Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့နယ် ဝိန်းကောင်ရွာအနီးရှိတံတားတစ်စင်းကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

(၊ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားကို စစ်ကောင်စီတပ်က ဧပြီ ၂၇ ရက် ညတွင် မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးထားစဥ်။ဓါတ်ပုံ-PNLA News & Info)
(၊ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားကို စစ်ကောင်စီတပ်က ဧပြီ ၂၇ ရက် ညတွင် မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးထားစဥ်။ဓါတ်ပုံ-PNLA News & Info)

▪︎ဆီဆိုင်မြို့နယ် နေရာ ၃နေရာ၌ တိုက်ပွဲဖြစ် စစ်​ကောင်စီတပ် ၁၃ ဦးထက်မနည်း​သေဆုံး ဟုဆို

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့က ယမန့်နေ့(ဧပြီ ၂၇ ည) တွင် မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်သည်။

ဧပြီ ၂၇ရက် ည ၆နာရီခန့်တွင် ဝိန်းကောင်ဒေသမှ ဆီဆိုင်သို့ ဆက်သွယ်သွားလာနိုင်သည့် သဘက်ချောင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“စစ်ကောင်စီက တိုက်ပွဲလည်းမဖြစ် အကြောင်းအရင်းလည်း မသိရဘဲ အဲဒီတံတားကို မိုင်းခွဲသွားတယ်။ ဒီတံတားကသဘက်ချောင်းကို ဖြတ်ကူးတဲ့တံတားဖြစ်တယ်။ အဲဒီ ကျေးလက်ဒေသကသူတွေ ဆီဆိုင်မြို့ကို သွားရင် အဲဒီတံတားကို မဖြစ်မနေ ဖြတ်သွားရတာဖြစ်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဖျက်ဆီးခြင်းမှာ စစ်ရေးအရ ဖြစ်နိုင်သကဲ့သို့ ပြည်သူများကို အခက်အခဲ ဖြစ်စေရန် လုပ်ဆောင်သည့် သဘောဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်​ပြောကြားသည်။

“အခု တလော ဆီဆိုင်မြို့နယ်မှာ ဆိုရင် အဲဒီ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ရမ်းသန်း ပစ်ခတ်တာတွေ တအားလုပ်နေတော့လေ။ အဲဒီလမ်းကြောင်းက ဆီဆိုင်မြို့ကို ပေါက်တဲ့ လမ်းကြောင်းဆိုတော့ သူတို့ကို လာတိုက်မှာစိုးလို့ တံတားဖျက်ဆီးလိုက်တာမျိုးလည်းဖြစ်နိုင်တယ်”ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီ လုပ်ရပ်ကြောင့် ပြည်သူများသာ အဓိက အခက်အခဲဖြစ်ရကြောင်း ၎င်းကဆက်ပြောသည်။စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ခြင်းကြောင့် ယင်းတံတားသည် ကားများသွားလာ၍မရတော့ဟု သိရသည်။

ထိုအပြင်ဧပြီ ၂၇ ရက်တွင်ဆီဆိုင်မြို့နယ် နေရာသုံးခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရကြောင်း ထုတ်ပြန်ထားပြီး တိုက်ပွဲဖြစ်ပွားရာဒေသ အပါအဝင်တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး အသေးစိတ် ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။