Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီသင်္ဘောရေယာဉ်အုပ်စု ထီးချိုင့်ဆိပ်ကမ်းရောက်ရှိ

အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုသည် ထီးချိုင့်မြို့မှ ထွက်လာပါက ကသာမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ကသာနယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းက အသင့်လာရောက်စောင့်ဆိုင်းနေသည်ဟုလည်း သတင်းရရှိသည်။

(မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီသင်္ဘောရေယာဉ်အုပ်စုသည် ထီးချိုင့်မြို့ဆိပ်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အဆိုပါ ရေယာဥ်အုပ်စုသည်ပြီး ဆိပ်ကမ်းမြစ်ကူးတံတား အောင်ဖက်တွင် ရပ်တန့်ထားကြောင်း သတင်းရရှိသည်။

“ထီးချိုင့်တံတား အောက်မှ နှစ်ဖက်ခွရပ်ထားတယ်။ စုစုပေါင်းကိုးစီးပါ။ ဆက်ထွက်ဖို့ အရိပ်အယောင်‌တော့ မတွေ့သေးပါဘူး”ဟု ထီးချိုင့်မြို့မှ ပြည်သူ့ကာကွယ်ရင်းထောက်ပို့ရဲဘော်တစ်ဦးက ယ‌နေ့(ဩဂုတ်လ ၃ရက်) နံနက်တွင် ပြောသည်။

အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုတွင် သင်္ဘာကိုးစီးပါဝင်ပြီး မန္တလေးမြို့မှ ဇူလိုင် ၂၆ရက်တွင် စတင် ထွက်ခွာလာခြင်းဖြစ်သည်။ ကချင်ပြည်နယ်သို့ သွားမည်ဖြစ်ပြီး ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် ဆက်သွယ်ရေးပစ္စည်များ သယ်ဆောင်လာကြောင်း တော်လှန်ရေးအင်အစုများက သတင်းရရှိထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အောက်ဖက်က အဖွဲ့တွေက သပိတ်ကျင်းနားမှာ ရှော့တိုက်ဒုန်းနဲ့ ချခဲ့သေးတယ်။ အထိအခိုက်တော့ မသိရဘူး။ သူတို့က လေယာဉ်နဲ့ သယ်လို့ မရတဲ့ ကုန်ပွတွေ သယ်လာတာပါ”ဟု ကသာမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုသည် ထီးချိုင့်မြို့မှ ထွက်လာပါက ကသာမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ကသာနယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းက အသင့်လာရောက်စောင့်ဆိုင်းနေသည်ဟုလည်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။