Connect with us

Hi, what are you looking for?

သတင်း

ဦးဂျင်မီတို့လေးဦးအပါအဝင် အာဇာနည်ရဲဘော်များ ရည်မှန်းထားခဲ့သည့် စစ်တပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ကာ စစ်မှန်သည့် ဒီမိုကရေစီအခွင့်အရေးရရှိရန် ဆက်လက်ချီတက်သွားမည်ဟု NUG ယာယီသမ္မတ ကတိပြု

အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီး၊ အဆုံးစီရင်ခံရသည့် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ လေးဦး၏ အောက်မေ့ဖွယ်နှစ်ပတ်လည်အခမ်းအနားတွင် NUG ယာယီသမ္မတက နွေဦးအာဇာနည်ရဲဘော်များ၏ ကျန်ရစ်ခဲ့သူ ဇနီး၊ သား၊ သမီးများ မိသားစုဝင်များကို အလေးအနက် ယနေ့ ကတိပြုလိုက်ခြင်းဖြစ်သည်။

(ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအ၀င် သေဒဏ်စီရင်ခံရသူလေးဦးအတွက် ချက်သမ္မတနိုင်ငံမှာ သြဂုတ် ၃ ရက်က ဂုဏ်ပြုပွဲကျင်းပနေတဲ့မြင်ကွင်း။ ဓာတ်ပုံ-Igor Blazevic၊ ဦးလင်းသန့်)
(ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအ၀င် သေဒဏ်စီရင်ခံရသူလေးဦးအတွက် ချက်သမ္မတနိုင်ငံမှာ သြဂုတ် ၃ ရက်က ဂုဏ်ပြုပွဲကျင်းပနေတဲ့မြင်ကွင်း။ ဓာတ်ပုံ-Igor Blazevic၊ ဦးလင်းသန့်)

“ဒီတိုက်ပွဲဟာ နောက်ဆုံးတိုက်ပွဲလည်း ဖြစ်တယ်။ အောင်မြင်မှုကို ရယူမယ့် တိုက်ပွဲလည်းဖြစ်တယ်လို့ ကျွန်မတို့ ခိုင်ခိုင်မာမာ ယုံကြည်ပြီးတော့ တိုက်ပွဲဝင်နေကြတာလည်းဖြစ်တယ်” – နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်

စစ်အုပ်စု၏ မတရားသတ်ဖြတ်ခံရသည့် ဦးဂျင်မီတို့လေးဦးအပါအဝင် အာဇာနည်ရဲဘော်များ ရည်မှန်းထားခဲ့သည့် စစ်တပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ကာ စစ်မှန်သည့် ဒီမိုကရေစီအခွင့်အရေးရရှိရန် ဆက်လက်ချီတက် သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ကတိသစ္စာပြုသည်။

အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီး၊ အဆုံးစီရင်ခံရသည့် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ လေးဦး၏ အောက်မေ့ဖွယ်နှစ်ပတ်လည်အခမ်းအနားတွင် NUG ယာယီသမ္မတက နွေဦးအာဇာနည်ရဲဘော်များ၏ ကျန်ရစ်ခဲ့သူ ဇနီး၊ သား၊ သမီးများ မိသားစုဝင်များကို အလေးအနက် ယနေ့ ကတိပြုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့တတွေဟာ သူတို့တွေ(အာဇာနည်သူရဲကောင်းတွေ) ရည်မှန်းထားတဲ့ စစ်တပ်အုပ်ချုပ်မှုကနေ လွတ်မြောက်ဖို့ စစ်မှန်တဲ့ဒီမိုကရေစီအခွင့်အရေးရဖို့ မျှော်မှန်းချက်ကို မရောက် ရောက်အောင် ကျွန်တော်တို့ ဆက်လက်ချီတက်သွားကြမယ်ဆိုတာကို ကတိပြုပြောကြားလိုပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်များအပါအဝင် အာဏာရှင်များကို ဖယ်ရှားပြီး အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို အမြန်ဆုံးရောက်အောင် တော်လှန်ရေးအင်အားစုအားလုံးနဲ့ တော်လှန်ရေးတပ်သားအားလုံးက ညီညီညွတ်ညွတ် ချီတက်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ဆက်လက်ပြီး “ကျွန်တော်အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ယခင်ကတည်းက ထားရှိခဲ့တဲ့ တော်လှန်ရေးသစ္စာ၊ တော်လှန်ရေး အဓိဋ္ဌာန်အတိုင်း တော်လှန်ရေးခရီးကြမ်းကို ဆက်လက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြမယ်လို့ ထပ်မံကတိသစ္စာပြုလိုပါတယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ဦးဂျင်မီတို့သာမက ယင်းဖြစ်စဥ်ရှေ့ပိုင်းနှင့် နောက်ပိုင်းတွင် တော်လှန်ရေးလှုပ်ရှားမှု၏ ပေးဆပ်မှု ဆက်လက်ရှိနေပြီး ယင်းပေးဆပ်မှုများက မြန်မာပြည်သူများလိုလားသည့် လူ့အဖွဲ့အစည်းအသိုက်အဝန်းတစ်ခုမှာ မည်မျှတန်ဖိုးကြီးသည်ကို အသက်များဖြင့် ရင်းနှီးကာ သက်သေပြနေခြင်းဖြစ်ကြောင်း ပြောသည်။ အဆိုပါ ရင်းနှီးမှု၊ ပေးဆပ်မှုများ အဟောသိကံ မဖြစ်ရန် ရှင်သန်ကျန်ရစ်နေခဲ့သူများတွင် တာ၀န်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။

“ဒီတာ၀န်ကို ကျွန်မတို့ ကျေပြွန်အောင် ဆက်ပြီးထမ်းဆောင်သွားကြဖို့လည်း လိုပါတယ်။ ဒါ့ကြောင့် ဒီခရီးကို မပြီးမချင်း၊ မအောင်မြင်မချင်း ဆက်လက်လျှောက်လှမ်းသွားမယ်လို့လည်း ကတိသစ္စာပြုပါတယ်။ ဆိုတော့ မျိုးဆက်အလိုက်ပေါ့လေ ဒီမျိုးဆက်ဟာ နောက်ဆုံးမျိုးဆက်ဖြစ်ရမယ်လို့ ကျွန်မတို့ ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။ ဒီတိုက်ပွဲဟာ နောက်ဆုံးတိုက်ပွဲလည်း ဖြစ်တယ်။ အောင်မြင်မှုကို ရယူမယ့် တိုက်ပွဲလည်းဖြစ်တယ်လို့ ကျွန်မတို့ ခိုင်ခိုင်မာမာ ယုံကြည်ပြီးတော့ တိုက်ပွဲဝင်နေကြတာလည်းဖြစ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

အကြမ်းဖက်စစ်အုပ်စုသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု(ခေါ်) ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ လေးဦးကို ၂၀၂၂ ဇူလိုင် ၂၃ ရက်တွင် မိသားစုဝင်များထံ အသိပေးအကြောင်းကြားခြင်းမရှိဘဲ ထောင်တွင်း၌ မတရားသဖြင့် တရားလက်လွတ် ကြိုးပေးကွပ်မျက်ခဲ့ပြီး ဇူလိုင် ၂၅ ရက်မှသာ စစ်အုပ်စုဝါဒဖြန့်သတင်းစာများမှတဆင့် ကြေညာခဲ့သည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ စစ်အုပ်စုသည် ထောင်တွင်းသာမက စစ်ကြောရေးများတွင်လည်း အကြမ်းဖက်နှိပ်စက်၊ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြပြီး နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းပြုစုမှုအရ ဇူလိုင် ၂၁ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၉၈၀) ဦးရှိပြီး ထိုအထဲမှ (၁၉၅၉၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၉၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ထို့အပြင် နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၂၂) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၈၇) ဦး ရှိသည်။

အထက်ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်းနှင့် အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။