Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် ​စစ်တပ်စစ်ကြောင်းထိုးနေ၍ ဒေသခံတစ်သောင်းခန့် မိုးထဲရေထဲ ထွက်ပြေးနေရ

ယနေ့ (သြဂုတ်၂၃ရက်) နံနက်ပိုင်းက ရေဦးမြို့မှ ခင်ဦးမြို့နယ်အနောက်တောင်ပိုင်း ရောက်ရှိလာသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းထိုးလာခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️စစ်ရှောင်အဘိုးအိုတစ်ဦး အမောဖောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ​စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ဒေသခံတစ်သောင်းခန့် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်အဘိုးအိုတစ်ဦး အမောဖောက်သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ်၂၃ရက်) နံနက်ပိုင်းက ရေဦးမြို့မှ ခင်ဦးမြို့နယ်အနောက်တောင်ပိုင်း ရောက်ရှိလာသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းထိုးလာခဲ့သည်။

အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာ ၁၁ရွာမှ ဒေသခံ တစ်သောင်းခန့် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့အပြင် မရမ်းအင်းကျေးရွာမှ အသက်(၅၇)နှစ်အရွယ် ဦးတင့်သည် လက်နက်ကြီးငယ် ပစ်ခတ်သံများကြောင့် အမောဖောက် နှလုံးရပ်ကာ သေဆုံးသွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

“ရေဦးက ထွက်လာတဲ့စစ်ကြောင်းက အောင်လံအခြေစိုက် ခလရ(၇၁)ပါ။ ညနေပိုင်းမှာ သဲကုန်းကြီးနဲ့ အင်းပေါက်ရွာမှာတပ်စွဲထားတယ်။”ဟု ဒေသတွင်း ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းကြောင့် ယနေ့ညပိုင်းအထိ နေရပ်မပြန်ကြရသေးဘဲ မိုးရွာနေသည့်ကြားက တိမ်းရှောင်နေကြရကြောင်း၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ၊ကိုယ်ဝန်ဆောင်သွေးနုသားနု မိခင်များလည်း ပါဝင်နေ၍ အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

လက်ရှိစစ်ရှောင်များ၏ အခက်အခဲများအတွက် ကူညီလှူဒါန်းလိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး စာမျက်နှာသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ ဧပြီ၁၉ ရက်က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်းရှစ်သိန်းကျော် ရှိပြီဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။