Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ငူခရိုင်တွင် ရဲသင်တန်းဆင်းပွဲပြုလုပ်ခဲ့ဟု KNUတပ်မဟာ(၂) အသိပေး

ရဲတပ်သားများစွမ်းရည်တိုးတက်ရန် သင်တန်းများစွာလိုအပ်သေးကြောင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့နိုင်ရန်လည်းလိုအပ်ကြောင်း ခရိုင်ရဲမှူးက ပြောကြားခဲ့သည်။

ဓာတ်ပုံ - KNU-Taw Oo DOI News
ဓာတ်ပုံ - KNU-Taw Oo DOI News

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင်တပ်မဟာ(၂)နယ်မြေအတွင်း၌ ရဲသင်တန်းဆင်းပွဲတရပ် ပြုလုပ်ခဲ့ကြောင်း KNU တပ်မဟာ(၂)က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ သင်တန်းဆင်းပွဲကို ဩဂုတ် ၁၅ရက်က KNU တောင်ငူခရိုင်၏ စီမံအုပ်ချုပ်နယ်မြေတနေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ ၄၅ရက် ကြာမြင့်ခဲ့သည်ဟု အသိပေးသည်။

“ ကျွန်တော်တို့ ကော်သူးလေ တောင်ငူခရိုင်ထဲမှာ ကော်သူးလေတရားဥပဒေပိုပြီးစိုးမိုးမှုရှိလာဖို့အတွက်သင်တန်းလုပ်ရခြင်းဖြစ်ပါတယ်။ ကရင်အမျိုးသားရဲတပ်ဖွဲ့က ကျွန်တော်တို့ ကော်သူးလေတောင်ငူခရိုင်ထဲမှာရှိတဲ့ ပြည်သူလူထုအားလုံးကို ဥပဒေအရ တန်းတူအကာအကွယ်ပေးခြင်းအခွင့်အရေး ရရှိဖို့ကူညီဆောင်ရွက်ပေးရမှာဖြစ်ပြီး တဖက်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဥပဒေဘောင်အတွင်းကနေ ကာကွယ်ကူညီဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်”ဟု တောင်ငူခရိုင် ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် စောဒဲဖိုး၏ ပြောကြားချက်ကိုလည်း ဖော်ပြခဲ့သည်။

အဆိုပါ ရဲသင်တန်းကာလအတွင်း အခြေခံစစ်သင်တန်း၊ ကေအဲန်ယူ၏ အခြေခံလမ်းစဉ်၊ မူလမ်းစဉ်နှင့်အတူ အမှုအခင်းစုံစမ်းစစ်ဆေးရေးပညာရပ်များကို သင်ကြားခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ သင်တန်းပေးခြင်းသည် သဘောတရားမျှသာ ဖြစ်ပြီး ရှေ့ဆက် တာဝန်သိ၊တာဝန်ယူ၊တာဝန်ခံသည့် ရဲတပ်သား ကောင်းများဖြစ်ရန်မှာ သင်တန်းဆင်းသည့် ရဲတပ်သားများမှ ကိုယ်တိုင် ကျင့်ကြံမှသာလျှင် ဖြစ်နိုင်မည်ဟု KNU တောင်ငူခရိုင်၏ ရဲမှူး ဒုဗိုလ်မှူးကြီးစောဂျိုးဇက်က ပြောကြားကြောင်း ဖော်ပြထားသည်။

ရဲတပ်သားများစွမ်းရည်တိုးတက်ရန် သင်တန်းများစွာလိုအပ်သေးကြောင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့နိုင်ရန်လည်းလိုအပ်ကြောင်း ခရိုင်ရဲမှူးက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။