Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီသင်္ဘောရေယာဉ်အုပ်စု ထီးချိုင့်ဆိပ်ကမ်းရောက်ရှိ

အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုသည် ထီးချိုင့်မြို့မှ ထွက်လာပါက ကသာမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ကသာနယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းက အသင့်လာရောက်စောင့်ဆိုင်းနေသည်ဟုလည်း သတင်းရရှိသည်။

(မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီသင်္ဘောရေယာဉ်အုပ်စုသည် ထီးချိုင့်မြို့ဆိပ်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အဆိုပါ ရေယာဥ်အုပ်စုသည်ပြီး ဆိပ်ကမ်းမြစ်ကူးတံတား အောင်ဖက်တွင် ရပ်တန့်ထားကြောင်း သတင်းရရှိသည်။

“ထီးချိုင့်တံတား အောက်မှ နှစ်ဖက်ခွရပ်ထားတယ်။ စုစုပေါင်းကိုးစီးပါ။ ဆက်ထွက်ဖို့ အရိပ်အယောင်‌တော့ မတွေ့သေးပါဘူး”ဟု ထီးချိုင့်မြို့မှ ပြည်သူ့ကာကွယ်ရင်းထောက်ပို့ရဲဘော်တစ်ဦးက ယ‌နေ့(ဩဂုတ်လ ၃ရက်) နံနက်တွင် ပြောသည်။

အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုတွင် သင်္ဘာကိုးစီးပါဝင်ပြီး မန္တလေးမြို့မှ ဇူလိုင် ၂၆ရက်တွင် စတင် ထွက်ခွာလာခြင်းဖြစ်သည်။ ကချင်ပြည်နယ်သို့ သွားမည်ဖြစ်ပြီး ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် ဆက်သွယ်ရေးပစ္စည်များ သယ်ဆောင်လာကြောင်း တော်လှန်ရေးအင်အစုများက သတင်းရရှိထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အောက်ဖက်က အဖွဲ့တွေက သပိတ်ကျင်းနားမှာ ရှော့တိုက်ဒုန်းနဲ့ ချခဲ့သေးတယ်။ အထိအခိုက်တော့ မသိရဘူး။ သူတို့က လေယာဉ်နဲ့ သယ်လို့ မရတဲ့ ကုန်ပွတွေ သယ်လာတာပါ”ဟု ကသာမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုသည် ထီးချိုင့်မြို့မှ ထွက်လာပါက ကသာမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ကသာနယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းက အသင့်လာရောက်စောင့်ဆိုင်းနေသည်ဟုလည်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။