Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့ကုန်သည်မိသားစုကို ပျူစောထီးများဓားပြတိုက်ပြီး မိသားစုဝင်သုံးဦးသတ်ဖြတ်သွား

ဒေါ်အေး၏ အမျိုးသားနှင့် သားကြီးဖြစ်သူသည် ထပ်မံသတ်ဖြတ်ခံရမည်ကို စိုး‌ရိမ်သောကြောင့် ထွက်ပြေးတိမ်း‌ရှောင်နေရသည်ဟု ဆိုသည်။ ထို့ကြောင့် ဒေါ်အေးတို့မိသားစု၏ နာရေးကို မိသားစုဝင်များမရှိ၍ ရပ်ကွက်က ပြုလုပ်ပေးခဲ့ရသည်။

တမူးမြို့ကုန်သည်မိသားစုကို ပျူစောထီးများဓားပြတိုက်ပြီး မိသားစုဝင်သုံးဦးသတ်ဖြတ်သွား
တမူးမြို့ကုန်သည်မိသားစုကို ပျူစောထီးများဓားပြတိုက်ပြီး မိသားစုဝင်သုံးဦးသတ်ဖြတ်သွား

▪️နာရေးဦးဆောင်လုပ်ပေးသူကိုလည်း စစ်ကောင်စီ ဖမ်းဆီးထားဟုဆို

စစ်ကိုင်းတိုင်း တမူးမြို့မှ ကုန်သည်မိသားစုကို စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက ဓားပြတိုက်ပြီး မိသားစုဝင်သုံးဦးကို သတ်ဖြတ်သွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။

တမူးမြို့၊ စန္ဒကူးရပ်ကွက်တွင်နေထိုင်သော ကုန်သည်ဒေါ်အေး၏ နေအိမ်ကို ပျူစောထီး ခုနစ်ဦးက ဇူလိုင် ၂၄ရက် ညအစောပိုင်းတွင် ဝင်ရောက်ဓားပြတိုက်ပြီး ဒေါ်အေးနှင့် သားတစ်ဦး၊ သမီးတစ်ဦးကိုပါ သတ်ဖြတ်သွားခြင်းဟု စန္ဒကူးရပ်ကွက်ဒေသခံများက ပြောသည်။

“ညမိုးမချုပ်ခင် ဝင်တိုက်တာ။ ပျုတွေပဲ သွားလာနေကြတဲ့ အချိန်ပါ။ ဝင်တိုက်တာလည်း ပျူစောထီးအုပ်စုပါပဲ။မြို့ခံတွေ သိကြပါတယ်”ဟု စန္ဒကူးရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဒေါ်အေး၏ ခင်ပွန်းသည် အိန္ဒိယနိုင်ငံ မိုးရေးမြို့တွင် ရောက်ရှိနေပြီး သားအကြီးဖြစ်သူလည်း နေအိမ်ပြင်ပတွင်ရှိနေ၍ အသတ်မခံရခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။အဆိုပါ ဓားပြမှုကြောင့် အသက်(၄၈)နှစ်အရွယ် ဒေါ်အေး၊ အသက်(၁၆)နှစ်အရွယ် သားဖြစ်သူ မောင်ပြည့်လျှံနှင့် အသက် (၂၁)နှစ်အရွယ်သမီးဖြစ်သူ မငြိမ်းငြိမ်းတို့ အသတ်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မောင်ပြည့်လျှံကိုအိမ်ကနေ ထွက်ခိုင်းပြီး ဖုန်းယူခိုင်းတယ်။ ပြန်မလာရင် မင်းအမေနဲ့ အမကို သတ်မယ်ဆိုပြီး ပြောတယ်။ ကလေးက ဖုန်းရှာပြီး သွားပေးတော့ သုံးယောက်စလုံးကို သတ်ပစ်တာ”ဟု ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဒေါ်အေးတို့မိသားစုအား ဓားပြတိုက်ပြီးသတ်ဖြတ်သွားသူများမှာ ပျူစောထီးများဖြစ်ကြောင်း မြို့ခံများအပြင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများကလည်း ပြောသည်။

ဒေါ်အေး၏ အမျိုးသားနှင့် သားကြီးဖြစ်သူသည် ထပ်မံသတ်ဖြတ်ခံရမည်ကို စိုး‌ရိမ်သောကြောင့် ထွက်ပြေးတိမ်း‌ရှောင်နေရသည်ဟု ဆိုသည်။ ထို့ကြောင့် ဒေါ်အေးတို့မိသားစု၏ နာရေးကို မိသားစုဝင်များမရှိ၍ ရပ်ကွက်က ပြုလုပ်ပေးခဲ့ရသည်။

အဆိုပါ နာရေးအား ဦးဆောင်ပြုလုပ်ပေးသူတစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။ ဖမ်းဆီးခံရသူအမျိုးသူ အမျိုးသားသည် ယခုအခါ တစ်မူးမြို့ရဲစခန်းအချုပ်၌ ရှိနေကြောင်း ရဲသားစုဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။