Connect with us

Hi, what are you looking for?

သတင်း

လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားပြီး လက်နက်များ အသင့်ပြင် ထားသည့် စစ်ကောင်စီသင်္ဘော(၆)စီး ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာ

သံခွန်သင်္ဘောအသေးတစ်စီးနှင့်အတူ ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာဟု အမည်ပေး ထားသည့် သင်္ဘော ၆စီးသည် ဗန်းမော်မြို့ဘက်သို့ ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက် လာသည်ဟု Tigyaing Revolution -TRက အသိပေးထားသည်။

(စစ်ကောင်စီတပ်၏ ရေယာဥ်အုပ်စုကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်၏ ရေယာဥ်အုပ်စုကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားပြီး လက်နက်များအသင့်ပြင် ထားသည့် စစ်ကောင်စီ သင်္ဘော (၆)စီးသည် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ထုတ်ပြန်သည်။

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းတွင် သြဂုတ်လဆန်းကတည်းက ဆိပ်ကမ်းကပ် ထားသည့် စစ်ကောင်စီသင်္ဘောများသည် ယနေ့(သြဂုတ် ၈ရက်) စတင်ထွက်ခွာ လာ​ခြင်းဖြစ်သည်။

သံခွန်သင်္ဘောအသေးတစ်စီးနှင့်အတူ ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာဟု အမည်ပေး ထားသည့် သင်္ဘော ၆စီးသည် ဗန်းမော်မြို့ဘက်သို့ ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက် လာသည်ဟု Tigyaing Revolution -TRက အသိပေးထားသည်။

(စစ်ကောင်စီတပ်၏ ရေယာဥ်အုပ်စုကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်၏ ရေယာဥ်အုပ်စုကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

သင်္ဘောများ၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထားကြောင်းနှင့် မြစ်ကမ်းဘေးပြည်သူများ ဂရုပြုနေထိုင်ကြရန် Tigyaing Revolution -TRက သတိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါ စစ်ကောင်စီသင်္ဘောများတွင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သို့ ပို့မည့်လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက တောင်းဆိုထားသည်။

စစ်ကောင်စီသည် ချင်းတွင်းနှင့်ဧရာဝတီမြစ်ကြောင်းကို အသုံးပြုကာ စစ်ကိုင်းတိုင်း နှင့်ကချင်ပြည်နယ်သို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်နေသည်။ မြစ်ကြောင်းတလျှောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ကောင်စီရေကြောင်းကို ကြားဖြတ်တိုက်ခိုက်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။