Connect with us

Hi, what are you looking for?

သတင်း

တောင်ငူခရိုင်တွင် ရဲသင်တန်းဆင်းပွဲပြုလုပ်ခဲ့ဟု KNUတပ်မဟာ(၂) အသိပေး

ရဲတပ်သားများစွမ်းရည်တိုးတက်ရန် သင်တန်းများစွာလိုအပ်သေးကြောင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့နိုင်ရန်လည်းလိုအပ်ကြောင်း ခရိုင်ရဲမှူးက ပြောကြားခဲ့သည်။

ဓာတ်ပုံ - KNU-Taw Oo DOI News
ဓာတ်ပုံ - KNU-Taw Oo DOI News

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင်တပ်မဟာ(၂)နယ်မြေအတွင်း၌ ရဲသင်တန်းဆင်းပွဲတရပ် ပြုလုပ်ခဲ့ကြောင်း KNU တပ်မဟာ(၂)က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ သင်တန်းဆင်းပွဲကို ဩဂုတ် ၁၅ရက်က KNU တောင်ငူခရိုင်၏ စီမံအုပ်ချုပ်နယ်မြေတနေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ ၄၅ရက် ကြာမြင့်ခဲ့သည်ဟု အသိပေးသည်။

“ ကျွန်တော်တို့ ကော်သူးလေ တောင်ငူခရိုင်ထဲမှာ ကော်သူးလေတရားဥပဒေပိုပြီးစိုးမိုးမှုရှိလာဖို့အတွက်သင်တန်းလုပ်ရခြင်းဖြစ်ပါတယ်။ ကရင်အမျိုးသားရဲတပ်ဖွဲ့က ကျွန်တော်တို့ ကော်သူးလေတောင်ငူခရိုင်ထဲမှာရှိတဲ့ ပြည်သူလူထုအားလုံးကို ဥပဒေအရ တန်းတူအကာအကွယ်ပေးခြင်းအခွင့်အရေး ရရှိဖို့ကူညီဆောင်ရွက်ပေးရမှာဖြစ်ပြီး တဖက်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဥပဒေဘောင်အတွင်းကနေ ကာကွယ်ကူညီဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်”ဟု တောင်ငူခရိုင် ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် စောဒဲဖိုး၏ ပြောကြားချက်ကိုလည်း ဖော်ပြခဲ့သည်။

အဆိုပါ ရဲသင်တန်းကာလအတွင်း အခြေခံစစ်သင်တန်း၊ ကေအဲန်ယူ၏ အခြေခံလမ်းစဉ်၊ မူလမ်းစဉ်နှင့်အတူ အမှုအခင်းစုံစမ်းစစ်ဆေးရေးပညာရပ်များကို သင်ကြားခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ သင်တန်းပေးခြင်းသည် သဘောတရားမျှသာ ဖြစ်ပြီး ရှေ့ဆက် တာဝန်သိ၊တာဝန်ယူ၊တာဝန်ခံသည့် ရဲတပ်သား ကောင်းများဖြစ်ရန်မှာ သင်တန်းဆင်းသည့် ရဲတပ်သားများမှ ကိုယ်တိုင် ကျင့်ကြံမှသာလျှင် ဖြစ်နိုင်မည်ဟု KNU တောင်ငူခရိုင်၏ ရဲမှူး ဒုဗိုလ်မှူးကြီးစောဂျိုးဇက်က ပြောကြားကြောင်း ဖော်ပြထားသည်။

ရဲတပ်သားများစွမ်းရည်တိုးတက်ရန် သင်တန်းများစွာလိုအပ်သေးကြောင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့နိုင်ရန်လည်းလိုအပ်ကြောင်း ခရိုင်ရဲမှူးက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook