Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးတွင် ဇူလိုင်အတွင်း စစ်ဆင်ရေး ၁၇ခုပြုလုပ်ခဲ့ဟု ပကဖ အသိပေး

လောင်းလုံး(ပကဖ)အနေဖြင့် မြို့နယ်တွင်း စစ်ရေးဖော်ဆောင်မှုများတွင် ယခုနှစ်(၂၀၂၃)ဇွန်လအထိ စစ်ဆင်ရေးပေါင်း ၄၃ ခုဖော်ဆောင်ထားရာ စစ်ကောင်စီတပ်ဘက်မှ ၅၁ ဦးသေဆုံး၍ ၇၀ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း သိရသည်။

(​လောင်းလုံ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ် ။ဓာတ်ပုံ - LLPDF)
(​လောင်းလုံ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ် ။ဓာတ်ပုံ - LLPDF)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်အတွင်း စစ်ရေးဖော်ဆောင်မှု (၁၇)ကြိမ်ရှိခဲ့ရာ ရန်သူစစ်ကောင်စီတပ်မှ ၂၆ဦးသေဆုံးကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃၇ဦး ထိခိုက်ဒဏ်ရာရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)LLPDFက ယနေ့(သြဂုတ် ၅) အသိပေး ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးများတွင် လောင်းလုံး(ပကဖ)မှ ရဲဘော်သုံးဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ် ရာရခဲ့ပြီး ဇူလိုင် ၅ ရက်မှ ၂၂ ရက်အထိ စစ်ဆင်ရေးများဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စစ်ဆင်ရေးထဲမှာ ဇူလိုင် ၂၂ ပွဲက တစ်နေကုန်ပါ။ မနက်စောစော ၆နာရီပွဲမှာ ကျွန်တော်တို့ ရဲဘော် သုံးဦးကျသွားခဲ့တယ်။ အဲဒီနောက် ၁၀နာရီခန့်လောက်မှာ ရှေ့ဆက်တိုးလာတာကို ချိန်ကိုက်မိုင်းခွဲပစ်တာ။ ပြီးတာနဲ့ ဒုန်းတွေနဲ့ပါ တစ်နေကုန်ပစ်တာ ဖြစ်ပါတယ်”ဟု စစ်ရေးဖော်ဆောင်မှုများအနက် တိုက်ပွဲပြင်းထန်ခဲ့သည့် တိုက်ပွဲအခြေအနေတစ်ခုအား လောင်းလုံး (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးသည် လောင်းလုံးမြို့နယ် စခန်းကြီး၊ ခမောင်းတောင်၊ ဖွားဘုတ်ပြင် စသည့်ကျေးရွာများအနီး ဇူလိုင် ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးကာ ဗိုလ်ကြီးတစ်ဦး အထိနာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

လောင်းလုံး(ပကဖ)အနေဖြင့် မြို့နယ်တွင်း စစ်ရေးဖော်ဆောင်မှုများတွင် ယခုနှစ်(၂၀၂၃)ဇွန်လအထိ စစ်ဆင်ရေးပေါင်း ၄၃ ခုဖော်ဆောင်ထားရာ စစ်ကောင်စီတပ်ဘက်မှ ၅၁ ဦးသေဆုံး၍ ၇၀ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း သိရသည်။

ထို့အပြင် အဆိုပါစစ်ဆင်ရေးများတွင် ရန်သူ့ထံမှ AK သေနတ်တစ်လက်၊ M3 နှစ်လက်၊ Vigo ကားတစ်စီးနှင့် ခဲယမ်းအချို့ သိမ်ဆည်းရရှိခဲ့ကြောင်း လောင်းလုံး(ပကဖ)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။