Connect with us

Hi, what are you looking for?

သတင်း

ဂေါဝိန်ဆိပ်ကမ်းမှ စစ်ကောင်စီသင်္ဘော ၉စီး အထက်သို့ ဆန်တက်လာ

အဆိုပါ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နိုင်၍ မြစ်ဘေးရှိ ကျေးရွာများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးသည်။

(ဂေါဝိန်ဆိပ်မှထွက်လာသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)
(ဂေါဝိန်ဆိပ်မှထွက်လာသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)

▪︎စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နိုင်၍ မြစ်ဘေးကျေးရွာများအား သတိပေး

မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ ဂေါဝိန်ဆိပ်ကမ်းမှ ထောက်ပို့သင်္ဘောများအပါအဝင် စစ်သင်္ဘော ၉ စီး ဧရာဝတီမြစ်အထက်ပိုင်းသို့ ဆန်တက်လာကြောင်း ဒေသတွင်း ကင်းထောက်ရဲဘော်များက ပြောသည်။

ယနေ့ (ဇူလိုင် ၂၆ရက်) နံနက် ၇နာရီ မိနစ် ၄၀ခန့်က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ထောက်ပို့သင်္ဘောနှင့် စစ်သင်္ဘောများ အထက်သို့ဆန်တက်လာခြင်းဖြစ်ကြောင်း Wetet Informational Networkအဖွဲ့က ပြောသည်။

“ထောက်ပို့ ခြောက်စီး၊ စစ်သင်္ဘော သုံးစီးလို့ သိရတယ်။ ခုမှ တက်လာတုန်းရှိသေးတာ။ မပစ်သေးဘူး။ ရွှေကူ – ဗန်းမော်လောက်ထိ တက်လောက်တယ်”ဟု အထက်ပါအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်သင်္ဘောများသည် နံနက် ၉နာရီခန့်တွင် မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအနီးသို့ ရောက်ရှိနေသည်။

Public Service Announcement

Public Service Announcement

“လောလောဆယ်တော့ မြစ်လယ်က ကျွန်းရွာ သုံးရွာလောက်က ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်။”ဟု မတ္တရာနယ် မြစ်ဘေးကင်းထောက်တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နိုင်၍ မြစ်ဘေးရှိ ကျေးရွာများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။