တောက်ထားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဆိပ်ဖြူမြို့နယ်အရှေ့ပိုင်း၊ ယောချောင်းဘေးရှိ ကျေးရွာများအား မြို့ပေါ်သို့ သွားလာမှုမပြုနိုင်ရန် ကားနှင့် ဆိုင်ကယ်များကို ဇူလိုင်၁၂ရက်မှစပြီး ပိတ်ပင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခုအချိန်အထိ သွားလာခွင့်မပြုတဲ့အတွက် ‌အဲဒီဒေသက ပြည်သူများ စားသောက်စရာများ အခက်အခဲကြုံတွေ့နေရပါတယ်။ မြို့ပေါ်သွားပြီး ဆေးရုံဆေးခန်းပြချင်သော်လည်း သွားလာ လို့မရတဲ့အတွက် အသက်မရှုံးဆုံးသင့်ဘဲ ဆုံးရှုံးတာတွေရှိနေပါတယ်။”ဟု ​We Love Seik Phyu Group အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်နေရကာ မြို့ပေါ်သို့သွားရောက်စျေးဝယ်၍ မရသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲတွေ့နေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့နယ်ရောက်နေသည့်စစ်ကြောင်းသည် ဆိပ်ဖြူမြိုနယ် ဆားလောက်ရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။