Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတွင် စစ်တပ်က နှစ်ပတ်အတွင်း ပြည်သူငါးဦးသတ်ဖြတ်၊ ကျေးရွာ လေးရွာ မီးရှို့ဖျက်ဆီး

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မိဘုရားချိုင့်ရွာ နေအိမ်များ၊စိုင်ဖြူရွာမှ နေအိမ် ၁၇လုံး၊ တောင်ရွာမကျေးရွာရှိ နေအိမ် လေးလုံး၊ ကံတွင်းရွာရှိ နေအိမ်လေးလုံး ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကံတွင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-WLSPG
ကံတွင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-WLSPG

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က နှစ်ပတ်အတွင်း ဒေသခံပြည်သူ ငါးဦးကို သတ်ဖြတ်ပြီး ကျေးရွာ လေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၁၀ ရက်မှစတင်ကာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်းထိုးဝင်ရောက်ခဲ့သည်။

ဇူလိုင် ၁၂ရက်တွင် ဂွေးတိုတဲတိုက်ရှိ ဒေသခံ ပြည်သူ သုံးဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း We Love Seikphyu အဖွဲ့က ပြောသည်။

ဇူလိုင် ၁၅ရက်တွင် ပခုက္ကူမြို့နယ်အတွင်း ဝင်ရောက်ပြီး ဇူလိုင် ၁၈ ရက်အထိ စိုင်ဖြူကျေးရွာအနီးတွင် စခန်းချတပ်စွဲခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ် ထွက်ခွာသွားပြီးနောက် စိုင်ဖြူရွာ၌ လေဖြတ်နေသော အဘွားအိုတစ်ဦး၏ ပုပ်ပွနေသော ရုပ်အလောင်းတစ်လောင်းအား ထပ်မံတွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ဇူလိုင် ၂၆ ရက်ကလည်း အရှေ့ကမ်းဖြူရွာမှ စစ်ကြောင်းပြန်ထွက်ချိန် အသက် (၅၇) နှစ်အရွယ် ဒေသခံတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“အရပ်ဝတ်နဲ့ကံတွင်းရွာကို လာပြီး “စစ်ခွေးတွေဘယ်သွားကြလဲ” ဆိုပြီး PDF ပုံစံနဲ့ဝင်လာကြတယ်။ပြည်သူတွေက သိနေတော့ မဖြေတဲ့အခါ ဒူးထောက်ထိုင်ခိုင်းတယ်။လူမရှိတဲ့ အိမ်တွေ ဝင်မွှေပြီး လိုချင်တာယူသွားကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မိဘုရားချိုင့်ရွာ နေအိမ်များ၊စိုင်ဖြူရွာမှ နေအိမ် ၁၇လုံး၊ တောင်ရွာမကျေးရွာရှိ နေအိမ် လေးလုံး၊ ကံတွင်းရွာရှိ နေအိမ်လေးလုံး ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဆိပ်ဖြူ – ပခုက္ကူနယ်စပ်ရှိ ဆိပ်ဖြူမြို့နယ်ဘက်မှ တောင်ရွာမ၊မြောက်ရွာမ၊ရေယဉ်ချောင်၊ဇီးပင်ကြီး၊သံပုရာပင်နှင့်ဆားလောက် ကျေးရွာများ၊ ပခုက္ကူမြို့နယ်ရှိ စိုင်ဖြူ၊ရှားဒူး၊တောင်ပလူ၊အရှေ့ကမ်းဖြူနှင့် ဥယျာဉ်စုအစရှိသည့် ကျေးရွာပေါင်း ၁၁ ရွာထက်မနည်းမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။