Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးကြောင့် မင်းတပ် – ကျောက်ထုလမ်းကို ယနေ့မှစ၍ သွားလာခြင်းမပြုရန် CDF တားမြစ်

ယမန်နေ့ ညပိုင်းက မင်းတပ်မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားသကဲ့သို့ ယနေ့နံနက်တွင်လည်း ဆောမြို့နယ် ကျောက်ထုမြို့ဘက်မှ စစ်ကောင်စီတပ် စစ်ကြောင်း လှုပ်ရှားမှု ရှိနေသည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

(ချင်းဒေသကာကွယ်ရေးတပ်(CDF)မင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF မင်းတပ်)
(ချင်းဒေသကာကွယ်ရေးတပ်(CDF)မင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF မင်းတပ်)

စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုရှိနေ၍ ခရီးသွားပြည်သူများအနေဖြင့် မင်းတပ် – ကျောက်ထုလမ်းပိုင်းကို ယနေ့(ဩဂုတ် ၂၂ရက်)မှစတင်၍ သွားလာခြင်းမပြုသေးရန် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်က တားမြစ်ထားကြောင်း ဒေသခံသတင်းရင်းမြစ်က အသိပေးသည်။

ယမန်နေ့ ညပိုင်းက မင်းတပ်မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားသကဲ့သို့ ယနေ့နံနက်တွင်လည်း ဆောမြို့နယ် ကျောက်ထုမြို့ဘက်မှ စစ်ကောင်စီတပ် စစ်ကြောင်း လှုပ်ရှားမှု ရှိနေသည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ညနေပိုင်းမှ ညပိုင်းအထိ မင်းတပ်မြို့ပေါ်၌ ဖြစ်ပွားနေသည့် ပစ်ခတ်မှု များအခြေအနေနှင့်ပတ်သက်၍ ဒေသခံအားမေးမြန်းရာ “ဖုန်းလိုင်းပျက်နေတယ်။ အခုထိ မင်းတပ်မြို့ပေါ် အဆက်အသွယ်မရဘူး”ဟု ပြောသည်။

ယနေ့နံနက် ကျောက်ထုတပ်မှ ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ဆောမြို့နယ် ရင့်ရဲရွာအနီး အချို့ရောက်ရှိလာပြီး အချို့မှာ လယ်ကွင်းအတိုင်း ဆင်းပြီး ချောင်းကူးကာ ယောမြို့ရွာ ဘက်ဦးတည်နေသည်ဟု ဒေသခံက အသိပေးသည်။

Public Service Announcement

Public Service Announcement

မင်းတပ် – ကျောက်ထု လမ်းပိုင်းကိုလည်း စစ်ကြောင်းအခြေအနေပေါ်မူတည်ပြီးလမ်းပြန်ဖွင့်ပေးမည်ဟု ဆိုသည်။

ယောဒေသ စစ်ရေးအခြေအနေများ ဖော်ပြနေသည့် ယောအလင်းတန်းကလည်း စစ်ကောင်စီတပ်များသည် ချောင်းကူးရွာအနီးရှိ ချောင်းပြည်၌ ၁၅ဦးခန့်၊ မြို့ပေါက်နှင့် ရင့်ရဲရွာကြားတွင် ၃၀ခန့် နှင့် မြို့ပေါက်ရွာထဲတွင် ၂၀ဦးခန့် ရှိသည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်များ၌ ခြင်းကျားများမပါ၍ စစ်ကောင်စီတပ် အနီးရှိ ရွာများမှ ပြည်သူများ သတိထား နေထိုင်ကြရန်လည်း ယောအလင်းတန်းက ယနေ့နံနက်တွင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။