Connect with us

Hi, what are you looking for?

သတင်း

“အောင်မင်္ဂလာစစ်ဆင်ရေး”အဖြစ် သာကေတ ရေတပ်ဝန်းဂိတ်နှင့် ဒေါပုံမြို့နယ်ရှိ ဘန်ကာကို ဖောက်ခွဲတိုက်ခိုက်

သို့သော်ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ယနေ့ နေ့လည်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းလည်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်မှတဆင့် ဖြန့်ဝေထားသည်။

God's Hand Forces (GHF)
God's Hand Forces (GHF)

“အောင်မင်္ဂလာစစ်ဆင်ရေး”အဖြစ် ရန်ကုန်မြို့ သာကေတမြို့နယ် ရေတပ်ဝန်းဂိတ်နှင့် ဒေါပုံမြို့နယ်ရှိ ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၂၄ ရက်) နေ့လည် ၁၂ နာရီ ၂၅ မိနစ်တွင် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်၌ အသစ်ဆောက်လုပ်ထားသည့် ဘန်ကာကို ကနဦး ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။

ထို့နောက် သာကေတမြို့နယ် ရေတပ်ဝန်းဂိတ်ကို နေ့လည် ၁၂ နာရီ ခွဲခန့်တွင် ထပ်မံဖောက်ခွဲခဲ့ ကြောင်း ဖော်ပြထားသည်။

တိုက်ခိုက်မှု ဖြစ်စဥ်နှစ်ခုစလုံးသည် ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစု ၁၄ဖွဲ့ပူးပေါင်းထား​သော Yangon UG Association (YUA)အဖွဲ့၏ တိုက်ခိုက်မှုတစ်စိတ်တစ်ဒေသ ဖြစ်သည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် လူ၊ပစ္စည်းထိခိုက်မှုကို GHF က သီးခြားအတည်မပြုသေးပေ။

သို့သော်ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ယနေ့ နေ့လည်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းလည်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်မှတဆင့် ဖြန့်ဝေထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။