Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဆီယံ AHA Centre လူသားချင်းစာနာမှုအကူအညီ ကရင်နီစစ်​ဘေး​ရှောင် ၁၄၅၀ ဦးပထမဆုံး​ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရေဖြူရွာရောက် ကရင်နီပြည်နယ်မှ စစ်ရှောင်ပြည်သူ ၁,၄၅၀ ဦးကို PNLO က ဇူလိုင် ၁၆ ရက်တွင် ဆန်အိတ် ၄၀၀၊ မိသားစုအသုံးအဆောင်ပစ္စည်းအစုံ ၄၀၀ နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းအစုံ ၁,၄၅၀ ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာ(AHA Centre)မှ ပေးပို့သည့် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ကရင်နီစစ်ရှောင်ပြည်သူများထံ ဇူလိုင် လလယ်ပိုင်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရေဖြူရွာရောက် ကရင်နီပြည်နယ်မှ စစ်ရှောင်ပြည်သူ ၁,၄၅၀ ဦးကို PNLO က ဇူလိုင် ၁၆ ရက်တွင် ဆန်အိတ် ၄၀၀၊ မိသားစုအသုံးအဆောင်ပစ္စည်းအစုံ ၄၀၀ နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းအစုံ ၁,၄၅၀ ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများမှာ AHA Centre ၏ ပထမဆုံးအသုတ် ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မေလဆန်းတွင် ဆီဆိုင်မြို့နယ်အတွင်း အာဆီယံသံတမန်ယာဥ်တန်း ပစ်ခတ်ခဲ့ရ၍ AHA Centre ၏ အကူအညီပေးရေးအစီအစဥ် မအောင်မြင်မှုကို PNLO က ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ရှင်းပြသည်။

“သူတို့(စစ်ရှောင်တွေ)မှာ ဆန်ပြတ်တော့မယ့်အချိန် ဆန်ရောက်လာလို့ တော်သေးတယ်။ အခုလို ကူညီတာ ကျေးဇူးတင်တာပေါ့လို့ ပြောတယ်။ တစ်အိမ်ထောင် ဆန်တစ်အိတ်အနည်းဆုံးရတယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

အထက်ပါ ကူညီထောက်ပံ့မှုတွင် အာဏာသိမ်းစစ်ကောင်စီ၏ ပါဝင်ပတ်သက်မှုမရှိဘဲ ပထမတစ်ကြိမ် ပြီးခဲ့သည့် မေလဆန်းက အာဆီယံ၏ သံတမန်ယာဥ်ပစ်ခတ်ခံရမှုမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်(PNO) တို့၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ထိုစဥ်က မှတ်ချက်ပြုထားသည်။​ထိုစဥ်က သေနတ်ပစ်ခံရသဖြင့် အစီအစဥ်ပျက်ခဲ့ပြီး စစ်​ဘေး​ရှောင် မိသားစု ၁၀ စု ကိုသာအကူအညီ​ပေးခဲ့ရ​ကြောင်းသိရသည်။

(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

ဇူလိုင် ဒုတိယပတ်တွင် ပြုလုပ်ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၄၀၀ အတွက် အကူအညီများ တစိတ်တပိုင်းဖြန့်ဝေနိုင်မှုနှင့် ယင်းသို့ အောင်မြင်စွာဖြန့်ဝေနိုင်ရေးအတွက် ကူညီပေးခဲ့သော သက်ဆိုင်ရာ Stakeholder များကို ချီးကျူးဂုဏ်ပြုထားသည်။ ထို့အပြင် ပြည်တွင်းနေရပ်စွန့်ခွာသူ မြန်မာပြည်သူ ၁.၁ သန်းထံ လူသာချင်းစာနာမှုအကူအညီများ ရောက်ရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းက ပံ့ပိုးကူညီရန် တောင်းဆိုထားသည်။

(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

“တစ်အိမ်ထောင်စု ဆန်တစ်အိတ်အနည်းဆုံးရတယ်။မိသားစုသုံးပစ္စည်း အိုးခွက်ပန်းကန်တွေလည်း တစ်မိသားစု တစ်စုံရတယ်။တစ်ကိုယ်ရည်သုံးပစ္စည်းကတော့ တစ်ယောက် တစ်စုံရတယ်”ဟုစစ်​ဘေး​ရှောင်များ အာဆီယံ၏ပထမဆုံးအကူအညီရရှိမှုကို ​ဒေသခံတစ်ဦးကရှင်းပြသည်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို AHA Centre က ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။