Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် ကင်းလှည့်လာသောစစ်အုပ်စုတိုက်ခို​က်ခံရပြီး သုံးဦးသေ

ယမန်နေ့ (ဇူလိုင် ၂၄ရက်) နံနက် ၉နာရီခန့်က တန့်ဆည်မြို့လမ်းဆုံတွင် မြို့တွင်းသို့ ကင်းလှည့်လာသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ လို​က်ပါလာသော ယာဥ်သုံးစီးအား ပစ်ခတ်တိုက်ခို​က်ရာ နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ပြောသည်။

(သိမ်းဆည်းရမိသော ယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - တန့်ဆည်(ပကဖ))
(သိမ်းဆည်းရမိသော ယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - တန့်ဆည်(ပကဖ))

▪️ယာဥ်တစ်စီး သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခို​က်ရာ သုံးဦးသေဆုံးပြီး မတ်တူးယာဥ်တစ်စီး သိမ်းဆည်းနိုင်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၄ရက်) နံနက် ၉နာရီခန့်က တန့်ဆည်မြို့လမ်းဆုံတွင် မြို့တွင်းသို့ ကင်းလှည့်လာသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ လို​က်ပါလာသော ယာဥ်သုံးစီးအား ပစ်ခတ်တိုက်ခို​က်ရာ နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ပြောသည်။

ထို့အပြင် စစ်အုပ်စုထံမှ ယာဥ်အားသိမ်းဆည်းရမိခဲ့ကြောင်း ၎င်းအဖွဲ့က ဆိုသည်။

“ကား သုံးစီးက တစ်စီးနဲ့တစ်စီး ခပ်လှမ်းလှမ်းထားတာ။ ကျွန်တော်တို့ သိမ်းဆည်းရမိတဲ့ကားက အနောက်အစွန်ဆုံးမှာပါ။ ကျွန်တော်တို့ဘက်က ဖိပစ်တော့ ပြန်ဆုတ်သွားတာ။ အနီးကပ်ဖိပစ်တော့ အဲကောင်တွေကြောက်ပြီးတော့ ထားခဲ့တာ။ နှစ်ကောင်လဲကျသွားတာမြင်ခဲ့ရတယ်။”ဟု တန့်ဆည်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ယာဥ်သုံးစီးအနက် တစ်စီးမှာ မီတာကြေးလိုက်ကောက်ခြင်းဖြစ်ပြီး နှစ်စီးမှာ လုံခြုံရေးယူထားခြင်းဖြစ်ကြောင်း Taze News ဖော်ပြသည်။

ဇူလိုင် ၁၇ရက်က တန့်ဆည်မြို့နယ်၊ သပြေရင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများပြားကာ ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။