Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတပ်ဖွဲ့သုံးခုပေါင်းသည့် စစ်ဆင်ရေး ၁လကျော်အတွင်း စစ်ကောင်စီတပ် ၁၅ဦးသေ

စစ်ဆင်ရေးကာလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့၌ စစ်ကောင်စီတပ်သား ၁၆၀ခန့် နေရာယူကာကွယ်ထားသည့် ခလရ(၂၆၉) ပင်မစခန်းကို ဩဂုတ် ၁၄ရက်နံနက်တွင် စတင်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ခွဲစခန်းတစ်ခုကို သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

(ဟားခါး - ထန်တလန်အကြား သီတာနားနေစခန်းအနီးတွင် ဇူလိုင် ၇ရက်နှင့် ၈ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Chin Journal)
(ဟားခါး - ထန်တလန်အကြား သီတာနားနေစခန်းအနီးတွင် ဇူလိုင် ၇ရက်နှင့် ၈ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Chin Journal)

▪️လက်နက်အချို့ရ၊ ချင်းပူးပေါင်းတပ်မှ ရဲဘော် လေးဦးကျဆုံး

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ထန်တလန်၊ CDF-ဇိုဖေတပ်များပူးပေါင်းပြီး စစ်ကောင်စီတပ်ကို စစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာ ၁လကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးသေဆုံးခဲ့ကြောင်း CDF ထန်တလန်က သတင်းထုတ်ပြန်သည်။

Tilim Operation 2 အမည်ဖြင့် စစ်ဆင်ရေးတစ်ရပ်ကို ဇူလိုင် ၁၁ရက် ညပိုင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ ခြေကုပ်နေရာယူစခန်းချထားသည့် နေရာများသို့ တိုက်ပွဲဖော်ဆောင်ခဲ့သည်ဟု အသိပေးသည်။

စစ်ဆင်ရေးကာလ ရက်ပေါင်း ၃၇ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်က ၁၅ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့သည့်အပြင် နှစ်ဦးကို အရှင်ဖမ်းနိုင်ခဲ့သည်ဟုဆိုသည်။

ဇူလိုင် ၁၂ရက်တွင် ခလရ(၂၆၉)မှတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ဘက်တော်သားအဖြစ် ပူးပေါင်း အလင်းဝင်လာသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ထံမှ လက်နက် ၃လက်၊ RPG ၂လက် ၊ ကျည်ဆံနှင့် ဗုံးများ သိမ်းနိုင်ခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်း ထန်တလန် CDFတပ်ဖွဲ့ဝင် တစ်ဦး၊ CDF-ဇိုဖေတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ဆင်ရေးကာလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့၌ စစ်ကောင်စီတပ်သား ၁၆၀ခန့် နေရာယူကာကွယ်ထားသည့် ခလရ(၂၆၉) ပင်မစခန်းကို ဩဂုတ် ၁၄ရက်နံနက်တွင် စတင်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ခွဲစခန်းတစ်ခုကို သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲသည် နံနက် ၁၀နာရီအထိကြာမြင့်ခဲ့ပြီး ယင်းတိုက်ပွဲဖြစ်ပွားချိန်အတွင်း၌ပင် စစ်ကောင်စီတပ်သားများနေရာယူထားသည့် ဟာခါး – ထန်တလန်မြို့အကြား အော်တို တောင်ကြော၊ TBC၊ TABC စသည့်နေရာများ၌ တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က အင်အားထပ်မံတိုးမြှင့်လာသည့်အတွက် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း အသိပေးထားပြီး အများပြည်သူများ အနေဖြင့် အသွားအလာ အနေအထိုင် ဆင်ခြင်သတိပြုပေးရန် အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း အရပ်သားပြည်သူများနေထိုင်ရာသို့ လေကြောင်း တိုက်ခိုက်ခဲ့၍ ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးမှု ရှိခဲ့ကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။