Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ် မိုး/ဇလရုံးအနီး တိုက်ပွဲဖြစ်

လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ရေးဖော်ဆောင်မှု (၁၇)ကြိမ်ရှိခဲ့ပြီး ရန်သူစစ်ကောင်စီတပ်မှ (၂၆)ဦးသေဆုံးကာ ဗိုလ်ကြီးတစ်ဦးအပါအဝင်(၃၇)ဦး ထိခိုက်ဒဏ်ရာရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) LLPDF က အသိပေး ထုတ်ပြန်ထားသည်။

(LLPDF မှ တော်လှန်ရေးရဲဘော်များအား ရှေ့တန်းတစ်နေရာတွင်တွေ့ရစဥ်-File Photo)
(LLPDF မှ တော်လှန်ရေးရဲဘော်များအား ရှေ့တန်းတစ်နေရာတွင်တွေ့ရစဥ်-File Photo)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးရုံးအနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်မှယာဥ်နှစ်စီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ(LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၈)နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီလက်အောက်ခံ မိုး/ဇလရုံးအနီးကင်းလှည့်လာသော စစ်တပ်ယာဥ်နှစ်စီးကို LLPDF ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအပြီး LLPDF မှရဲဘော်များ ပြန် လည်ဆုတ်ခွာခဲ့ရာ စစ်ကောင်စီတပ်မှ ရှေ့ဆက်တိုးလာပြီး ကင်းပုန်းဝပ်နေသည့် တော်လှန်ရေးရဲဘော်များနှင့် ထိပ်တိုက်တိုးကာ ၂၅ မိနစ်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ တပ်ကူအဖြစ် ကားနှစ်စီးထပ်ရောက်လာပြီး RPG အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်သောကြောင့် ရဲဘော်များဆုတ်ခွာခဲ့ရသော်လည်း အထိအခိုက်မရှိခဲ့ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အတိအကျမသိရသေးဘဲ စုံစမ်းဆဲဖြစ်ကြောင်း LLPDF ထံမှ သိရသည်။

လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ရေးဖော်ဆောင်မှု (၁၇)ကြိမ်ရှိခဲ့ပြီး ရန်သူစစ်ကောင်စီတပ်မှ (၂၆)ဦးသေဆုံးကာ ဗိုလ်ကြီးတစ်ဦးအပါအဝင်(၃၇)ဦး ထိခိုက်ဒဏ်ရာရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) LLPDF က အသိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။