Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးကြောင့် မင်းတပ် – ကျောက်ထုလမ်းကို ယနေ့မှစ၍ သွားလာခြင်းမပြုရန် CDF တားမြစ်

ယမန်နေ့ ညပိုင်းက မင်းတပ်မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားသကဲ့သို့ ယနေ့နံနက်တွင်လည်း ဆောမြို့နယ် ကျောက်ထုမြို့ဘက်မှ စစ်ကောင်စီတပ် စစ်ကြောင်း လှုပ်ရှားမှု ရှိနေသည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

(ချင်းဒေသကာကွယ်ရေးတပ်(CDF)မင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF မင်းတပ်)
(ချင်းဒေသကာကွယ်ရေးတပ်(CDF)မင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF မင်းတပ်)

စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုရှိနေ၍ ခရီးသွားပြည်သူများအနေဖြင့် မင်းတပ် – ကျောက်ထုလမ်းပိုင်းကို ယနေ့(ဩဂုတ် ၂၂ရက်)မှစတင်၍ သွားလာခြင်းမပြုသေးရန် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်က တားမြစ်ထားကြောင်း ဒေသခံသတင်းရင်းမြစ်က အသိပေးသည်။

ယမန်နေ့ ညပိုင်းက မင်းတပ်မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားသကဲ့သို့ ယနေ့နံနက်တွင်လည်း ဆောမြို့နယ် ကျောက်ထုမြို့ဘက်မှ စစ်ကောင်စီတပ် စစ်ကြောင်း လှုပ်ရှားမှု ရှိနေသည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ညနေပိုင်းမှ ညပိုင်းအထိ မင်းတပ်မြို့ပေါ်၌ ဖြစ်ပွားနေသည့် ပစ်ခတ်မှု များအခြေအနေနှင့်ပတ်သက်၍ ဒေသခံအားမေးမြန်းရာ “ဖုန်းလိုင်းပျက်နေတယ်။ အခုထိ မင်းတပ်မြို့ပေါ် အဆက်အသွယ်မရဘူး”ဟု ပြောသည်။

ယနေ့နံနက် ကျောက်ထုတပ်မှ ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ဆောမြို့နယ် ရင့်ရဲရွာအနီး အချို့ရောက်ရှိလာပြီး အချို့မှာ လယ်ကွင်းအတိုင်း ဆင်းပြီး ချောင်းကူးကာ ယောမြို့ရွာ ဘက်ဦးတည်နေသည်ဟု ဒေသခံက အသိပေးသည်။

Public Service Announcement

Public Service Announcement

မင်းတပ် – ကျောက်ထု လမ်းပိုင်းကိုလည်း စစ်ကြောင်းအခြေအနေပေါ်မူတည်ပြီးလမ်းပြန်ဖွင့်ပေးမည်ဟု ဆိုသည်။

ယောဒေသ စစ်ရေးအခြေအနေများ ဖော်ပြနေသည့် ယောအလင်းတန်းကလည်း စစ်ကောင်စီတပ်များသည် ချောင်းကူးရွာအနီးရှိ ချောင်းပြည်၌ ၁၅ဦးခန့်၊ မြို့ပေါက်နှင့် ရင့်ရဲရွာကြားတွင် ၃၀ခန့် နှင့် မြို့ပေါက်ရွာထဲတွင် ၂၀ဦးခန့် ရှိသည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်များ၌ ခြင်းကျားများမပါ၍ စစ်ကောင်စီတပ် အနီးရှိ ရွာများမှ ပြည်သူများ သတိထား နေထိုင်ကြရန်လည်း ယောအလင်းတန်းက ယနေ့နံနက်တွင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။