Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့ပေါ်တွင် ပျူများက ဓားပြတိုက်ပြီး အိမ်ရှင်အမျိုးသား သတ်ဖြတ်သွား

ဇူလိုင် ၃၀ရက် ညက တမူးမြို့ ဈေးတန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ပျုစောထီး ၂၀ခန့်က ဝင်ရောက် ဓားပြတိုက်ပြီး အိမ်ရှင်အမျိုးသားကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

တမူးမြို့
တမူးမြို့

▪︎တစ်ပတ်အတွင်း ဓားပြမှုနှစ်ကြိမ်ဖြစ်ပြီး လူလေးဦးအသတ်ခံရ

စစ်ကိုင်းတိုင်း တမူးမြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများပူးပေါင်းကျူးလွန်သည့် ဓားပြမှုနှင့် လူသတ်မှုများဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဝန်းအနီးရှိ နေအိမ်တစ်အိမ် ထပ်မံဓားပြတိုက်ခံရပြီး အိမ်ရှင်ကိုပါ သတ်ဖြတ်သွားကြောင်း မြို့ခံများက ပြောသည်။

ဇူလိုင် ၃၀ရက် ညက တမူးမြို့ ဈေးတန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ပျုစောထီး ၂၀ခန့်က ဝင်ရောက် ဓားပြတိုက်ပြီး အိမ်ရှင်အမျိုးသားကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

“တမူးအခြေအနေတော်တော် ဆိုးနေပါပြီ။ ပျူတွေက ထပ်သတ်သွားပြန်ပြီ။ ဓားပြမှု၊ လူသတ်မှုတွေက ခဏခဏ ဖြစ်နေတာ”ဟု တမူးမြို့ စန္ဒကူးရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသူမှာ အသက်(၅၀)ခန့်ရှိသူ ကိုပေစိဆိုသူဖြစ်သည်။ ပျူစောထီး ၂၀ခန့်က ကိုပေစိနေအိမ်ကို ဝင်ရောက်ကာ မိသားစုဝင်များအား မှောက်လျက်နေခိုင်းကြောင်း၊ အိမ်ရှိ ရွှေထည်အချို့နှင့် ငွေကြေးများ တောင်းယူကြောင်း၊ ထိုအချိန်၌ ကိုပေစိက အိမ်ပြင်ပသို့ရောက်နေချိန် သတင်းကြား၍ ပြန်လာရာ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

” ဒီပြဿနာငါရှင်းမှရမှာဆိုပြီး ကိုပေစိက အိမ်ထဲ ပြန်ဝင်လာတာ။‌နားထင်ကို တေ့ပြီး ပစ်သတ်သွားတာ။ ကျန်တဲ့အိမ်သားတွေကို သတ်မသွားတာ ကံကောင်းသေးတယ်။ ဆိုင်ကယ်ကိုတောင် ယူသွားတယ်”ဟု ၎င်းက ပြောသည်။

ကိုပေစိနေအိမ်သည် တမူးစစ်တပ်ဝန်းနှင့် ရှိပြီး ယခုဓားပြတိုက်လူသတ်မှုဖြစ်စဉ်ကို ပျူစောထီးများနှင့်အတူ စစ်သားများပါ ပူးပေါင်းပါဝင်ခဲ့သည်ဟု ဒေသခံများက သုံးသပ်နေသည်။

အဆိုပါ ဓားပြမှုမတိုင်မီ ဇူလိုင် ၂၄ရက် ညက တမူးမြို့၊ စန္ဒကူးရပ်ကွက်တွင် နေထိုင်သော ကုန်သည်ဒေါ်အေး၏ အိမ်ကို ပျူစောထီး ခုနစ်ဦးက ဝင်ရောက်ဓားပြတိုက်ပြီး ဒေါ်အေးနှင့် သားတစ်ဦး၊သမီးတစ်ဦးကိုပါ သတ်ဖြတ်သွားခြင်းဟု ရပ်ကွက်ဒေသခံများက ပြောသည်။

ထို့ကြောင့် တမူးမြို့‌ပေါ်တွင် ခုနစ်ရက်အတွင်း နှစ်ကြိမ် ဓားပြတိုက်လူသတ်မှုဖြစ်ပြီး လူလေးဦး သေဆုံးခဲ့ရသည်။ ဒေါ်အေးတို့မိသားစု၏ နာရေးဦးဆောင်ပြုလုပ်ပေးသူ ဒေသခံတစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။ ဇူလိုင် ၃၀ရက်က အသတ်ခံရသည့် ကိုပေစိ၏ နာရေးကို ယမန်နေ့(ဇူလိုင် ၃၁ ရက်)က ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook