Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်နယ်တွင် ဇူလိုင်အတွင်း KNDFပါဝင်သည့် တိုက်ပွဲ ၃၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၈၀ကျော်သေ

ဇူလိုင်၌ KNDF ပါဝင်သည့် တိုက်ပွဲ ၃၃ကြိမ်ရှိခဲ့ရာ ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်များထံမှ လက်နက်ငယ် (၈)လက်နှင့် ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။

(ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တပ်ရင်းအမှတ် (၇)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF B-07)
(ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တပ်ရင်းအမှတ် (၇)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF B-07)

မယ်စဲ့မြို့ပြန်ရယူနိုင်ရေးအပါအဝင် ကရင်နီဦးတည်သည့် စစ်မျက်နှာများစွာ စစ်ကောင်စီ အင်အားဖြည့်တင်းနေ

“သူတို့ကတော့ နယ်မြေထိန်းချုပ်မှုကို ပြန်လည်ရလိုမှုနဲ့ စစ်ကြောင်းတွေ စစ်ဆင်ရေးတွေ ပြန်လုပ်လိမ့်မယ်လို့ ယူဆရတယ်”

ကရင်နီပြည်နယ်တွင် ဇူလိုင်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပါဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်သည့် တိုက်ပွဲပေါင်း ၃၀ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း KNDFက ယနေ့ ထုတ်ပြန်သည်။

ဇူလိုင်၌ KNDF ပါဝင်သည့် တိုက်ပွဲ ၃၃ကြိမ်ရှိခဲ့ရာ ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်များထံမှ လက်နက်ငယ် (၈)လက်နှင့် ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

တိုက်ပွဲများ၌ အထိနာသည့် စစ်ကောင်စီတပ်သည် ဇူလိုင်အတွင်း လေကြာင်းတိုက်ခိုက်မှု (၄၂) ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကြောင့် (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ထို့အပြင် လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံးကာ၊ ၁၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့်လည်း အပြစ်မဲ့အရပ်သားပြည်သူ ခုနစ်ဦး သေဆုံးခဲ့ရကြောင်း အသိပေထားသည်။

လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ပြည်သူလူထု နေအိမ် ၁၃လုံးပျက်စီးခဲ့ကာ၊ ဘာသာရေးအဆောက်အဦ (၂)လုံး အပါအဝင် ဆေးပေးခန်း တစ်ခန်း နှင့် စာသင်ကျောင်း နှစ်ကျောင်းတို့လည်း ထိခိုက်ပျက်စီး ခဲ့ရကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း KNDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း အသိပေးခဲ့ပြီး ကျဆုံးရဲဘော် နှစ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ အားလုံးကို KNDF မှ အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင် အလေးပြုကြောင်း ထုတ်ပြန်သည်။

“စစ်ကောင်စီကတော့ ဒီးမော့ဆိုမြို့နယ်ဘက်မှာလည်း စစ်ကြောင်းတွေထိုးနေတယ်။ စစ်ဆင်ရေးလုပ်နေတယ်။ ဖာဆောင်းဘက်မှာလည်း သူတို့ စစ်ကြောင်းတွေရှိနေတုန်းပဲ။ လွိုင်ကော်ကိုလည်း အရင်တစ်ပတ်တုန်းက ရှမ်းပြည်နယ် ပင်လောင်းဘက်ကနေ ကားအစီး ၁၀၀ကျော်နဲ့ အင်အားဖြည့်ထားတယ်။ သူတို့ကတော့ စစ်မျက်နှာတွေအများကြီးဖွင့်ထားတယ်။ ကရင်ပြည်နယ် ယာဒိုဘက်မှာလည်း သူတို့ တပ်အင်အားတွေရှိနေတယ်။စစ်ကောင်စီက ကရင်နီပြည်ကို အင်အားအလုံးအရင်းနဲ့ သုံးပြီး ပြန်လည်တိုက်ခိုက်မယ့်ပုံစံလုပ်တာပေါ့” ဟု KNDF သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

