Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ အောင်မင်္ဂလာစစ်ဆင်ရေး” အဖြစ် သာကေတ ရေတပ်ဝန်းဂိတ်နှင့် ဒေါပုံမြို့နယ်ရှိ ဘန်ကာကို ဖောက်ခွဲတိုက်ခိုက်

သို့သော်ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ယနေ့ နေ့လည်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းလည်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်မှတဆင့် ဖြန့်ဝေထားသည်။

God's Hand Forces (GHF)
God's Hand Forces (GHF)

“ အောင်မင်္ဂလာစစ်ဆင်ရေး” အဖြစ် ရန်ကုန်မြို့ သာကေတမြို့နယ် ရေတပ်ဝန်းဂိတ်နှင့် ဒေါပုံမြို့နယ်ရှိ ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၂၄ ရက်) နေ့လည် ၁၂ နာရီ ၂၅ မိနစ်တွင် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်၌ အသစ်ဆောက်လုပ်ထားသည့် ဘန်ကာကို ကနဦး ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။

ထို့နောက် သာကေတမြို့နယ် ရေတပ်ဝန်းဂိတ်ကို နေ့လည် ၁၂ နာရီ ခွဲခန့်တွင် ထပ်မံဖောက်ခွဲခဲ့ ကြောင်း ဖော်ပြထားသည်။

တိုက်ခိုက်မှု ဖြစ်စဥ်နှစ်ခုစလုံးသည် ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစု ၁၄ဖွဲ့ပူးပေါင်းထား​သော Yangon UG Association (YUA)အဖွဲ့၏ တိုက်ခိုက်မှုတစ်စိတ်တစ်ဒေသ ဖြစ်သည်ဟုလည်း အသိပေးသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် လူ၊ပစ္စည်းထိခိုက်မှုကို GHF က သီးခြားအတည်မပြုသေးပေ။

သို့သော်ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ယနေ့ နေ့လည်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းလည်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်မှတဆင့် ဖြန့်ဝေထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်​ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ - ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

သတင်း

"မကြာခင်ကမှ အုပ်ချုပ်ရေးမှုး ခန့်ထားတာ။ အင်ဖျားနဲ့ လိန်ကုန်းရွာကြားက နတ်စင်နားမှာ သေနတ်နဲ့ အနီးကပ်ပစ်ရှင်းခဲ့တာ။"ဟု မတ်လ ၂၂ ရက် ညနေ၆ နာရီခန့်တွင် ပြုလုပ်ခဲ့သည့်စစ်ဆင်ရေး နှင့်ပတ်သက်၍ ပြောသည်။