Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် ကင်းလှည့်လာသောစစ်အုပ်စုတိုက်ခို​က်ခံရပြီး သုံးဦးသေ

ယမန်နေ့ (ဇူလိုင် ၂၄ရက်) နံနက် ၉နာရီခန့်က တန့်ဆည်မြို့လမ်းဆုံတွင် မြို့တွင်းသို့ ကင်းလှည့်လာသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ လို​က်ပါလာသော ယာဥ်သုံးစီးအား ပစ်ခတ်တိုက်ခို​က်ရာ နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ပြောသည်။

(သိမ်းဆည်းရမိသော ယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - တန့်ဆည်(ပကဖ))
(သိမ်းဆည်းရမိသော ယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - တန့်ဆည်(ပကဖ))

▪️ယာဥ်တစ်စီး သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခို​က်ရာ သုံးဦးသေဆုံးပြီး မတ်တူးယာဥ်တစ်စီး သိမ်းဆည်းနိုင်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၄ရက်) နံနက် ၉နာရီခန့်က တန့်ဆည်မြို့လမ်းဆုံတွင် မြို့တွင်းသို့ ကင်းလှည့်လာသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ လို​က်ပါလာသော ယာဥ်သုံးစီးအား ပစ်ခတ်တိုက်ခို​က်ရာ နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ပြောသည်။

ထို့အပြင် စစ်အုပ်စုထံမှ ယာဥ်အားသိမ်းဆည်းရမိခဲ့ကြောင်း ၎င်းအဖွဲ့က ဆိုသည်။

“ကား သုံးစီးက တစ်စီးနဲ့တစ်စီး ခပ်လှမ်းလှမ်းထားတာ။ ကျွန်တော်တို့ သိမ်းဆည်းရမိတဲ့ကားက အနောက်အစွန်ဆုံးမှာပါ။ ကျွန်တော်တို့ဘက်က ဖိပစ်တော့ ပြန်ဆုတ်သွားတာ။ အနီးကပ်ဖိပစ်တော့ အဲကောင်တွေကြောက်ပြီးတော့ ထားခဲ့တာ။ နှစ်ကောင်လဲကျသွားတာမြင်ခဲ့ရတယ်။”ဟု တန့်ဆည်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ယာဥ်သုံးစီးအနက် တစ်စီးမှာ မီတာကြေးလိုက်ကောက်ခြင်းဖြစ်ပြီး နှစ်စီးမှာ လုံခြုံရေးယူထားခြင်းဖြစ်ကြောင်း Taze News ဖော်ပြသည်။

ဇူလိုင် ၁၇ရက်က တန့်ဆည်မြို့နယ်၊ သပြေရင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများပြားကာ ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။