Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့တိုက်ပွဲတွင် AAနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည့် PIA ရဲဘော်တစ်ဦး ကျဆုံး

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

(အမ်းမြို့နယ်တိုက်ပွဲအတွင်း ကျဆုံးခဲ့သော PIA ရဲဘော်အား တွေ့ရစဉ်)
(အမ်းမြို့နယ်တိုက်ပွဲအတွင်း ကျဆုံးခဲ့သော PIA ရဲဘော်အား တွေ့ရစဉ်)

ဇော်ရမ်း/People’s Spring

အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်တိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)နှင့် အတူတိုက်ပွဲဝင်နေသည့် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

ရဲဘော်သွင်ထူးအောင်သည် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)အပတ်စဥ် (၃) အခြေခံ စစ်သင်တန်းဆင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဧပြီ၂၅ရက်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး တောဟိန်းတောင်စစ်ကောင်စီဗျူဟာကုန်းကို အာရက္ခတပ်တော်(AA )က သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအလွန်ပြင်းထန်ခဲ့ကြောင်း AAနှင့် နီးစပ် သည့်စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။

ထိုနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးကာ စစ်သုံ့ပန်းများလည်း ဖမ်းမိကြောင်း သတင်းရရှိသည်။

ရဲဘော်သွင်ထူးအောင်သည် လူမျိုးပေါင်းစုံ ပြည်သူလူထုဘဝ လွတ်မြောက်ရေးအတွက် တပ်တော်ကပေးအပ်သည့် တော်လှန်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည့်အပေါ် အလေးအနက်ဂုဏ်ယူကြောင်းလည်း PIA က ထုတ်ပြန်ထားသည်။

PIA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက် ပိုင်းညီနောင်သုံးဖွဲ့နှင့်အတူ မြို့သိမ်းတိုက်ပွဲအချို့ပူးတွဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် စစ်ကိုင်းတိုင်းအပါအဝင် ဒေသအနှံ့ရှိ စစ်ကောင်စီတော်လှန်ရေးတိုက်ပွဲများတွင်လည်း PIA ရဲဘော်များပါဝင် တိုက်ခိုက်နေသည်။

AAသည်လည်း ကချင်၊ စစ်‌ကိုင်း၊ မကွေး၊ ရှမ်းစသည့် ဒေသများ၌ စစ်ကောင်စီတော်လှန်ရေးတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းတိုက်ခိုက်နေသလို ရခိုင်‌ဒေသတိုက်ပွဲများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ပေးနေသည်။

ယခုအခါ စစ်ကောင်စီနှင့် AAသည် အမ်းမြို့နယ်အပြင် သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့၌လည်းတိုက်ပွဲများ နေ့စဉ် ရက်ဆက် ဖြစ်ပွားနေကြောင်း AAက သတင်းထုတ်ပြန်ထားသည်။

ထိုအတောအတွင်း ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ဧပြီ ၂၆ရက် မှစ၍ ည ၇နာရီ မှ နံနက် ၆နာရီ အချိန်အတွင်း ညမထွက်ရ အမိန့်ကို AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။