၂၀၂၃ ဇွန်လအတွင်း စစ်ကောင်စီတပ်သည် မယ်စဲ့မြို့နယ်ရှိတပ်စခန်းများနှင့် နယ်စပ်စခန်းများအား လက်လွတ်ဆုံးရုံးခဲ့ရသည့်နောက် ကရင်နီပြည်အတွင်းသို့ စစ်ဆင်ရေးအရှိန်မြင့်တင်ရန်အတွက် လူသူလက်နက်ခဲယမ်းနှင့် စက်သွယ်ရေးစက်များပါဝင်သော စစ်ကား အစီး(၁၀၀)ကျော်ပါ ယာဥ်တန်းကို လွိုင်ကော်မြို့နယ်အတွင်းသို့ ဝင်ရောက်အားဖြည့်ခဲ့သည်ဟု ဆိုသည်။

ဇူလိုင်တတိယအပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ်ကို ဖြတ်၍ လွိုင်ကော်မြို့နယ်သို့ ဝင်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ယာဥ်တန်းအား လွိုင်ကော်မြို့အနီးတွင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ယာဥ်သုံးစီး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါယာဥ်တန်းများအား လုံခြုံရေးယူပေးရန်အတွက် လွိုင်ကော်မြို့မှထွက်လာသော စစ်ကောင်စီလှုပ်ရှားတပ်များကို ကရင်နီပူးပေါင်းတပ်များမှ ခြေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

ဖားဆောင်းမြို့အနီးရှိ သံလွင်တံတားအနီးတွင် မယ်စဲ့မြို့ကို ပြန်လည်သိမ်းယူနိုင်ရေး စစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ အပြင်းအထန်ခုခံတိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

ထို့အပြင် မယ်စဲ့မြို့နယ်ရှိ ပန်တိန်းနယ်ခြားစောင့်စခန်းတွင် ရဟတ်ယာဉ်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်များကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ အဆက်မပြတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ဘောလခဲမြို့နယ်၊ ရွာသစ်မြို့တွင်လည်း စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လျက်ရှိသဖြင့် ကရင်နီပူးပေါင်းတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်များသည် ရွာသစ်မြို့အတွင်းသို့ ဝင်ရောက်တပ်စွဲကာ အရပ်သားပြည်သူ ၃၀၀ခန့်ကို ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားကြောင်း အသိပေးထားသည်။

ကရင်ပြည်နယ်သံတောင်မြို့နယ် ယာဒိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို မဟာမိတ်တပ်များနှင့်အတူ KNDF မှ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်၏ အဆမတန် လေကြောင်းပစ်ကူများအသုံးပြုမှုနှင့် အင်အား အမြောက်အများ ဖြည့်တင်းမှုကြောင့် ယာဒိုကျေးရွာနှင့်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ထုတ်ပြန်သည်။

“စစ်ကောင်စီကတော့ မယ်စဲ့မြို့နယ်ကို လက်လွှတ်ဆုံးရှုံးရတယ်။ နယ်စပ်က သူတို့ စခန်းတွေ တော်တော်များများလည်း အသိမ်းခံရတယ်။နောက်ပြီး တချို့ နယ်စပ်စခန်းတွေ ဆုတ်ပေးလိုက်ရတာလည်း အများကြီးရှိတယ်။ သူတို့ကတော့ နယ်မြေထိန်းချုပ်မှုကို ပြန်လည်ရလိုမှုနဲ့ စစ်ကြောင်းတွေ စစ်ဆင်ရေးတွေ ပြန်လုပ်လိမ့်မယ်လို့ ယူဆရတယ်။” ဟု KNDF သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ကရင်နီပြည်ကဲ့သို့ပင် စစ်ကောင်စီတပ်ကို တစ်နိုင်ငံလုံးက ခုခံတိုက်ခိုက်တွန်းလှန်ပါက ပြည်သူများလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ရရှိရေးရည်မှန်းချက် အမြန်ရောက်နိုင်မည်ဟုလည်း ၎င်းက ပြောသည်။

“ကရင်နီပြည်သူတွေကလည်း စစ်ရှောင်တယ်။ တော်လှန်ရေးအတွက် ထောက်ခံအားပေးတယ် တောင့်ခံနေရတယ်။ ကျနော်တို့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးနောက် ပြည်သူတွေကလည်း နိုင်တဲ့ဝန်ကနေ တော်လှန်ရေးကို ဝင်ပါမှသာလျင် ကျနော်တို့ ရည်မှန်းတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အမြန်ရောက်နိုင်လိမ့်မယ်။လက်ရှိတိုက်နေတဲ့ တပ်ဖွဲ့တွေ ပြည်နယ်တွေ တိုင်းတွေပဲလုပ်လို့မရဘူး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ခိုက်တွန်းလှန်မှသာလျင်ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။