Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမြို့ လဝကရုံးလုံခြုံရေးဘန်ကာ ဗုံးပစ်တိုက်ခိုက်၊ ရဲနှစ်ဦးဒဏ်ရာရ

သြဂုတ် ၁၉ ရက် နေ့လယ် ၁ နာရီကျော်ကဆိပ်ဖြူမြို့၊ ပတ္တမြားစျေးအနီး၊ အနောက်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်း လမ်းဆုံရှိ လ၀ကရုံးရှေ့ သဲအိတ်ဘန်ကာအတွင်းသို့ လက်ပစ်ဗုံးနှစ်လုံးပစ်သွင်း၍ ဖောင်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆိပ်ဖြူမြို့ လဝကရုံး
ဆိပ်ဖြူမြို့ လဝကရုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့ရှိ စစ်ကောင်စီ​၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံး လုံခြုံရေးဘန်ကာအတွင်းသို့ လက်ပစ်ဗုံးနှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(BHSRF)မှ တာဝန်ရှိသူတစ်ဦးက ပြော =သည်။

သြဂုတ် ၁၉ ရက် နေ့လယ် ၁ နာရီကျော်ကဆိပ်ဖြူမြို့၊ ပတ္တမြားစျေးအနီး၊ အနောက်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်း လမ်းဆုံရှိ လ၀ကရုံးရှေ့ သဲအိတ်ဘန်ကာအတွင်းသို့ လက်ပစ်ဗုံးနှစ်လုံးပစ်သွင်း၍ ဖောင်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရဲနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ပဲ သိရပါတယ်။ နောက်ဆက်တွဲ အနေနဲ့ကတော့ မြို့ပေါ်မှာ လုံခြုံရေးအရမ်းတင်းကြပ်ထားတယ်ဗျ”ဟု သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(BHSRF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ လဝကရုံးဘန်ကားအား ဖောက်ခွဲတိုက်ခိုက်ချိန်တွင် ဘန်ကာအတွင်း ရဲလေးဦးရှိနေပြီး ပစ်သွင်းခဲ့သော ဗုံးနှစ်လုံးအနက် ပထမအလုံးသည် ဂိမ်းဆော့နေသော ရဲအနီးကျရောက်၍ ဒုတိယအလုံးမှာ ဘန်ကာသဲအိတ်အနီးရှိ ရဲတစ်ဦးအနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ လဝကရုံးတိုက်ခိုက်မှုတွင် စစ်ကောင်စီရဲများက ပြန်လည်ပစ်ခက်မှုရှိသော်လည်း ရဲဘော်များ အထိအခိုက်မှမရှိဘဲ ဘေးကင်းရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(BHSRF)က အသိပေးသည်။

ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည် သူလူထုအား ပုံစံမျိုးစုံဖြင့်ဖိနှိပ်လျှက်ရှိရာ တွင် သြဂုတ် ၉ ရက်က ပုသိမ်-မုံရွာလမ်းနှင့် ဆော-ဆိပ်ဖြူလမ်းပိုင်းများသို့ ဆက်သွယ်ထားသော ကျေးလက်လမ်းများမှ ကျစ်ပြင်-ကုန်းရွာလမ်းနှင့် ငါးချဥ်ချောင်းကုန်းရွာလမ်းတို့ကို စစ်ကောင်စီတပ်က ဘက်ဟိုးများဖြင့်တူး၍ လမ်းပိုင်းများအားဖြတ်တောက် ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကို ပါရာမော်တာသုံးစီးရောက်ရှိပြီးနောက် နီးစပ်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်နေတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဖမ်းဆီးကာ ငွေသိန်းဆယ်ဂဏန်းဖြင့် ပြန်ရွေးခိုင်းသည့်ဖြစ်စဥ်များရှိနေကြောင်း ဒေသသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)ကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)တာဝန်ခံ Ko Paingက လူထုနွေဦးသို့ ပြောသည်။

သတင်း

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသော စစ်ကောင်စီတပ်သားသုံးဦးအား ဆိပ်ဖြူဆေးရုံသို့ ပို့ဆောင်၍ဆေးကုသထားရာ ယမန်နေ့ (နိုဝင်ဘာ ၂၂ ရက်)နေ့လယ်ပိုင်းတွင် နှစ်ဦးထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရသည်။